မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ကတော့ အင်တာ မီလန် ကို အငှား ပြောင်းရွှေ့မှု ပြုလုပ် ဖို့ အတွက် မီလန် မြို့ ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ် ။ မကြာခင် မှာ ဆန်းချက် ရဲ့ အပြောင်း အရွှေ့ သတင်း ကို ထုတ်ပြန် ကြေညာ သွားဖို့ ရှိနေတယ် လို့ ကြားသိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း တိုက်စစ်မှုး မက်ဆီ ဟာ ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့ ပြန်ပြီး အိုဆာဆူနာ နဲ့ ပွဲ ကိုလည်း ဆက်လက် လွဲချော်တော့ မယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ စပိန် ရေဒီယို သတင်း ဌာန တစ်ခု ကတော့ မက်ဆီ ဟာ ၁ လ လောက် နားရ နိုင်တယ် လို့ ဖော်ပြ ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် တောင်ပံ ကစား သမား အန်တိုနီ မာရှယ် ဟာ ပဲလေ့စ် နဲ့ ပွဲ မှာ ရရှိ ခဲ့တဲ့ ဒဏ်ရာ ကြောင့် ဆောက်သမ်တန် နဲ့ ပွဲ ကို လွဲချော် ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။ ယူနိုက်တက် နောက်ခံလူ ဒါမီယန် နဲ့ ရိုဟို တို့ ကတော့ အပြောင်း အရွှေ့ ပိတ်ခါနီး အထိ သတင်းထူး မကြားရ သေးဘဲ အသင်းမှာ ဆက်ရှိ နေဖွယ် ရှိတယ် လို့ ကြားသိရ ပါတယ် ။

ဘုန်းမောက် အသင်း ဂိုး သမား ဘီဂိုဗစ် ကတော့ သူ ဟာ လက်ကျန် အပြောင်း အရွှေ့ ရက် အတွင်း မှာ ဘုန်းမောက် က နေ ထွက်ခွာ ဖို့ လုပ်ဆောင် နေပြီ လို့ ဆိုသွားခဲ့ ကာ သူ့ရဲ့ မကျေနပ်မှု တွေ ဟာ ထိန်းသိမ်း လို့ မရနိုင်တော့ တဲ့ အထိ ဖြစ်နေ ခဲ့ပြီ လို့ လည်း ဆိုသွား ခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း အကြီးအကဲ မာရိုတာ ကတော့ တိုက်စစ်မှုး အီကာဒီ ဟာ အသင်းရဲ့ ဓါတ်ပုံ မှာ ပါဝင် မှာ မဟုတ်ဘူး လို့ ဆိုသွားခဲ့ သလို အီကာဒီ ရဲ့ နေရာကို အလက်ဆစ် ဆန်းချက် နဲ့ အစားထိုး မှာ ဖြစ်တယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ဘက်မှာတော့ သတင်းဆိုး ရော သတင်း ကောင်းရော ရှိနေခဲ့ ပါတယ် ။ ဒဏ်ရာ ကြောင့် နားနေတဲ့ အီဒင် ဟာဇက် ဟာ လေ့ကျင့်ရေး ခန်းမ မှာ ပြန်လည် လေ့ကျင့် နိုင်ပြီ ဖြစ်ကာ လာမယ့် အပတ် ပွဲစဉ် မှာ မိနစ် အနည်းငယ် ပါဝင် နိုင်ဖွယ် ရှိနေ ပါတယ် ။ ဒါပေမယ့် ကွင်းလယ်လူ အစ္စကို ကတော့ ဒဏ်ရာ ရရှိ သွားခဲ့ တာ ကြောင့် ယခု အပတ် ပွဲ ကို လွဲချော် တော့ မယ် လို့ သိရ ပါတယ် ။

PSG အသင်း ဟာ ကာဗာနီ ဒဏ်ရာ ရရှိ ခဲ့မှု ကြောင့် ယူဗင်တပ် တိုက်စစ်မှုး မာရီယို မန်ဇူကစ် ကို ခေါ်ယူ ဖို့ စိတ်ဝင် စား လာခဲ့ကာ ဆွေးနွေးမှု တွေ ပင် ပြုလုပ် နေပြီလို့ သိရ ပါတယ် ။

ဘာစီလိုနာ တောင်ပံ ကစား သမား ဒမ်ဘီလီ ရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစား သမား ဟာ နူးကမ့် ကို စွန့်ခွာ မှာ မဟုတ်ဘဲ အသင်းမှာ ဆက်ရှိ နေဖို့ ၁၀၀% သေချာ ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဝက်ဖိုဒ့် နည်းပြ ဂျာဗီ ဂါစီယာ ကတော့ တိုက်စစ်မှုး ဒန်နီ ၀ဲဘတ် ဟာ အသင်းနဲ့ ပါဝင် ကစားဖို့နိင်ဖို့ အတွက် လိုအပ် မှု တွေ ရှိနေ သေးတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် နည်းပြ အမ်မရီ ကတော့ နောက်ခံလူ နာချို မွန်ရီရယ် ရဲ့ အပြောင်း အရွှေ့ ကို လန်ဒန် ဒါဘီ မတိုင်ခင် အပြီးသတ် ဆုံးဖြတ်သွား မယ် လို့ သိရှိ ရ ပါတယ် ။

အတ္တလန်တာ အသင်း ကတော့ ဆီဗီးလား နောက်ခံလူ အေရာနာ ကို ရာသီကုန် အထိ အငှား + အပြီးသတ် ၀ယ်ယူခွင့် နဲ့ ခေါ်ယူ လိုက်နိုင်ပြီ ဖြစ်ပါတယ် ။ ဆီဗီးလား အသင်း ကတော့ အပြောင်း အရွှေ့ မပိတ် ခင် မှာ ရီးရဲ လူငယ် တိုက်စစ်မှုး မာရီယာနို ဒီယာ့ဇ် ကို ခေါ်ယူ နိုင်ဖို့ လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

ဖလာမင်ဂို အသင်းကတော့ အင်တာမီလန် ကနေ အငှား ခေါ်ထားတဲ့ တိုက်စစ်မှုး ဂါဘရီရယ် ဘာဘိုဆာ ကို ယူရို ၁၈ သန်း ၀န်းကျင် နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ ဘရာဇီး သတင်းတွေ က ဆိုလာခဲ့ ပါတယ် ။

ဖီအိုရင်တီးနား ဟာလည်း အင်တာမီလန် နောက်ခံလူ ဒဲလ်ဘတ် ကို ရာသီကုန် အထိ အငှား ခေါ်ယူလိုက် ပြီ ဖြစ်ပါတယ် ။

ယူဂိုဆလားဗီးယား ကလပ် ရက်စတား ဘဲဂရိတ် အသင်း ကတော့ ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံ လိဂ် Play-off ဒုတိယ အကျော့ မှာ ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် ကို ၁ ဂိုးစီ သရေ ကစားနိုင် ခဲ့ပြီး ( နှစ်ကျော့ ပေါင်း ရလဒ် ၃ – ၃ အဝေးဂိုး ဖြင့် ရက်စတား ချန်ပီယံ လိဂ် ၀င်ခွင့်ရ ) နောက်မှာတော့ အောင်ပွဲ ခံတဲ့ အနေနဲ့ ယူဂိုဆလားဗီးယား ပြည်တွင်းစစ်တုန်းက အသုံးပြု ခဲ့တဲ့ တင့်ကားကို မြို့ထဲ ပတ်မောင်းပြီး အောင်ပွဲ ခံခဲ့ ကြတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR