မန် ချက် စတာ ယူနိုက် တတ် အသင်း ရဲ့ နောက် ခံ လူ ဟောင်း ရီယို ဖာဒီနန် က တော့ မော် ရင် ဟို နဲ့ ပေါ့ဘာ တို့ ဖြစ် ပေါ် နေတဲ့ မသင့် မြတ် မှု တွေ နဲ့ ပတ် သက် ပြီး သူ့ ရဲ့ အမြင် ကို ပြောဆို သွားခဲ့ ပါတယ် ။ ဖာဒီနန် က တော့ မော် ရင် ဟို ရဲ့ ကစား ပုံ ကို ဝေဖန် ခဲ့ တဲ့ ပေါ့ဘာ ရဲ့ လုပ် ရပ် မှန် ကန် ကြောင်း ပြောဆို ခဲ့ သလို ယမန် နေ့ ညက ရှုံး ပွဲ အပြီး မှာ ယူနိုက်တတ် ဘုတ် အဖွဲ့ အနေနဲ့ တစ် ခုခု ကို ဆုံးဖြတ် ပြီး ဖြစ်သင့် တယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ၀ုဗ် အသင်း ကို သ ရေ ကျ ခဲ့ တဲ့ ပွဲ အပြီး မှာ မော် ရင် ဟို ရဲ့ ခံ စစ် ကစား ပုံ ကို ဝေဖန် ခဲ့ ပြီး ယူနိုက်တတ် လို အသင်း ကြီး မျိုး ဟာ တိုက် စစ် တိုက် စစ် တိုက် စစ် ဆိုတဲ့ အသင်း မျိုး သာ ဖြစ် သင့် ကြောင်းပြော ဆို သွားခဲ့ တာ ဖြစ် ပါတယ် ။

ဒီလို ပြောဆို ခဲ့ မှု အပြီး မှာ ပေါ့ဘာ ကို ပေး ထား တဲ့ ဒုတိယ အသင်း ခေါင်း ဆောင် လက် ပတ် ကို မော် ရင် ဟို က ပြန် လည် ရုပ် သိမ်း လိုက် ပြီး သူတို့ ၂ ဦး အကြားက ဆက် ဆံ ရေး ဟာ ပိုမို အေးစက် လာခဲ့ ပါတယ် ။

ဖာဒီနန် က တော့ ပေါ့ဘာ ဟာ အခြား ယူနိုက်တတ် ကစား သမား တွေ မပြော ရတဲ့ စကား တွေ ကို ရှေ့ ထွက် ပြီး ပြောဆို ခဲ့ တာ ဖြစ် ကာ ဒီ ကိစ္စ မှာ ပေါ့ဘာ ကို ထောက် ခံ တဲ့ ကစား သမား တွေ အများ အပြား ရှိ ကြတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အခု ယူနိုက်တတ် မှာ အပြစ်တင် ကြေး ကစား နေကြ သလို ပါပဲ ။ ဒါ ကို သတိ ထား မိတာ ရက် သတ္တပတ် မနည်းတော့ ပါဘူး ။ ပေါ့ဘာ ရဲ့ ကိစ္စ မှာ တော့ သူ မှန် တယ် လို့ ထင် ပါတယ် ။ အသင်း ရဲ့ နည်း စနစ် ကို ကစား သမား တစ်ယောက် က ပြောပိုင် ခွင့် မရှိ တော့ ဘူးလား”

“ယူနိုက်တက် ရဲ့ တောက်ပ တဲ့ ကာလ က ကစား ပုံ တွေ ကို သူ ပြန် ကြည့် ဖြစ် ချင် ကြည့် ဖြစ် မှာပါ ။ ဒါကြောင့် ဒီလို စကား မျိုး ပြော ထွက် လာ တာ နေ မှာ ပေါ့ ။ ဒါပေမယ့် သေချာ တာ တစ် ခု က တော့ ပေါ့ဘာ တစ် ယောက် တည်း ဒါမျိုး ပြောချင် နေတာ မဟုတ် ဘူး ဆိုတာ ပါပဲ ။ အခြား ယူနိုက်တတ် ကစား သမား တွေ ပြောချင် ပြီး မပြော ရဲ တဲ့ ကိစ္စ တစ်ခု ကို ပေါ့ ဘာ က ဦးဆောင် ပေး လိုက် တာပါ”

“ဒီလို ကိစ္စ မျိုး ကို နည်းပြ က ကောင်း ကောင်း ကိုင် တွယ် ဖြေ ရှင်း သင့် ပါတယ် ။ ဒါ ပေမယ့် အခု ဖြစ် ပျက် နေ တာ တွေ က တခြား စီ ပါပဲ ။ နည်းပြ ကောင်း တစ် ယောက် ဟာ အသင်း သား တစ် ယောက် ကို အသင်း နဲ့ တစ် သားတည်း ဖြစ် နေ တယ် လို့ ခံစား မိ အောင် လုပ် ပေး ရမှာပါ ။ သူတို့ စိတ် ဓါတ် တွေ ကို ချ ပစ် ရမှာ မဟုတ် ပါဘူး” လို့ ဖာ ဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တတ် ဟာ ယမန်နေ့ ညက ပွဲ မှာ လည်း ၀က်စ်ဟမ်း အသင်း ကို ၃ – ၁ ဖြင့် ရှုံး နိမ့် ခဲ့ပြီး မော် ရင်ဟို အထုတ် ခံ ရဖို့ သတင်း တွေ ပိုမို ကျယ်လောင် လာခဲ့ ပါတယ် ။ ဖာဒီနန် က တော့ အသင်း ရဲ့ အထက် ပိုင်း က လူတွေ အနေနဲ့ တစ်စုံ တစ်ခု ကို သေသေချာ ချာ ဆုံးဖြတ် သင့် ပြီ လို့ လည်း တိုက် တွန်း ပြောဆို သွားခဲ့ ပါတယ် ။

“အသင်း ဘုတ် အဖွဲ့ က ဆုံးဖြတ် ချက် တစ် ခုခု ကို သေ သေချာ ချာ ချမှတ် ဖို့ လုပ် သင့် နေ ပါပီ ။ သူတို့ အခု စ နေ လောက် ပြီ လို့ ကျွန်တော် ထင် ပါတယ် ။ အသင်း လုပ် နေတဲ့ ကိစ္စ တွေ ကို နားမလည် နိုင် တော့ ပါဘူး ။ အရေး ကြီးတဲ့ ဆုံးဖြတ် ချက် တွေ ကို ချ မှတ် ဖို့ အချိန် ရောက် နေ ပါပီ” လို့ ဖာဒီနန် က ပြောဆို သွား ခဲ့ ပါတယ် ။