ယနေ့ည မှာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲ ပြုလုပ် သွားမှာ ဖြစ်ပြီး ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ပြည်တွင်း ပရီးမီးယားလိဂ် မှာ အဆင့် ၃ နဲ့ ရပ်တည် ခဲ့သလို ၊ ယူရိုပါလိဂ် ဖလား ကိုလည်း ဆွတ်ခူး ခဲ့တာကြောင့် တိုက်ရိုက် အုပ်စု ဝင်ခွင့် နဲ့ အတူ မဲအိုး နံပါတ် ၁ မှာ ကျရောက်လျက် ရှိနေပါတယ် ။

အန်တိုနီယို ကွန်တီ ရဲ့ ဒုတိယ ရာသီ မှာ ချယ်လ်ဆီး တို့ ချန်ပီယံလိဂ် ဝင်ခွင့် ကို လွဲချော် ခဲ့ပြီးနောက် တနှစ် အကြာမှာ အခုလို ချန်ပီယံလိဂ် ကစားခွင့် ကို ပြန်ရ ခဲ့ပါတယ် ။ အသွင် မတူတာ ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် လူငယ် သွေးသစ် အများစု နဲ့ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပါတယ် ။

နည်းပြ သက်တမ်း ၊ အတွေ့အကြုံ နုနယ် သေးပေမယ့် ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာကတည်း က ချန်ပီယံလိဂ် နဲ့ ပတ်သက်လာရင် အတော်လေး ပေါက်ပေါက်မြောက်မြောက် သိထားတာကြောင့် သူနဲ့ လမ်းညွှန်မှု တွေက ဒီနှစ် ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ချယ်လ်ဆီး အသင်း ကို ဘယ်လောက် အထိ ခရီးရောက် စေနိုင်လဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

မနေ့က သတင်းထောက် တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ လမ်းပတ် က ချန်ပီယံလိဂ် ပြိုင်ပွဲ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ၄င်းတို့ အတွက် အရမ်း ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်လာ နိုင်တယ် လို့ ယုံကြည် နေကြောင်း နဲ့ ၄င်းတို့ဟာ ဒီ ပြိုင်ပွဲ မှာ နိုင်ပွဲ တွေကို စွမ်းဆောင်ပြီး ပရိသတ် တွေ အတွက် ကြိုးစား ပေးနိုင်မယ် လို့ မျှော်လင့် ထားကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ချန်ပီယံလိဂ် ပြိုင်ပွဲ ဟာ ဒီနှစ် မှာ ကျွန်တော် တို့ အတွက် အရမ်း ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာ နိုင်ပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတာနဲ့ အခြား အခက်အခဲ တချို့ ရှိနေသေးတာ ကျွန်တော် တို့ သိပါတယ် ။ ဒါပေမယ့် ဒီလို အခက်အခဲ တွေကြောင့် ချန်ပီယံလိဂ် လို ကြီးကျယ်တဲ့ ပြိုင်ပွဲ မှာ ကျွန်တော် တို့ စိန်မခေါ် နိုင်ဘူး ဆိုတာမျိုး မဖြစ်စေရပါဘူး ။ ”

” လက်ရှိ ပရီးမီးယားလိဂ် မှာ မန်စီးတီး ၊ လီဗာပူး တို့လို အရမ်း အင်အား တောင့်တင်း တဲ့ အသင်းကြီး တွေ ရှိနေတာကြောင့် တကယ် ယှဉ်ပြိုင်ရ ခက်ခဲတဲ့ လိဂ်မှန်း သိသာ စေပါတယ် ။ မန်စီးတီး ဆိုရင် ကမ္ဘာ ထိပ်တန်း အသင်းကြီး တသင်းပါ ။ အင်္ဂလိန် ကလပ် တွေဟာ လက်ရှိ အချိန် မှာ အင်အား ကြီးမားတဲ့ ကလပ် တွေ ဖြစ်ကြပါတယ် ။ ဒီ အနေအထား ကို ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါဟာ အင်္ဂလန် နဲ့ ပရီးမီးယားလိဂ် အတွက် အရမ်း ကောင်းတဲ့ အနေအထား ဖြစ်ပါတယ် ။ ”

” ချန်ပီယံလိဂ် လို ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် ရဖို့ ကျွန်တော် တို့ အတွက် အရမ်း အရေးကြီး ပါတယ် ။ နှစ်စဉ် နှစ်တိုင်း မှာ ဒီ ပြိုင်ပွဲ ဟာ ပိုပြီး ပိုပြီး ခက်ခဲ လာပါတယ် ။ လွန်ခဲ့တဲ့ ၃နှစ် က စပြီး ယူရိုပါလိဂ် လို ပြိုင်ပွဲ မှာ ဗိုလ်ဆွဲရင်တောင် ထိပ်တန်း အဆင့် ဖြစ်လာပြီ လို့ သတ်မှတ် လို့ ရနိုင်ပါပြီ ။ အခုလို ချန်ပီယံလိဂ် မှာ ယှဉ်ပြိုင် နေရတာ ကတော့ ကျွန်တော် တို့ ရောက်သင့်တဲ့ နေရာ လို့ ထင်မိပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင် လည်း ဒီ ပြိုင်ပွဲ မှာ အရမ်း ကြီးကျယ် ခဲ့တဲ့ ညချမ်းတွေ ၊ အခိုက်အတန့် တွေ ၊ အမှတ်တရ တွေ ပိုင်ဆိုင် ခဲ့ဖူးပါတယ် ။ အသင်းသား တွေရဲ့ အကြောင်း ပြောရရင် သူတို့ တွေဟာ ဒီ ပြိုင်ပွဲ ကို ယှဉ်ပြိုင်ဖို့ ဆန္ဒ ပြင်းပြ နေကြပြီး သူတို့ဟာ ဘယ်လို ကစားသမား တွေလဲ ဆိုတာ ပြသ ချင်ကြပါတယ် ။ ဒီ ပြိုင်ပွဲ ဟာ ဘောလုံး လောက မှာ အကြီးကျယ်ဆုံး ပြိုင်ပွဲ ဖြစ်ပါတယ် ။ ”

” ချန်ပီယံလိဂ် ကို ကစားသမား ဘဝ မှာ ကျွန်တော် တကြိမ်တခါ ဆွတ်ခူး နိုင်ရုံခဲ့တာနဲ့တင် အတော် ကံကောင်း လှပါပြီ ။ အခုဆို ကျွန်တော် မန်နေဂျာ အနေနဲ့ပါ ဒီ ဖလား ကို ရယူ နိုင်ဖို့ စောင့်မျှော် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR