အင်္ဂလန် ရဲ့ အပြောင်း အရွှေ့ ဘောလုံး ရာသီ ဟာ ပိတ်သိမ်း ခဲ့ ပါပြီ ။ ဒါပေမယ့် အခြား ဥရောပ ထိပ်သီး ကလပ် တွေ ကတော့ စက်တင်ဘာ 2 ရက်နေ့ မှာ အပြောင်း အရွှေ့ ရာသီ ပိတ်သိမ်း မှာပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန် အထိ တော့ အင်္ဂလန် အပါအဝင် ဥရောပ ကလပ် တိုင်းက နေရာ အနှံ့ ကင်းထောက် တွေ စေလွှတ် နေကြ ဆဲ ပါပဲ ။ အခုလို လုပ်ဆောင် ရခြင်း ရဲ့ အဓိက အကြောင်း အရင်း က နောက် ရာသီ တွေ အတွက် ကြိုတင် ပြင်ဆင် နိုင်ဖို့ ပါပဲ ။

အခုလို နောက် ရာသီ အတွက် ကြိုတင် ပြင်ဆင် နိုင်ဖို့ လုပ်ဆောင် နေတဲ့ အသင်း တွေထဲ အင်္ဂလန် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း လည်း ပါဝင် နေခဲ့ ပြီး ဘင်ဖီကာ 0 – 2 ပေါ်တို ဆိုတဲ့ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အတွက် ကင်းထောက် တွေ စေလွှတ် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

 

ယူနိုက်တက် တို့ ဘယ် ကစားသမား တွေ အကြောင်း သိစေ ဖို့ အတွက် ကင်းထောက် တွေကို ပေါ်တူဂီ မြေဆီ သို့ စေလွှတ် ခဲ့ကြ သလဲ ဆိုတဲ့ အကြောင်း ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ရူဘင် ဒီယက်ဇ်
အသက် – 22 နှစ်
ကလပ် – ဘင်ဖီကာ
ဗဟို နောက်ခံလူ

ရူဘင် ဒီယက်ဇ် အကြောင်း တော့ ထွေထွေ ထူးထူး ပြောနေ စရာ မလို ပါဘူး ။ သူဟာ ဒီနွေ အပြောင်း အရွှေ့ ကတည်းက ယူနိုက်တက် တို့ ခံစစ် အင်အား ဖြည့်တင်း ဖို့ စောင့်ကြည့် ခဲ့တဲ့ ကစားသမား ပဲ ဖြစ် ပါတယ် ။

သူဟာ အသက် ငယ်ရွယ်သေး ပေမယ့် ဝါရင့် တိုက်စစ်မှူးတွေ ဆီက ဘောလုံး ယှဉ်လု ရဲတဲ့ အစွမ်းတွေ ပိုင်ဆိုင် ထား ပါတယ် ။ သူဟာ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် မှု ပြည့်ဝ သလို IQ ကောင်းလွန်း တဲ့ ခံစစ် ကစားသမား တစ်ဦး လည်း ဖြစ် ပါတယ် ။

သူဟာ တစ်ဦး ချင်း ယှဉ်ပြီး ဘောလုံး လု ရတဲ့ အခါ မှာ ပြိုင်ဖက် ကို ဖြတ်ကျော် ခွင့် ပေးတက် တဲ့ ကစားသမား မျိုး မဟုတ် ပဲ လိုအပ် ပါက ပစ်ဒဏ်ဘော ( သို့ ) ပြိုင်ဖက် အတွက် အခြား အခွင့် အရေး တွေကို သာ ပေးတဲ့ ကစားသမား တစ်ဦး ပဲ ဖြစ် ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကတော့ သူဟာ အသင်း ရဲ့ 64 % သော ဘောလုံး ယှဉ်လုမှု တွေကို ပြုလုပ် ပေးနိုင် ခဲ့ပြီး ကြားဝင် ဟန့်တား မှု တစ်ပွဲ 4 ကြိမ် နှုန်း အထိ ပြုလုပ် နိုင်ခဲ့ကာ ခြေစွမ်း ကောင်း ပြသ နိုင် ခဲ့တဲ့ လူငယ် ကစားသမား လေး တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။

သူဟာ အရပ် 6 ပေ 1 လက္မ ရှည်သူ ဖြစ်တာ ကြောင့် ခံစစ် ပိုင်းမှာ အမြင့်ဘော တွေကို လည်း အသာစီ ရယူ နိုင်သူ ပဲ ဖြစ် ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း ရဲ့ 52% သော အမြင့်ဘော တွေကို ဦးဆောင် ရယူ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အလွတ် တည်ကန်ဘော တွေမှ 4 ဂိုး အထိ တောင် ရယူ နိုင်ခဲ့ ပါ သေးတယ် ။

ဒါ့အပြင် သူ့ရဲ့ ဘောလုံး ပေးပို့ မှုဟာ 89 % အထိ သေချာ လှ သလို အဝေးဘော တွေ ပေးပို့ မှု မှာလည်း 51 ရာခိုင်နှုန်း ထိ တိကျ သေချာ ခဲ့ ပါတယ် ။ သူ့ရဲ့ အသက် အရွယ် နဲ့ အရည်အသွေး တွေ အရ သူဟာ တောက်ပ တဲ့ အနာဂတ် ပိုင်ဆိုင် နေသူ ကစားသမား တစ်ဦး ပါပဲ ။

Rubin Dias

(2) အဲလပ်စ် တဲလပ်စ်
အသက် – 26 နှစ်
ကလပ် – ပေါ်တို
ဘယ် နောက်ခံလူ

ဒီနွေ အတွင်း အေတီကို အသင်း ဆီ ပြောင်းဖို့ သတင်းကြီးခဲ့ ပါ သေးတယ် ။ ဒါပေမယ့် သဘော တူညီမှု မရယူ နိုင်ခဲ့ ပါဘူး ။ သူဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဘယ် နောက်ခံလူ နေရာ ကစား ရင်း 12 ကြိမ် အထိ ဂိုး ဖန်တီး ပေးနိုင် ခဲ့တာ မို့ ဥရောပ ထိပ်သီး ကလပ် တွေရဲ့ စိတ်ဝင်စား မှုကို ရရှိ ထားခဲ့ ပါတယ် ။

ဒါ့အပြင် ပေါ်တို့ ဟာ ခံစစ်ထက် တိုက်စစ် အသားပေး ကစား တဲ့ အသင်း ဖြစ်တာ ကြောင့် တဲလပ်စ် ဟာ ပိုပြီး တောက်ပ ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ကြံ့ခိုင်ပြီး အမောခံ နိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် အသင်း ရဲ့ တိုက်စစ် ရော ခံစစ် ကိုပါ ကာဗာ လုပ် ကစား ပေး နိုင်တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ် ပါတယ် ။

ဒါတွေ အပြင် သူဟာ ဘောလုံး ပေးပို့ မှု အတော်လေး တိကျ ကောင်းမွန် ခဲ့တာ ကြောင့် အခုလို ဖန်တီးမှု 12 ကြိမ် အထိ ပြုလုပ် ပေးနိုင် ခဲ့တာ ပဲ ဖြစ်ပါတယ် ။ သူဟာ တစ်ပွဲ ပျမ်းမျှ 4.8 အကြိမ် အထိ တိုက်စစ်ပိုင်း မှာ ဘောလုံး ဖြတ်တင် ပေးနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ ဘောလုံး ဖြတ်တင် ပေးပို့ မှု တိကျ ခြင်းက 36 % ရှိ သလို တစ်ပွဲ ပျမ်းမျှ 4 ကြိမ် အထိ ပင်နယ်တီ ဧရိယာ ထဲ ဘောလုံး ဖြတ်တင် ပေးပို့ နိုင်ခဲ့ ပါတယ် ။

(3) အဲလပ်စ် ဂရီမယ်လ်ဒို
အသက် – 23 နှစ်
ကလပ် – ဘင်ဖီကာ
ဘယ် နောက်ခံလူ

ဘယ် ၊ ညာ နောက်ခံလူ တွေရဲ့ ကစား အားဟာ နောက်ပိုင်း နှစ်တွေ မှာတော့ ခံစစ် အတွက် သာမက တိုက်စစ် အတွက် ပါ အတော်လေး အရေး ပါတဲ့ နေရာ တစ်ခု ဖြစ်လာ ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဥရောပ ထိပ်သီး ကလပ် တိုင်းက တိုက်စစ် ရော ခံစစ် ပါ လိုက်ပါ ကစား ပေး နိုင်တဲ့ နောက်ခံလူ တွေကို အလို ရှိခဲ့ ကြ ပါတယ် ။

ဂရီမယ်လ်ဒို ဟာ ဘောလုံး ကိုင် ကစား တာ ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ဖြစ်သလို တိုက်စစ် ပိုင်း အတွက် မတူညီ တဲ့ ဘောလုံး ဖြတ်တင် ပေးပို့ မှုတွေ ပြုလုပ် နိုင်သူ တစ်ဦး လည်း ဖြစ်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ကြီးမား တဲ့ အခွင့် အရေး တွေကို လည်း များစွာ ဖန်တီး ပေးနိုင် ခဲ့ပါ သေးတယ် ။

သူဟာ လည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း အတွက် ဂိုး ဖန်တီးမှု 12 ကြိမ် အထိ ပြုလုပ် ထားခဲ့ သူ တစ်ဦး ပဲ ဖြစ် ပါတယ် ။ သူ့ရဲ့ အသင်းဖော် အယ်မီဒီယာ ကတော့ 11 ကြိမ် အထိ ဖန်တီး ပေးနိုင် ခဲ့တာ ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဘင်ဖီကာ ရဲ့ ဘယ် ၊ ညာ ခံစစ် တွေဟာ အသင်း အတွက် ဘဟ်လောက် အရေးပါ သလဲ ဆိုတာ သိသာ ထင်ရှား ခဲ့ရ ပါတယ် ။
(4) ဖလော်ရန်တီနို လူးဝစ်
အသက် – 20 နှစ်
ကလပ် – ဘင်ဖီကာ
ဗဟို ကွင်းလယ်လူ

သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဘင်ဖီကာ B အသင်း အတွက် ကစား ပေး ထားခဲ့ သူ တစ်ဦး ဖြစ်ပြီး ခြေစွမ်းကောင်း ခဲ့တဲ့ အတွက် စီနီယာ အသင်းဆီ ရောက်ရှိ လာသူ ပဲ ဖြစ်ပါတယ် ။ သူဟာ လည်း ကွင်းလယ်ပိုင်း မှာ IQ ကောင်း လှတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပြီး ပြိုင်ဖက် ခံစစ် ကို ဒုက္ခ ပေးနိုင် တဲ့ တိုက်စစ် လမ်းကြောင်း တွေကို ပုံဖော် ပေးနိုင် ခဲ့ ပါတယ် ။

သူဟာ တစ်ပွဲ ကို ပျမ်းမျှ 4.6 ကြိမ် အထိ ဘောလုံး ယှဉ်လု နိုင်ခဲ့ သလို တစ်ပွဲ ပျမ်းမျှ 12 ကြိမ်ထိ ဘောလုံး ရယူ ပြီး ကစားကွက် တည်ပေး နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ လျင်မြန် သွက်လက် တဲ့ ကစားသမား ဖြစ်ပြီး တိုက်စစ် အသားပေး ကစား ဟန် ကို နှစ်ခြိုက် သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။

သူဟာ အောင်မြင် တဲ့ ဘောလုံး ပေးပို့ မှု 91 % အထိ ပြုလုပ် ပေးနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် နည်း စနစ် ပိုင်း တွေကို ကျေညပ်သူ တစ်ဦး ပဲ ဖြစ် ပါတယ် ။ သူဟာ တိုက်စစ်ပိုင်း ကို အချိန်တိုင်း လိုက်ပါ ကစား ပေးနိုင် တဲ့ ကစားသမား မျိုး မဟုတ် ပေမယ့် စိတ်လှုပ်ရှား ဖွယ် အရည် အသွေး တွေနဲ့ အတူ တိုက်စစ် ကစားပုံ ကို ဖော်ပေး နိုင်တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ် ပါတယ် ။

(5) ဟာရစ် ဆီဖာရိုဗစ်
အသက် – 27
ကလပ် – ဘင်ဖီကာ
တိုက်စစ်မှူး

တိုက်စစ် ကစားသမား တစ်ဦး ဟာ ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင် တဲ့သူ ဖြစ်တာ ကြောင့် အသင်း အတွက် အရေး ပါ လှသူ တစ်ဦး ပါပဲ ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက သွင်းဂိုး 26 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ သူဟာ အရပ် 6 ပေ 2 လက္မ ရှိသူ ဖြစ်တာ ကြောင့် အမြင့်ဘော တွေကို အမြဲ လို ဦးယူ နိုင်သူ တစ်ဦး အဖြစ် ရှိခဲ့ ပါတယ် ။

သူဟာ ခံစစ် ကစားသမား တွေကို အထူး ဒုက္ခ ပေးနိုင် သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ ခေါင်းတိုက် ဂိုး 3 ဂိုးသာ ရယူ ထားနိုင် ခဲ့ ပါတယ် ။ သူဟာ အသင်းဖော် တွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက် ကစား နိုင်ခဲ့ သလို အဝေး ကန်ချက် တွေထက် ပင်နယ်တီ ဧရိယာ အတွင်း မှာ ပိုပြီး ဂိုးသွင်း ကောင်းသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တစ်ပွဲ ပျမ်းမျှ 3 ကြိမ် အထိ ပြိုင်ဖက် ဂိုးပေါက် ကို ခြိမ်းခြောက် ထားနိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ အဆိုပါ ကန်ချက် တွေ ထဲမှ တစ်ဝက် ကျော် လောက်က ပြိုင်ဖက် ဂိုးသမား ဖက်မှ အသည်း အသန် ကာကွယ် ခဲ့ ရတဲ့ အထိ သူဟာ ဂိုးပေါက် တိကျ လှခဲ့ ပါတယ် ။ သူ့ကို လည်း ဥရောပ ထိပ်သီး ကလပ် တွေမှ အထူး စိတ်ဝင်စား ခဲ့ကြ ပါ သေးတယ် ။

#Sports_Myanmar