• ကာရာဘောင် ဖလား ခြေစစ်ပွဲမှာတော့ နယူးကာဆယ် အသင်းဟာ လက်စတာ အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ကစားကာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ လက်စတာ လက်စတာက မက်ဒီဆင် ရဲ့ သွင်းဂိုး နဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပေမယ့် ၊ ဒုတိယပိုင်းမှာ မူတို က ချေပဂိုး ပြန်လည် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သာမန် ပွဲကစားချိန် အတွင်း 1-1 သရေ ရလာဒ်သာ ထွက်ပေါ်နေတာကြောင့် ၊ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းယူခဲ့ရာ နယူးကာဆယ် က 4-2 နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

• ယူနိုက်တက် နည်းပြ ဆိုးရှားဟာ သူ့ အသင်းရဲ့ တိုက်စစ် စွမ်းဆောင်ရည်ကို ဒီရာသီ အကုန်ထိ စောင့်ကြည့် သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ၊ ဇန်န၀ါရီ ကာလမှာ တိုက်စစ်အင်အားကို ဖြည့်တင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

• ချဲဆီး အသင်းရဲ့ ကွင်းလယ် ကစားသမား ဘာကာယိုကို ဟာ အသင်းဟောင်း မိုနာကို ထံ အငှားနဲ့ ပြန်သွားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပြီး ၊ ပေါင် 31.8 သန်း နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ပါ စာချုပ်မှာထည့်သွင်းသွားဖွယ် ရှိနေပါတယ်။

• ရီးရဲ ဆိုစီဒက် အသင်းဟာ အာဆင်နယ် နောက်တန်း ကစားသမား မွန်ရီရယ် ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ စပိန် သတင်းတွေ ကတော့ တနင်္လာနေ့ မတိုင်ခင် ကစားသမားလိုချင်တဲ့ စာချုပ် ပမာဏမျိုး နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ ဆွဲဆောင်လျှက် ရှိနေတယ်လို့ ဆိုပါတယ်။

• အာဆင်နယ် အသင်းရဲ့ ယူ 18 အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန် လူငယ် ကစားသမားလေး ဆမ် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ အတွက် စီးရီးအေ ကလပ် တွေ ဖြစ်တဲ့ အေစီမီလန် နဲ့ ဂျူဗီ တို့က အပြိုင် စိတ်ဝင်စားလျှက် ရှိနေပါတယ်။ သူဟာ မကြာခင်က ကျင်းပ ပြီးစီးခဲ့တဲ့ ဥရောပ ယူ 17 ပြိုင်ပွဲမှာ အင်္ဂလန် လူငယ် အသင်းအတွက် ခြေစွမ်းပြခဲ့သူလဲ ဖြစ်ပါတယ်။

• ရိန်းဂျား အသင်းရဲ့ ပရိသတ်တွေဟာ ယူရို ပါလိဂ် Play Off ပထမ အကျော့ ပွဲစဉ် ကစားခဲ့စဉ်က လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အော်ဟစ်ခဲ့တာကြောင့် ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဟာ ဒုတိယ အကျော့ အိမ်ကွင်းမှာ ကစားမယ့် ပွဲစဉ်ကို ၊ ပရိသတ် မပါပဲ ကစားစေဖို့ ညွှန်ကြားလိုက်ပြီ ဖြစ်ပါတယ်။

• ဆတ်ဆူလို အသင်းဟာ ချဲဆီး မှာ နေရာမရပဲ ဖြစ်နေတဲ့ ဘရာဇီး ဘယ်တောင်ပံ ကစားသမား ကနေဒီ ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယူးကာဆယ် အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့သော်လဲ ၊ နည်းပြသစ် လမ်းပတ်ရဲ့ လက်ထက်မှာတော့ ပွဲထွက်ကစားခွင့် ဆက်လက် မရရှိတော့တာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်လာခဲ့ပြန်တာ ဖြစ်ပါတယ်။

• နာပိုလီ အသင်းဟာ ဒီရာသီမှာ တိုက်စစ်မှုး တစ်ယောက် ထပ်မံ ခေါ်ယူမယ့် အစီအစဉ်ကို လက်လျှော့သွားခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ အင်တာမီလန် က အီကာဒီ နဲ့ စပါး တိုက်စစ်မှုးဟောင်း လိုရန်တီ တို့ ထဲက တစ်ဦးဦးကို အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်မီ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

• ရိုနာဒို ရောက်ရှိ လာပြီး နောက်ပိုင်း ဂျူဗီဟာ အင်စတာဂရမ်မှာ ယူနိုက်တက်ကို ကျော်ဖြတ်ကာ တတိယ လူကြိုက် အများဆုံး အဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။ ပထမ နေရာ နဲ့ ဒုတိယ နေရာမှာတော့ ရီးရဲ နဲ့ ဘာစီလိုနာ တို့က ဆက်လက် တည်ရှိနေဆဲပါ။

• နည်းပြသစ် ဆာရီ ရဲ့ လက်ထက်မှာ ပွဲထွက် ကစားခွင့် မရပဲ ဖြစ်နေတဲ့ တိုက်စစ်မှုး မန်ဇူကစ်ဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရှိခဲ့သော်လဲ ပယ်ချလိုက်ပါတယ်။ သူဟာ ဇန်န၀ါရီ ကာလ အထိ ဂျူဗီမှာပဲ ဆက်ရှိသွားဖို့ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေပါတယ်။

• ရီးရဲ မက်ဒရစ် ဂိုးသမား နာဗက်ဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ အလွန်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။ သတင်းတွေကတော့ အေရီယိုလာ နဲ့ အလဲအထပ် လုပ်မယ်လို့ ပြောနေကြသလို ၊ မက်ဒရစ် အခြေစိုက် သတင်းစာ တစ်စောင်ကတော့ ယူရို 13 သန်း နဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့တာလို့ ဆိုပါတယ်။

• အလက်ဆစ် ဆန်းချက်ဟာ အင်တာမီလန် ကို ပြောင်းရွှေ့ဖို့ အတွက် မီလန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မကြာခင် ကလပ် အသင်းတွေဘက်က တရားဝင် ကြေငြာချက်ကို ထုတ်ပြန်လာတော့မှာပါ။

• ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ အချိန်မီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်း မရှိတာကြောင့် ၊ ဒီတစ်ပတ်မှာ ကစားမယ့် အိုဆာစူနာ နဲ့ ပွဲစဉ်ကိုလဲ ထပ်မံ လွဲချော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှသာ ဘာစီလိုနာ အတွက်ပြန်လည် ကစားပေးဖွယ် ရှိပါတယ်။

SPORTS MYANMAR