မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသ မား ဖြစ်သူ ဟွမ် မာတာ ဟာ မကြာ သေးခင် ကပဲ အသင်း နဲ့ အတူ 2 နှစ် သက်တမ်း ရှိတဲ့ စာချုပ် သစ် တစ်ခု အပေါ် လက်မှတ် ရေးထိုး ထားခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ ဆိုးရွား တဲ့ ရာသီ တစ်ခု ပိုင်ဆိုင် ခဲ့တဲ့ နောက် အသင်း နဲ့ အတူ စာချုပ် သစ် ချုပ်ဆို ဖို့ထက် အသင်း မှ ထွက်ခွာ သွားဖို့ က သူ့ အတွက် ပိုပြီး လွယ်ကူ ခဲ့ကြောင်း မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဟွမ် မာတာ ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ရလဒ် တွေ ဆိုးရွား ခဲ့မှု နဲ့ အတူ အဆင့် 6 နေရာ နဲ့သာ ရာသီ ပိတ်သိမ်း ခဲ့ ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ကစားသမား စာရင်း ထဲ ပါဝင် ခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် သူဟာ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ် အချိန် ၊ ဒီ နွေမှာ အသင်း နဲ့ အတူ နှစ်နှစ် စာချုပ် သက်တမ်း တိုးမြှင့် ပြီး မန်ချက်စတာ မှာပဲ ရှိနေ ခဲ့ ပါတယ် ။ အဆိုပါ စာချုပ် ထဲမှာ တော့ မာတာ က နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးနိုင် ဖို့ ကိုပါ ထည့်သွင်း ချုပ်ဆို ထားခဲ့ ပါတယ် ။

အသက် 31 နှစ် ရှိပြီ ဖြစ်တဲ့ ဟွမ် မာတာ ဟာ လက်ရှိ ဘောလုံး ရာသီ မှာလည်း အသင်း ရဲ့ အရေး ပါတဲ့ ကစားသမား စာရင်း ထဲ ပါဝင် နိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပြီး ယူနိုက်တက် တို့ ကစား ခဲ့တဲ့ ပွဲစဉ် 3 ပွဲ လုံးမှာ ပါဝင် ကစား ပေးခွင့် ရရှိ ထားခဲ့ ပါတယ် ။

အခုတော့ Telegraph မှ ဂျေဆွန် ဘာ့တ် နဲ့ လုပ် ခဲ့တဲ့ အင်တာဗျူး မှာ ယူနိုက်တက် ကွင်းလယ်လူ က အသင်း နဲ့ စာချုပ် သက်တမ်း တိုးမြှင့် နိုင်ခဲ့ ခြင်းဖြင့် သူဟာ မှန်ကန် တဲ့ ရွေးချယ် မှု တစ်ခု ပြုလုပ် နိုင်ခဲ့ တယ်လို့ ခံစား ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် ရဲ့ အနေအထား တွေ အရ အသင်း မှ ထွက်ခွာ နိုင်ဖို့ က ပိုပြီး လွယ်ကူ တဲ့ အရာ ဖြစ်ခဲ့ ရ ပါတယ် ။ အဲ့ဒီလို လုပ် ဆောင်ခြင်း က ကျွန်တော်ဟာ ယူနိုက်တက် နဲ့ အတူ အကောင်းဆုံး နေရာ တစ်ခု ကို မရောက် နိုင်ခဲ့ သလို မှတ်တမ်း အသစ် ကိုလည်း ရေးထိုး နိုင်ခြင်း မရှိ ကြောင်း လက်ခံ လိုက်ခြင်း ပါပဲ”

” ဒါပေမယ့် ကျွန်တော့် မှာ ယုံကြည်ချက် တစ်ခု ရှိခဲ့ ပါတယ် ။ ကျွန်တော် ဟာ အသင်း မှာ ဆက်လက် တိုက်ပွဲ ဝင် ကစား ရင်း ယူနိုက်တက် နဲ့ အတူ ကြီးမား တဲ့ ဆု ဖလား တွေကို ရယူ ဆွတ်ခူး နိုင် လိမ့်မယ် လို့ ယုံကြည် နေဆဲ ပါပဲ ”

” ကျွန်တော် ဒီမှာ ပဲ ဆက်လက် ရှိချင် ခဲ့ ပါတယ် ။ အသင်း နဲ့ အတူ အလုပ် တွေ လုပ်ရင်း ယူနိုက်တက် တို့ ရှိနေ သင့်တဲ့ နေရာ ဆီ ပြန်လည် ကြိုးစား ပို့ဆောင် ပေးနိုင် ဖို့ အတွက် ပေါ့ ။ ဒါဟာ ကျွန်တော့် ခေါင်း ထဲမှာ အမြဲ ရှိနေ ခဲ့တဲ့ အတွေး တစ်ခု ပါပဲ ”

” အဲ့ဒီလို ပြင်းထန် တဲ့ စိတ်ဓါတ် မျိုးတွေ ကပဲ ဒီ ကလပ် အသင်း ကို အခုလို ခမ်းနား လာအောင် လုပ်ဆောင် နိုင် ခဲ့တယ် လို့ ကျွန်တော် ယုံကြည် ပါတယ် ။ ဒါ့ကြောင့် လည်း ယူနိုက်တက် ဆိုတာ တုနှိုင်း မရ တဲ့ စပါယ်ရှယ် အသင်း တစ်ခု အဖြစ် ရှိနေ ခဲ့ ရတာ လေ ” လို့ မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

 

မာတာ ဟာ ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် သုံးပွဲ လုံးမှာ လူစားဝင် ကစားသမား အဖြစ် သာ ပါဝင် ကစား ခွင့် ရရှိ ခဲ့သူ ဖြစ်ပြီး အခုတော့ မာရှယ် ဒဏ်ရာ ရရှိ နေချိန် ၊ အသင်း ပြောင်းဖို့ သတင်းကြီး နေတဲ့ ဆန်းချက် မပါဝင် နိုင်တဲ့ အချိန် ပွဲထွက် ကစားသမား အဖြစ် ပါဝင် နိုင်ဖို့ အခွင့် အလမ်း များနေ ခဲ့ပါ တယ် ။

လက်ရှိ အချိန် မှာတော့ ချီလီ လက်ရွေးစင် အလက်ဆစ် ဆန်းချက် ဟာ အီတလီ မြေကို ရောက်ရှိ နေပြီး အင်တာ မီလန် အသင်း မှာ ဆေးစစ် ဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ အဆင် ပြေခဲ့ ပါက သူဟာ မီလန် အခြေစိုက် ကလပ် မှာ တစ် ရာသီ အငှား ကစား ဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar