အိမ်ရှင် အာဆင်နယ် အသင်းဟာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြု ခဲ့ပြီး ကွင်းလယ်လူ တော်ရီးယားကို ဆက်လက် ပွဲထွက်ခွင့် ပေးခဲ့ပြီး အသင်း နဲ့ စာချုပ် ကိစ္စ အဆင် မပြေ ဖြစ်နေတဲ့ ရမ်ဆေး လည်း ပါဝင် လာခဲ့ပါတယ် ။ ဂိုးသမား နေရာမှာ ပီတာဆက်ခ်ျ ၊ နောက်တန်းမှာတော့ ဘယ်လာရင် ၊ ဟိုးလ်ဒင်း ၊ မူစတာဖီ ၊ မွန်ရီရဲလ် ။ ကွင်းလယ် မှာ တော်ရီးယား ၊ ရှာကာ ။ တောင်ပံ နှစ်ဖက် မှာတော့ အူဘာမီယန်း ၊ အိုဇေးလ် ။ ရမ်ဆေး ကိုတော့ လာကာဇက်တေး ရဲ့ နောက်မှာ ထားကာ ပွဲထွက်လာတာပါ ။ အရန်စာရင်းမှာတော့ လီနို ၊ လက်ရှ်စတိုင်နာ ၊ ကိုလာစီနက် ၊ ဂူအမ်ဒူဇီ ၊ အီဝိုဘီ ၊ မီခီတာရန်း ၊ အီဝိုဘီ ၊ ဝဲလ်ဘက် တို့ ပါဝင်လာပါတယ် ။

ဧည့်သည် ဝက်ဖိုဒ့် အသင်းကတော့ ၄-၄-၂ ကစားကွက် နဲ့ ခင်းကျင်း လာပြီး တိုက်စစ်မှာ ဂရေး နဲ့ ဒီနေး ။ ကွင်းလယ်မှာတော့ ပါရဲရား ၊ ဟုခ်ျ ၊ ကာပူးလ် ၊ ဒူကိုရီ ။ နောက်တန်းမှာ ဟိုလီဘက်စ် ၊ ကာဘာစီလီ ၊ ကရှ့် ကတ် ၊ နာဗာရို ။ ဂိုးသမား အဖြစ်တော့ ဖော်စတာ တို့နဲ့ ပွဲထွက်လာတာပါ ။

First Half

ပွဲစတာနဲ့ ခြေစွာနေတဲ့ ဝက်ဒ်ဖိုဒ့် အသင်းဟာ အတင်းဝင် အတင်းဖျက် ဖိအားပေးတဲ့ ပုံစံနဲ့ ကစားခဲ့ပြီး ထောင့်ကန်ဘော နှစ်ကြိမ် လောက်ထိ ကန်ခွင့်လည်း ရခဲ့ပါတယ် ။ ဝက်ဖိုဒ့် အသင်းဟာ အာဆင်နယ် အသင်း ညာနောက်ခံလူ ဘယ်လာရင် ဘက်ကနေ အဓိက ထိုးဖောက်နေပြီး ပါရဲရား ကို ထိန်းချုပ်ဖို့ ခက်ခဲ နေတာကိုလည်း တွေ့ရပါတယ် ။

ပွဲချိန် ၁၁ မိနစ်မှာ ဝက်ဒ်ဖိုဒ့် အသင်းဟာ အပိုင် အခွင့်အရေး ရရှိခဲ့ပြီး တိုက်စစ်မှူး ဒီနေး ခေါင်းတိုက် ချပေးမှု ကနေ တစ်ဆင့် ဟုခ်ျ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော် သွားခဲ့ပါတယ် ။ ပွဲချိန် ၁၄ မိနစ်မှာ ဝက်ဒ်ဖို့ အသင်း ကစားသမား တွေ နားလည်မှု လွဲမှား တာကနေ အာဆင်နယ် အသင်းတိုက်စစ်မှူး လာကာဇက်တေး တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့် ရခဲ့ပေမယ့် အသုံးချ နိုင်ခဲ့ခြင်း တော့ မရှိပါဘူး ။

ဝက်ဖိုဒ့် အသင်း ဟာ အမြင့်ဘော တွေ နဲ့ ဖြတ်တင်ဘော တွေကို အားပြု ကစားခဲ့ပြီး ထောင့်ကန်ဘောတွေ မကြာခဏ ကန်ခွင့် ရခဲ့ပါတယ် ။ အာဆင်နယ် အသင်း ကလည်း ဘယ်နောက်ခံလူ မွန်ရီရဲလ် ဘက်ကနေ အဓိက ထိုးဖောက် နေပြီး အပိုင် အခွင့်အရေး တွေတော့ ရရှိ ခဲ့ခြင်း မရှိပါဘူး ။ ပွဲချိန် ၃၅ မိနစ်မှာ ဝက်ဖိုဒ့် အသင်း ကစားသမား တွေဟာ ဖရီးကစ် ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ပြန်ပိတ်သွင်း ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ် နိုင်ခဲ့ပါတယ် ။

ပွဲချိန် ၃၈ မိနစ်မှာတော့ အာဆင်နယ် အသင်း ကွင်းလယ် ရှာကာ ရဲ့ ဘယ်ခြေ နဲ့ အပြင်း ကန်ချက် ကောင်းမွန် ခဲ့ပေမယ့် ဂိုးသမား ဖော်စတာ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပထမပိုင်း ပြီးခါနီ ဝက်ဖိုဒ့်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ ပေမယ့် ဂိုးသွင်းယူ နိုင်ခဲ့ ခြင်းတော့ မရှိပါဘူး ။ ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ် အသင်း ဂိုးသမား ပီတာဆက်ခ်ျ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လီနို နဲ့ လူစားလဲ ခဲ့ရပါတယ် ။ ပီတာဆက်ခ်ျ ရဲ့ အသင်းခေါင်းဆောင် လက်ပတ် ကို ကွင်းလယ်လူ ရမ်ဆေး က ဝတ်ဆင် ခဲ့ပါတယ် ။ ပထမပိုင်း မှာတော့ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ဂိုးမရှိ သရေနဲ့ ပဲ ပွဲပြီးဆုံး သွားခဲ့ပါတယ် ။

Second Half

အာဆင်နယ် အသင်းဟာ ဒုတိယပိုင်း အစမှာ ဝက်ဖိုဒ့် အသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ အတွက် လျင်လျင်မြန်မြန် နဲ့ ထိုးဖောက် ကစားခဲ့ပါတယ် ။ ပွဲချိန် ၅၁ မိနစ်မှာတော့ ဟိုလီဘက်စ် ရဲ့ ဖရီးကစ် ကနေ ပေးပို့မှု ကို တိုက်စစ်မှူး ဒီနေး အပိုင် ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမား လီနို လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ ချက်ချင်း ဆိုသလဲပဲ အာဆင်နယ် အသင်းဟာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် အူဘာမီယန်းရဲ့ ပေးပို့မှုကနေ တစ်ဆင့် တိုက်စစ်မှူး လာကာဇက်တေး အပိုင် ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော် သွားခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဟာ အလျင်အမြန် တိုက်စစ်ဆင် ကစားနေကြပြီး ပွဲက ကြည့်ကောင်း နေခဲ့ပါတယ် ။ ပွဲချိန် ၆၃ မိနစ် မှာတော့ အာဆင်နယ် အသင်းဟာ ရမ်ဆေး နေရာမှာ အီဝိုဘီ ကို ထည့်သွင်း အသုံးပြု ခဲပြီး အသင်း ခေါင်းဆောင် လတ်ပတ်ကိုတော့ အိုဇေးလ် က ဆက်လက် ဝတ်ဆင် ခဲ့ပါတယ် ။ ပွဲချိန် ၆၇ မိနစ်မှာ အာဆင်နယ် ဂိုးသမား လီနို ဟာ ဝက်ဒ်ဖိုဒ့် အသင်း ကစားသမား ရဲ့ ဂိုးကန်သွင်းချက်ကိုလည်း ထပ်မံ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဝက်ဒ်ဖိုဒ့် တိုက်စစ်မှူး ဂရေး နေရာမှာ လူစားဝင် ကစားတဲ့ ဆက်ဆက်စ် ဂိုးသမား နဲ့ တစ်ဦးချင်း ကန်ခွင့် ရခဲ့ပေမယ့် တိုင်ထိ ထွက်သွားခဲ့တာကြောင့် ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ ရပါတယ် ။ ၇၇ မိနစ် အာဆင်နယ် အသင်းဟာ နောက်ဆုံး အကြိမ် လူစားလဲမှု အဖြစ် အူဘာမီယန်း နေရာမှာ ဝဲလ်ဘက် ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။

Goal

ပွဲချိန် မိနစ် ၈၀ မှာတော့ အာဆင်နယ် အသင်းဟာ လိုအပ် နေတဲ့ ဦးဆောင် ဂိုး ရရှိသွား ခဲ့ပြီး လူစားဝင် ကစားသမား အီဝိုဘီ ရဲ့ ဖြတ်တင်ပေးပို့မှုကို ဝက်ဖိုဒ့် အသင်း နောက်ခံလူ ကာ့ကတ် က ကိုယ့်ဂိုး ကိုယ် သွင်းမိသွားတာလည်း ဖြစ်ပါတယ် ။

Goal

ဆက်တိုက်ဆိုသလိုပဲ အာဆင်နယ် အသင်းဟာ ၈၄ မိနစ်မှာ ဒုတိယ ဂိုး ထပ်မံ ရရှိသွားခဲ့ပြီး အီဝိုဘီ လာကာဇက်တေး တို့ရဲ့ တွဲလုံးကနေ တစ်ဆင့် လာကာဇက်တေး ရဲ့ ပေးပို့မှုကို ကွင်းလယ်လူ အိုဇေးလ် က ပိတ်သွင်းခဲ့တာပါ ။

ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းဟာ ဝက်ဒ်ဖိုဒ့် အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း နည်းပြ အမ်မရီ ရဲ့ လူစားလဲမှု မှန်ကန်တယ်လို့ ပြောရမှာ ဖြစ်ပြီး ရသွားတဲ့ နှစ်ဂိုးစလုံးကလည်း လူစားဝင် ကစားသမား အီဝိုဘီ ပါဝင် ပက်သက်မှု ရှိခဲ့တာကို တွေ့ရပါတယ် ။ ဒါ့အပြင် ဂိုးသမား လီနို ရဲ့ လက်စွမ်းပြမှုကိုလည်း အားရဖွယ် တွေ့ခဲ့ရပါတယ် ။ အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက် အနိုင် ၊ နှစ်ပွဲဆက် Clean-sheet နဲ့အတူ အဆင့် ငါး နေရာကို တက်လှမ်း လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။