UCL

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ကနေ ကြီးမှုး ကျင်းပမယ့် ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲ ပွဲ ကို ယနေ့ မြန်မာ စံတော်ချိန် ည ၁၀း၃၀ နာရီ မှာ ကျင်းပ တော့ မှာပဲ ဖြစ်ပါတယ် ။ မဲခွဲ ပွဲ နဲ့ အတူ UEFA ရဲ့ တစ်နှစ် တာ အကောင်းဆုံး ဆုတွေ ကို လည်း ပေးအပ် ချီးမြှင့် မှာဖြစ် ပါတယ် ။ ဒီပွဲ ပြီးသွား ရင်တော့ ကလပ် အသင်း ၃၂ သင်း ဟာ ဥရောပ ရဲ့ အမြင့်ဆုံး ဆုဖလား အတွက် အားသွန် ခွန်စိုက် ယှဉ်ပြိုင် ကစားကြ ရတော့ မှာပါ ။

ဒီနှစ် မဲခွဲပွဲ ကိုတော့ မိုနာကို မှာ ပြုလုပ် ကျင်းပ သွားမှာ ဖြစ်ပြီး ချန်ပီယံ လိဂ် ၀င်ခွင့် ရရှိ ထားတဲ့ ကလပ် အသင်း ၃၂ သင်း က တာဝန် ရှိသူတွေ တက်ရောက် ကြမှာ ပဲ ဖြစ်ပါတယ် ။ မနှစ်တုန်းက မဲခွဲ ပွဲအပြီး မှာ နာပိုလီ ၊ လီဗာပူး ၊ PSG တို့ တစ်အုပ်စုတည်း ကျပြိး မရဏ အုပ်စု ဖြစ်ခဲ့သလို ဘာစီလိုနာ ၊ အင်တာ မီလန် နဲ့ စပါး တို့ ဟာလည်း တစ်အုပ်စု တည်း ကျခဲ့ ကြပါတယ် ။

ယခု နှစ် မှာတော့ မနှစ် က ပါဝင် ခဲ့တဲ့ ချန်ပီယံ အသင်း ဟောင်းတွေ ထဲ က မန်ချက်စတာ ယူနိုက်တက် ပါဝင် မလာတော့ ဘဲ ကျန် ထိပ်သီး အသင်း အတော် များများ ကတော့ ပြန်လည် ပါဝင် လာခဲ့ ကြပါတယ် ။ အသင်း ၃၂ သင်း ကို အဆင့် အလိုက် မဲအိုး ၄ အိုး ခွဲခြား ပြီး နိုင်ငံတူ အသင်း အချင်းချင်း ရှောင်လွှဲ ကာ မဲနှိုက် ဆုံးဖြတ် မှာပဲ ဖြစ် ပါတယ် ။

မဲအိုး နံပါတ် ၁ မှာတော့ လက်ရှိ ချန်ပီယံ လီဗာပူး ၊ ယူရိုပါ လိဂ် ချန်ပီယံ ချဲလ်ဆီး တို့ အပါ အ၀င် ထိပ်တန်း လိဂ် တွေက ချန်ပီယံ အသင်းတွေ ပါဝင် လာခဲ့ကြပါတယ် ။ မဲအိုး ၂ မှာတော့ မက်ဒရစ် ၂ သင်း ဟာ နာပိုလီ ၊ ဒေါ့မွန် ၊ စပါး တို့ နဲ့ အတူ ပါဝင် လာခဲ့ ပါတယ် ။

မဲအိုး နံပါတ် ( ၁ )
လီဗာပူး ( ချန်ပီယံ ) ၊ ချဲလ်ဆီး ( ယူရိုပါ လိဂ် ချန်ပီယံ ) ၊ မန်ချက်စတာ စီးတီး ၊ ဘာစီလိုနာ ၊ ယူဗင်တပ် ၊ ဘိုင်ယန်မြုးနစ် ၊ ဇင်းနစ် ၊ PSG

မဲအိုး နံပါတ် ( ၂ )
ရီးရဲ မက်ဒရစ် ၊ အသက်လက်တီကို မက်ဒရစ် ၊ ဒေါ့မွန် ၊ စပါး ၊ နာပိုလီ ၊ ရှက်တာ ဒိုးနက် ၊ ဘင်ဖီကာ ၊ အိုင်ယက်စ်

မဲအိုး နံပါတ် ( ၃ )
လေဗာကူဆင် ၊ ရက်ဘူး ဆဲလ်ဘတ် ၊ ဗလင်စီယာ ၊ အင်တာ မီလန် ၊ ဒိုင်နမို ဇာဂရက် ၊ အိုလံပီယာကော့စ် ၊ လိုင်ယွန် ၊ ကလပ် ဘရုဂေး

မဲအိုး နံပါတ် ( ၄ ) လိုကိုမိုးတစ် မော်စကို ၊ ဂျန့် AEK ၊ ပရပ် ၊ ဂါလာတာ စာရေး ၊ ရက်ဘူး လိုက်ပ်ဇစ် ၊ အတ္တလန်တာ ၊ လိုင်လီ ၊ ရက်စတား ဘဲဂရိတ် တို့ပဲ ဖြစ်ကြပါတယ် ။

 

 

မဲခွဲတဲ့ အခါမှာ နိုင်ငံတူ အသင်းအချင်းချင်း တစ်အုပ်စုတည်း မကျ အောင် ရှောင်ရှား ထားသလို မဲအိုး တူတဲ့ အသင်းတွေလည်း တစ်အုပ်စုတည်း ကျရောက် မှာ မဟုတ် ပါဘူး ။ အုပ်စု ပွဲစဉ် တွေ ကိုတော့ စက်တင်ဘာ ၁၇ ရက်နေ့ မှာ စတင် ကစားမှာ ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲ ကိုတော့ ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့ မှာ တူရကီ နိုင်ငံ ၊ အစ္စတန်ဘူ မြို့ က အိုလံပစ် အားကစား ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ကစား သွားမှာပဲ ဖြစ်ပါတယ်

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် နေ့ရက်များ –

ပွဲစဉ် ( ၁ ) – စက်တင်ဘာ ၁၇ ၊ ၁၈
ပွဲစဉ် ( ၂ ) – အောက်တိုဘာ ၁ ၊ ၂
ပွဲစဉ် ( ၃ ) – အောက်တိုဘာ ၂၂ ၊ ၂၃
ပွဲစဉ် ( ၄ ) – နိုဝင်ဘာ ၅ ၊ ၆
ပွဲစဉ် ( ၅ ) – နိုဝင်ဘာ ၂၆ ၊ ၂၇
ပွဲစဉ် ( ၆ ) – ဒီဇင်ဘာ ၁၀ ၊ ၁၁ တို့ ဖြစ်ကြပါတယ် ။

အုပ်စုအဆင့် ပြီးမြောက်ပါက ၁၆ သင်း အဆင့် ရှုံးထွက် ပွဲတွေ အတွက် မဲခွဲမှု ကို ဒီဇင်ဘာ ၁၆ ရက်နေ့ မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ၊ ၁၉ နဲ့ ၂၅ ၊ ၂၆ ရက်တွေ မှာ ၁၆ သင်း အဆင့် ကို စတင် ယှဉ်ပြိုင် ကစား ကြမှာပဲ ဖြစ်ပါတယ် ။

မတ်လ ၂၀ ရက်နေ့ မှာတော့ ကွာတား ဖိုင်နယ် နဲ့ ဆီမီး ဖိုင်နယ် အတွက် မဲခွဲမှု ကို ပြုလုပ်သွားမှာ ဖြစ်ပြီး ဧပြီ ၇ ၊ ၈ နဲ့ ၁၄ ၊ ၁၅ ရက်နေ့ တွေ မှာ ကွာတား ဖိုင်နယ် ပွဲစဉ် တွေ ကို ယှဉ်ပြိုင်ကစား သွားမှာ ဖြစ်ကာ ဧပြီ ၂၈ ၊ ၂၉ နဲ့ မေလ ၅ ၊ ၆ တို့မှာတော့ ဆီမီး ဖိုင်နယ် ပွဲစဉ် တွေကို ယှဉ်ပြိုင် ကစား သွားမှာ ပဲဖြစ် ပါတယ် ။

နောက်ဆုံး ဗိုလ်လုပွဲ ကိုတော့ ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့ မှာ တူရကီ နိုင်ငံ ၊ အစ္စတန်ဘူ မြို့ က အိုလံပစ် အားကစား ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ကစား သွားမှာပဲ ဖြစ်ပါတယ် ။ ဘယ်အသင်းတွေ ဘယ်လိုမျိုး ဆုံတွေ့ပြီး အကျိတ် အနယ် ပွဲစဉ်တွေ ကို ဖန်တီးပေး နိုင်မလဲ ဆိုတာ အခုည မှာပဲ သိရ တော့မှာ ဖြစ်ပါတယ် ခင်ဗျာ . . .

မဲခွဲပွဲနဲ့ အတူ ဥရောပ ရဲ့ အကောင်းဆုံးဆုပေးပွဲကိုလဲ ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင် စာရင်းမှာတော့ ရိုနာဒို ၊ ဗန်ဒိုက် ၊ မက်ဆီ တို့ 3 ယောက် ပါဝင်နေခဲ့ပြီး ၊ ဘယ်သူက ဆွတ်ခူးသွားမလဲ ဆိုတာ မနက်ဖြန်ညမှာ အဖြေပေါ်လာတော့မှာ ဖြစ်ပါတယ်။ မက်ဆီ ပရိသတ်တွေ ကတော့ ရွှေဖိနပ်ဆု ဟတ်ထရစ် နဲ့အတူ လာလီဂါ သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ ဟီးရိုးကြီးက အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်နေကြသလို ၊ ရိုနာဒို ပရိသတ်တွေ ကလဲ ကလပ်အသင်းမှာသာ မက နိုင်ငံ့အသင်းအတွက်ပါ ဆုဖလား ရယူပေးထားတဲ့ သူတို့ရဲ့ အိုင်ဒေါကြီးက ဆွတ်ခူးလိမ့်မယ်လို့ ပြောဆိုနေကြတာပါ။

ထိုနည်းတူစွာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိထားတဲ့ ဗန်ဒိုက် အတွက်လဲ လီဗာပူး ပရိသတ်တွေက ရင်ခုန်လျှက် ရှိနေပါတယ်။

အကောင်းဆုံး ဂိုးသမားဆု အတွက် ဆန်ကာတင် စာရင်းမှာတော့ ချန်ပီယံလိဂ် Clean Sheet ပွဲ အများဆုံးဆု ကို ပူးတွဲ ရယူထားတဲ့ အလီဆွန် ၊ တာစီဂျန် နဲ့ စပါး ဂိုးသမား လိုရစ်တို့ ပါဝင်နေပါတယ်။

အကောင်းဆုံး နောက်တန်း ဆု ဆန်ကာတင် စာရင်းမှာတော့ အာနိုး ၊ ဗန်ဒိုက် ၊ ဒီလစ် တို့ ပါဝင်နေပြီး ၊ အကောင်းဆုံး ကွင်းလယ် ကစားသမား ဆုအတွက် ဒီဂျောင် ၊ ဟန်ဒါဆင် နဲ့ အဲရစ်ဆင် တို့က ပါဝင်လျှက် ရှိနေပါတယ်။

အကောင်းဆုံး ရှေ့တန်းဆု အတွက်တော့ မာနေး ၊ မက်ဆီ နဲ့ ရိုနာဒို တို့က ဆန်ကာတင် နောက်ဆုံး စာရင်းမှာ အသီးသီး ပါဝင်လျှက် ရှိကြပါတယ်။

SPORTS MYANMAR