အလက်ဆစ် ဆန်းချက် ကတော့ အင်တာ မီလန် ကစား သမား ဖြစ်လာဖို့ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဆန်းချက် ဟာ ယမန်နေ့ က မီလန် ကို ရောက်လာ ခဲ့ပြီး အင်တာ နဲ့ ဆေးစစ်မှု ပြီးမြောက် ခဲ့ကာ ယနေ့ မှာ အတည်ပြု ကြေညာ သွားဖွယ် ရှိနေတယ် လို့ သိရ ပါတယ် ။ ယူနိုက်တက် ဟာ ဆန်းချက် ကို ခေါ်ယူစေ ဖို့ အတွက် လစာရဲ့ ရာခိုင်နှုန်း အများအပြား ကို ကူညီပေး ချေ ရမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ် ။

ဆန်းချက် ထွက်ခွာ သွားချိန် မှာတော့ နံပါတ် ၇ ဟာ တစ်ဖန် ပြန်လည် လစ်လပ်သွား မှာ ဖြစ်ပြီး သတင်းတွေ မှာ တော့ လက်ရှိ အသင်းသားတွေ ထဲ က တစ်ဦးဦး ဟာ နံပါတ် ၇ ကို ဆက်ခံ ဖွယ် ရှိနိုင်တယ်လို့ သုံးသပ်မှု တွေ ထွက်လာ ခဲ့ ပါတယ် ။

ယူနိုက်တက် နောက်ခံလူ ဒန်မီယန် နဲ့ ရိုဟို တို့ ရဲ့ အပြောင်း အရွှေ့ အသံတွေ ကတော့ ငြိမ်သက် နေခဲ့ ပါတယ် ။ သူတို့ ၂ ဦး စလုံး ဟာ စာချုပ် သက်တမ်း အနည်းငယ် ကျန် နေ သေးတာ ကြောင့် အသင်း မပြောင်း ဖြစ်သေးဘဲ အိုးထရက်ဖိုဒ့် မှာ ဆက်လက် ရှိနေ ဖို့ အလားအလာ ရှိ နေပါတယ် ။

အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ လာမယ့် လ တွေ ထဲ မှာ ကစားမယ့် လက်ရွေးစင် အသင်း ပွဲစဉ် တွေ အတွက် လူစာရင်း ကို ယနေ့ ထုတ်ပြန် ကြေညာ မှာ ဖြစ်ပြီး ရက်ဖိုဒ့် ၊ လင်ဂတ် တို့ ပါဝင် ဖို့ ရှိသလို အာရွန် ၀မ် ဘစ်ဆာကာ နဲ့ ရှက်ဖီးမှာ အငှား ကစား နေတဲ့ ဂိုးသမားလေး ဟန်ဒါဆင် တို့ ဟာ လည်း ပထမဆုံး အကြိမ် အဖြစ် ရွေးချယ် ခံ ရနိုင်တယ် လို့ သတင်းကြီး နေကြပါ တယ် ။

ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် ဟာလည်း ဆွီဒင် လက်ရွေးစင် အသင်း မှာ ပြန်လည် ခေါ်ယူ ခြင်း ခံခဲ့ရ ပါတယ် ။

ယူနိုက်တက် တောင်ပံ ကစား သမား အန်တိုနီ မာရှယ် ဟာ ပဲလေ့စ် နဲ့ ပွဲ က ဒဏ်ရာ ကြောင့် ဆောက်သမ်တန် နဲ့ ပွဲ ကို လွဲချော် ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။ မာရှယ် ဟာ ပွဲစဉ် ၃ ပွဲ ကစား အပြီး အထိ လိမ် ခေါက်ကျော်ဖြတ်မှု မှာ တတိယ မြောက် အအောင်မြင်ဆုံး ကစား သမား ( ပရီးမီးယားလိဂ် အသင်း ၂၀ အနက် ) ဖြစ်နေ ခဲ့ကာ မာရှယ် မပါဝင် နိုင်ခဲ့ပါက ယူနိုက်တက် အတွက် နစ်နာ မှု ရှိလာနိုင် ပါတယ် ။

ဆောက်သမ်တန် ဘက်မှာလည်း အားထား ရတဲ့ ကစား သမား ရက်မွန်း ဟာ ကာရာဘောင် ဖလားပွဲ မှာ ဒဏ်ရာ ရသွားခဲ့ပြီး ယူနိုက်တက် နဲ့ ပွဲ အတွက် မသေချာ တဲ့ အနေ အထား မှာ ရှိနေ ခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းမှာ မာရှယ် အပါ အ၀င် ဒဏ်ရာ ရနေသူ ၄ ဦး ရှိပြီး ၃ ဦး ( လုခ်ရှော ၊ ဒါးလော့ ၊ ဖိုဆူ မန်ဆာ ) ဟာ နောက်ခံလူ တွေ ဖြစ်ကြ ပါတယ် ။ ဆောက်သမ်တန် နဲ့ ပွဲမှာတော့ အက်ရှ်လေယန်း က ရှော အစား ပါဝင် ကစားဖွယ် ရှိ နေပါတယ် ။

ယူနိုက်တက် ဟာ ဆောက်သမ်တန် နဲ့ ဆုံတွေ့မှု မှာ အခြေအနေ ကောင်းထား ခဲ့ပြီး နောက်ဆုံး ၅ ကြိမ် ( အိမ်ကွင်း အဝေးကွင်း ) မှာ ၃ ကြိမ် နိုင်ကာ ၂ ကြိမ် သရေကျပြီး မရှုံးနိမ့် ထားခဲ့ ပါဘူး ။

ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနီ ကတော့ အင်္ဂလန် သတင်းစာ The Sun နဲ့ ပြဿနာ တက်နေပြီး အမျိုးသမီးငယ် တစ်ဦး နဲ့ ဟိုတယ် မှာ ပျော်ပါး ခဲ့တယ် လို့ သတင်းစာ မျက်နှာဖုံးမှာ ဖော်ပြမှု နဲ့ ပတ်သက်ပြီး ၀ိန်း က မဟုတ်မမှန် သတင်း လွှင့်ခဲ့ ကြောင်း တွစ်တာ က နေ ရှုံ့ချ ပြောဆို ထားခဲ့ ပါတယ် ။

ယမန်နေ့ ညက ပြုလုပ် သွားတဲ့ ကာရာဘောင် ဖလား တတိယ အဆင့် မဲခွဲပွဲ မှာ မန်ချက် စတာ ယူနိုက်တက် ဟာ လိဂ် ၀မ်း ကလပ် ရော့ခ်ျဒဲလ် အသင်း နဲ့ ယှဉ်ပြိုင် ကစားဖို့ မဲကျ ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့ မှာ အိမ်ကွင်းပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ဆန်းချက် နဲ့ လူကာကူ တို့ကို လက်လွှတ် ထားရ ပေမယ့် ဇန်န၀ါရီ အပြောင်း အရွှေ့ မှာ အလောတကြီး ၀ယ်ယူဖို့ မရှိဘဲ နောက်နှစ် နွေရာသီမှသာ ထိပ်တန်း ကစား သမားတွေ ကို ခေါ်ယူ အားဖြည့် ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။

ဒေါ့မွန် မှာ တောက်ပ နေတဲ့ အင်္ဂလန် ကစား သမား လေး ဂျေဒန် ဆန်ချို ဟာ အိုလီ ဂန်နာ ဆိုးရှား ရဲ့ နွေရာသီ အဓိက ပစ်မှတ် ဖြစ်လာ လိမ့်မယ် လို့ လည်း သတင်းတွေ ကဖော်ပြ လာခဲ့ ပါတယ် ။

SPORTS MYANMAR