ဘဏ္ဍာရေး အခြေအနေဆိုးတွေကြောင့် အသင်းကို ဖျက်သိမ်းရမယ့် အရေးကြုံခဲ့ရပြီး အင်္ဂလန် ဘောလုံးလောက ကနေပျောက်ကွယ်ရဖို့ရှိနေခဲ့တဲ့ ဘော်လ်တန် အသင်းဟာ အခုချိန်မှာတော့ ပိုင်ရှင်သစ်လက်ထဲကို ရောက်သွားခဲ့ပြီ ဖြစ်တယ် လို့ အသင်းဘက်က တရားဝင် အတည်ပြုသွားခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ကျော်ကာ လတွေအတွင်း မှာ ပရီးမီးယား လိဂ်ရဲ့ ထိပ်သီးအသင်းတွေ ကို ဒုက္ခပေးထားခဲ့ ဖူးတဲ့ အထိ မြင့် ပျံသန်း နိုင်ခဲ့တဲ့ ဘောလ်တန် အသင်းဟာ အခုချိန်မှာ တော့ အင်္ဂလန် ဘောလုံး လောကရဲ့ တတိယအဆင့်အမြင့်ဆုံးပြိုင်ပွဲအထိတောင် ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာ သူတို့ ငွေကြေးပိုင်ဆိုင်ရာ အကျပ်အတည်းတွေကို ဆိုးဆိုးရွားရွားကြုံတွေ့နေခဲ့ရပြီး စီနီယာ ကစားသမား အချို့ကတောင် ပါဝင်ကစားပေးခြင်း မရှိတော့ လို့ ရာသီသစ် လိဂ်ဝမ်း ပြိုင်ပွဲရဲ့ အဖွင့်ပွဲ လေးပွဲကို လူငယ် အသင်းသားအချို့ နဲ့ ပေါင်းစပ်ပြီးကစားထားခဲ့ရတာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း အောက်ဆုံးကိုရောက်နေခဲ့လို့ ၅ပွဲကစား လေးပွဲအထိအရေးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိနေပါတယ်။ပိုဆိုးတာကတော့ အသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်း မရှိတာကြောင့် ရမှတ် ၁၂ မှတ်အထိ အနုတ်ခံထားရလို့ လတ်တလောမှာ အနုတ် ၁၁ မှတ်အထိ ရရှိနေတာဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးလိဂ် အဖွဲ့ချုပ် EFLက သူတို့ကိုအခုကိစ္စတွေကိုဖြေရှင်းဖို့ အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၅နာရီ အထိသာအချိန်ပေးထားခဲ့တာဖြစ်ပေမယ့် ပြိုင်ပွဲကနေ ဖယ်ရှားမယ့် ပြစ်ဒဏ်ကို ဆိုင်းငံ့ထားပြီး နောက်ထပ် ၁၄ အထိ အချိန်ပေးထားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ဘော်လ်တန် အသင်းကို လွှဲပြောင်း တာဝန်သွားမယ့် ပိုင်ရှင်သစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီး အဆိုပါပိုင်ရှင်သစ်ကတော့ whites Hotel လုပ်ငန်းစု ( Football Ventures Limited) ဖြစ်တယ်လို့ ဘော်လ်တန် အသင်းဘက်က အတည်ပြုပါတယ်။

ပိုင်ရှင်အပြောင်းအလဲ နဲ့ပတ်သက်ပြီး ဘော်လ်အသင်းက – ” ခက်ခဲရှုပ်ထွေးတဲ့ အဆင့် တွေကို အချိန်ယူဖြေရှင်းပြီး သဘောတူညီမှုရဖို့ တခုတည်းအတွက် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာအသင်းရဲ့ ဝန်ထမ်းတွေ ပရိသတိတွေ နဲ့ တသားတည်းရှိလို့ အခုလို သဘောတူညီမှု ရရှိဖို့ မမောမပန်း ကြိုးစားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုဆိုရင် ဒီလို ခမ်းနားတဲ့ ဘောလုံးအသင်းတသင်းရဲ့ နေရာမှန်ကိုပြန်ရောက်အောင် စပြီးလုပ်နိုင်တော့မှာဖြစ်လို့ လည်း စိတ်လှုပ်ရှားနေပါတယ်။အသင်းရဲ့ ဝန်ထမ်းတွေကစားသမားတွေနဲ့ သစ္စာရှိတဲ့ ပရိသတ်တွေအတွက်လုံခြုံတဲ့ အနာဂတ်လည်း ဖြစ်စေတော့မှာဖြစ်ပါတယ်။

PFA နဲ့ EFL အဖွဲ့တွေကို လည်းအကူအညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။ဘော်လ်တန် တက္ကသိုလ် ဘော်လ်တန် ကောင်စီနဲ့ ဘောလ်တန် ပရိသတ်များအဖွဲ့ကို လည်းကျေးဇူးတင်ပါတယ်။အသင်းကနေ ထွက်သွားတဲ့ ဖီးလ်ပါကင်ဆန် နဲ့ စတိဗ်ပါကင် တို့ရဲ့ဆုံးဖြတ်ချကတွေကို လည်း ကျွန်တော်တို့နားလည်ပါတယ်။အကောင်းဆုံးတွေဖြစ်ဖို့ ကိုပဲ ဆုတောင်းပေးပါတယ်။

အခုချိန်မှာ ကျွန်တော်တို့ အနေနဲ့နည်းပြသစ် ခန့်အပ်ပြီးအသင်းကို တောင့်တင်းအောင်ပြန်လုပ်ရပါတော့မယ်။အသင်းကို ရှေ့ဆက်နိုင်အောင် လုပ်ဆောင်ပေးနိုင်မယ့် သင့်တော်တဲ့ ကစားသမားတွေနဲ့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရဲ့ အိမ်နီးနားချင်း အသင်းတသင်းဖြစ်တဲ့ ဘာရီ အသင်းရဲ့သတင်းအတွက် တော့ စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေ ဟာသူတို့ အသင်းအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအတွက်ပါပဲ ” လို့( Football Ventures Limited)ကိုယ်စားရေးသားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘောလ်တန် အသင်းဟာ လာမယ့်ပွဲမှာတော့ ဂယ်လင်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။