ဘောလုံး ကစားသမား တစ်ဦး ဆီမှာ မိမိ အသင်း အတွက် ဂိုး သွင်းယူ ပေးနိုင် တာထက် ပိုမို ခမ်းနား လှတဲ့ ခံစားချက် ဆိုတာ ရှိ နိုင်မှာ မဟုတ် ပါဘူး ။ ထို့အတူ ဂိုးကို ခွင့် မပြု ကြောင်း စည်းကြပ် ဒိုင်မှ အလံ ကိုမြှောက် အချက် ပြတာ လောက် ဆိုးရွား လှတဲ့ ခံစားချက် ဆိုတာ လည်း ရှိနိုင် မှာ မဟုတ် ပါဘူး ။

အဲ့ဒီ ထဲမှာ အဆိုး ရွားဆုံး အရာ တစ်ခု ကတော့ စည်းကြပ် ဒိုင်မှ ဂိုး မပေး တာကို သတိ မမူ မိပဲ ပွဲကြည့် စင် ဖက်ကို အမှန် အကန် ပြေးသွား ပြီး အလွန် အမင်း အောင်ပွဲ ခံဖို့ လုပ်ဆောင် လိုက်ခြင်း ပါပဲ ။ အနောက် ကို လှည့်ကြည့် တဲ့ အချိန် ပွဲစဉ် တောင် ပြန် ကစား နေကြ တဲ့ အနေအထား မျိုးပေါ့ ။

အလားတူ ဖြစ်ရပ် မျိုးဟာ လူဒိုဂိုးရပ် အသင်း ရဲ့ ပွဲစဉ် တစ်ပွဲ မှာ ဖြစ်ပွား သွားခဲ့ ပါတယ် ။ ဆလားဗီးယား ဆီဖီယာ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ လူဒိုဂိုးရပ် အသင်း ရဲ့ ကစားသမား ဖြစ်သူ ဝမ်ဒါဆန် က သူ့ရဲ့ ကန်ချက် ဟာ ဂိုးဖြစ် သွားပြီ ဆိုတဲ့ အထင် နဲ့ အမှန် အကန် အောင်ပွဲ ခံခဲ့ ပါတယ် ။

သူ့ရဲ့ ကန်ချက် ဟာ ဂိုး ဖြစ်သွား ခဲ့ ပေမယ့် စည်းကြပ် ဒိုင်က လူကျွံဘော အဖြစ် သတ်မှတ် လိုက်တဲ့ အတွက် ပြိုင်ဖက် အသင်း ဖက်မှ တည်ကန်ဘော ကန်ခွင့် ရရှိ ခဲ့ပြီး ဂိုးသမား ဖြစ်သူ က အမြန်ဆုံး ပဲ ပွဲကို ပြန်လည် စတင် လိုက်ခဲ့ ပါတယ် ။ အဲ့ဒီ အချိန်ထိ ဝမ်ဒါဆန် ဟာ ပွဲကြည့်စင် ဖက်ကို ပြေးနေ ဆဲပဲ ရှိနေ ခဲ့ပါ သေးတယ် ။

ဝမ်ဒါဆန် ဟာ သူ့ရဲ့ ဇနီး နဲ့ အောင်ပွဲခံ အနမ်းချင်း ဖလှယ်ပြီး ကွင်းဖက် လှည့်ကြည့် လိုက်တဲ့ အခါ မှာတော့ သူ့ရဲ့ မျက်နှာ အထက်မှာ အံ့အား သင့်တဲ့ အရိပ်အယောင် တွေကို အထင်းသား မြင်တွေ့ ခဲ့ရ ပါတယ် ၊ ပွဲက ဆက်လက် ကစား နေ ကြပြီ လေ ။

အခြား တစ်ဖက် မှာတော့ ဂိုး ရရှိ သလား ၊ မရဘူး လား ဆိုတာ ကို မဆင်ခြင် ပဲ အခုလို အထူး အောင်ပွဲ ခံ ခဲ့တဲ့ သူ့ အပေါ် အသင်းဖော် တွေနဲ့ နည်းပြ တို့က စိတ်ပျက် ၊ ဒေါသ ထွက် နေတဲ့ ပုံတွေ ပေါ်နေ ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ကံကောင်း ခဲ့တာ ကတော့ သူ ကွင်း အပြင် မှာ ရှိနေ ခဲ့တဲ့ အချိန် ဆလားဗီးယား ဆိုဖီယာ အသင်း ဖက်မှ အခွင့် ကောင်း မယူ နိုင်ခဲ့ တာ ပါပဲ ။ ဒါ့အပြင် ပွဲချိန် ပထမပိုင်း အတွင်း ဆလားဗီးယား အသင်း ဖက်မှ အနီကဒ် ကြောင့် တစ်ဦး ထုတ်ပယ် ခံခဲ့ ရခြင်းက ခနတာ တော့ ကွင်းထဲ တစ်ဖက် ဆယ်ယောက်စီ ဖြစ်သွား စေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် ဟာ ဂိုး မရှိ သရေ ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ခြင်းနဲ့ အတူ လူဒိုဂိုးရပ် အသင်း ဟာ လိဂ် အမှတ်ပေး ဇယား အဆင့် 2 နေရာ မှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။ ဆလားဗီးယား ဆိုဖီယာ အသင်း ကတော့ အဆင့် 8 နေရာ ကို ရောက်ရှိ သွားခဲ့ ပါတယ် ။

 

အသက် 31 နှစ် ရှိတဲ့ ဘရာဇီး သား ဝမ်ဒါဆန် ဟာ ဘရာဇီး ကလပ် အခြေစိုက် ကလပ် အသင်း တစ်ခု မှာ နှစ် အနည်းငယ် ကစား ခဲ့ပြီး နောက် 2014 မှာ လူဒိုဂိုးရပ် အသင်းဆီ ပြောင်းရွှေ့ လာခဲ့ ပြီး ကစားသမား ဘဝ ကို ဒီမှာ ပဲ အဆုံးသတ် လိုနေ သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar