


Rooney










DC ယူနိုက်တက် အသင်း ဟာ Vancouver အသင်း ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ညမှာ ဝိန်း ရွန်းနီ နဲ့ သူ့ရဲ့ အသင်းဖော် တွေဟာ ညဖက် အပြင် ထွက်ခဲ့ ကြပြီး နိုက် ကလပ် နှစ်ခု မှာ သွားရောက် ပျော်ပါး ခဲ့ ကြတာ တော့ အမှန် ပါပဲ လို့ သတင်း တွေက ဖော်ပြ ခဲ့ကြ ပါတယ် ။

#Sports_Myanmar

Unicode

အင်္ဂလန် နာမည်ကြီး သတင်းစာ The Sun ရဲ့ အဖွ သတင်းတွေ အပေါ် ပေါက်ကွဲ လိုက်တဲ့ #ဝိန်းရွန်းနီ

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဟောင်း ဝိန်း ရွန်းနီ က အင်္ဂလန် နာမည် ကြီး သတင်းစာ ဖြစ်တဲ့ The Sun မှ သူနဲ့ ပတ်သက် တဲ့ အဖွ သတင်း တစ်ပုဒ် ထုတ်ပြန် ခဲ့တဲ့ အပေါ် အထူး ပေါက်ကွဲ သွားခဲ့ လိုက် ပါတယ် ။

The Sun မှ ဖွလိုက် တဲ့ သတင်း ကတော့ အခြား မဟုတ် ပါဘူး ၊ ယူနိုက်တက် ကစားသမား ဟောင်း ဟာ Vancouver က ဟော်တယ် တစ်ခု ရဲ့ ဓါတ်လှေကား ထဲမှာ အမျိုးသမီး တစ်ဦး နဲ့ ရှိနေ ခဲ့တာ ကို ဓါတ်ပုံ ရိုက်ပြီး ဇနီး ဖြစ်သူ ရဲ့ ကွယ်ရာ မှာ ဖောက်ပြန် နေကြောင်း ဖွ ခဲ့ခြင်း ပဲ ဖြစ် ပါတယ် ။

အခုတော့ တနင်္ဂနေ့ က တင်ခဲ့တဲ့ အဆိုပါ တသင်း ကို တွေရှိ ခဲ့တဲ့ ဝိန်း ရွန်းနီ က အဲ့တာ ဟာ မမှန်ကန် တဲ့ သတင်း တစ်ရပ် ဖြစ်ကြောင်း ၊ ဒါဟာ The Sun မှ ဖွလိုက် ခဲ့တဲ့ ပုံပြင် တစ်ပုဒ် သာ ဖြစ်ကြောင်း အင်္ဂလန် နာမည်ကြီး မီဒီယာ အပေါ် အထူး ပေါက်ကွဲ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ သတင်း နဲ့ အတူ The Sun ဟာ ဝိန်း ရွန်းနီ ရဲ့ အိမ်ထောင်ရေး ဘဝ အကြောင်း ကို အချက် အလက် များစွာ နဲ့ ပုံပြင် တွေ များစွာ ကိုလည်း ခမ်းခမ်းနားနား ထည့်သွင်း ဖော်ပြ သွားခဲ့ ပါ သေးတယ် ။

အဆိုပါ ပုံထဲ မှာတော့ အသင်းဖော် တွေနဲ့ အတူ night out ထွက် ခဲ့တဲ့ ရွန်းနီ ဟာ မနက် 5:30 အချိန် လောက်မှာ ဟော်တယ် ရဲ့ ဓါတ်လှေကား တစ်ခု ထဲ အမျိုးသမီး တစ်ဦး နဲ့ ရှိနေ ခဲ့တဲ့ ပုံပဲ ဖြစ် ပါတယ် ။

ရွန်းနီ ကတော့ အဲ့တာ က ဘာမှ မဟုတ်ပဲ သူမ ဖက်မှ အော်တို ရေးထိုး ပေးဖို့ တောင်းဆို ခဲ့ခြင်း သပ်သပ်သာ ဖြစ်ကြောင်း ၊ သူရဲ့ ခွင့်ပြုချက် မပါပဲ သူဟာ အလွတ်တန်း ဓါတ်ပုံ ရိုက်သူ တစ်ဦး ရဲ့ နောက်ယောင် ခံခြင်း ၊ ပုံတွေ ရိုက်ခြင်း ကို ကြုံခဲ့ ရကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒီတစ်ပါတ် The Sun ရဲ့ ခေါင်းကြီးပိုင်း သတင်း တွေထဲ မှာ ကျွန်တော့် ရဲ့ ပုံပြင် တစ်ပုဒ် ပါဝင် ခဲ့ပြီး ကျွန်တော် က ဟော်တယ် ဆီ အမျိုးသမီး တစ်ဦး ကို ခေါ်ဆောင် သွားတဲ့ ပုံစံ မျိုး ဖြစ်အောင် သူတို့ ရေးသား ဖော်ပြ ခဲ့ကြ ပါတယ် ”

” ဒါဟာ အမှန်တရား မဟုတ်ဘူး ဆိုတာ သူတို့တွေ ကောင်းကောင်း သိကြ သလို ကျွန်တော် လည်း ဘာမှ မလုပ် ခဲ့ရ ပါဘူး ။ သူတို့ တွေဟာ သတင်းစာ ရောင်းအား ကောင်းဖို့ အတွက် ကျွန်တော် နဲ့ ကျွန်တော် မိသားစု နာမည် တွေကို အသုံးပြု နေကြ တာ ပါပဲ ”

” အဲ့ဒီ ည တုန်းက Vancouver မှာ ကျွန်တော် နဲ့ အဲ့ဒီ အမျိုးသမီး အကြား ဘာမှ လည်း မဖြစ် ခဲ့ရ ပါဘူး ။ ကျွန်တော် ဟာလည်း ဓါတ်ပုံ ထဲမှာ ပါတဲ့ အဲ့ဒီ အမျိုးသမီ နဲ့ နှစ်ယောက် တည်း ဓါတ် လှေကား ထဲ ဝင်ရောက် ခဲ့တာ မဟုတ်ဘူး ”

” ဓါတ်ပုံ ထဲမှာ ပါတဲ့ အမျိုးသမီး က သူ့ဟာသူ ရိုးရှင် စွာပဲ ဓါတ်ပုံ ရိုက်ဖို့ ၊ အော်တို ရေးထိုး ဖို့ တောင်းဆို ခဲ့သူ တစ်ဦး ပါ ” လို့ ရွန်းနီ က ထွက်ပေါ် လာတဲ့ The Sun ရဲ့ သတင်း အပေါ် တုန့်ပြန် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အဆိုပါ ဓါတ်ပုံ တွေက ပုံပြင် တစ်ခု ဖန်တီး နိုင်ဖို့ အတွက် ဖြတ် ညှပ် ကပ် လုပ်ထား တဲ့ ပုံတွေ သာ ဖြစ်ကြောင်း ၊ ဒါဟာ လုံးဝ မှန်ကန် မှု မရှိ တဲ့ သတင်း တစ်ခု သာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” သတင်း တစ်ခု လုံးက ကျွန်တော့် ကို ဆန့်ကျင် ပြီး အသရေ ဖျက်ဖို့ လုပ်ထား တဲ့ ပုံပြင် တစ်ပုဒ် ပါပဲ ။ အဲ့တာ က ကျွန်တော့် မိသားစု တွေကို ထိခိုက် ပျက်စီး စေနိုင် တဲ့ အရာ တစ်ခု ပါ ။ ဒါဟာ ကျွန်တော် ပြင်ဆင် ပြီး လုပ်ဆောင် ထားတဲ့ အရာ မှ မဟုတ်ပဲ ” လို့ ရွန်းနီ က ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

DC ယူနိုက်တက် အသင်း ဟာ Vancouver အသင်း ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် ခဲ့တဲ့ ညမှာ ဝိန်း ရွန်းနီ နဲ့ သူ့ရဲ့ အသင်းဖော် တွေဟာ ညဖက် အပြင် ထွက်ခဲ့ ကြပြီး နိုက် ကလပ် နှစ်ခု မှာ သွားရောက် ပျော်ပါး ခဲ့ ကြတာ တော့ အမှန် ပါပဲ လို့ သတင်း တွေက ဖော်ပြ ခဲ့ကြ ပါတယ် ။

#Sports_Myanmar