ရီးရဲ မက်ဒရစ် အသင်း ဟာ လာလီဂါ ပွဲတွေ ကစား ဖို့ လေ့ကျင့် ခန်း ပြန် လည် ပြုလုပ် ခဲ့ ပြီး ဂါရတ်ဘေး ပါဝင် လာခဲ့ ပေမယ့် ဗာရိန်း ကို တော့ မတွေ့ မိ ခဲ့ ဘူး လို့ ကြားသိ ရ ပါတယ် ။
Unicode
ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ
===========================================
မန် ချက် စတာ ယူ နိုက် တတ် အသင်း ပိုင် ရှင် ဂလေဇာ မိသား စု ဟာ နည်း ပြ ဟို ဆေး မော် ရင် ဟို ကို အပြည့် အဝ ထောက်ခံ ပေး နေ ဆဲ ဖြစ် တယ် လို့ သိရ ပါတယ် ။ အကယ်၍ မော် ရင် ဟို ထွက် ခွာ ဖြစ် ခဲ့ ပါက လည်း ဇီဒန်း ကို အစား ထိုး ဖို့ မရှိ ဘဲ စပါး နည်းပြ ပိုချက် တီနို ကို သာ ခေါ်ယူ ဖို့ စဉ်းစား ထား တယ် လို့ သတင်း ပေါ် ထွက် လာခဲ့ ပါတယ် ။
အင်္ဂလန် နည်းပြ ဆောက် ဂိတ် ကတော့ လက် ရွေး စင် အသင်း နဲ့ ၂၀၂၂ ခုနှစ် အထိ စာချုပ် သက်တမ်း တိုး လိုက်ပြီ လို့ သတင်း ရရှိ ပါတယ် ။ ဒါ့အပြင် ဆောက် ဂိတ် ဟာ လာမယ့် နိုင်ငံ ပွဲစဉ် တွေ အတွက် ကစား သမား စာရင်း ကို ထုတ်ပြန် ကြေငြာ လိုက်ပြီ ဖြစ် ကာ ဒေါ့မွန် မှာ အစွမ်း ပြ နေတဲ့ လူငယ် ကြယ်ပွင်ေ့လး ဂျေဒန် ဆန်ချို နဲ့ ဒါဘီ မှာ ခြေစွမ်း ပြ နေတဲ့ လူငယ် ကစား သမားလေး မေဆွန် မောင့် တို့ ပါ၀င် လာခဲ့ ကြ တယ် လို့ သိရ ပါတယ် ။
ခရစ္စတီယာနို ရို နယ် ဒို ဟာ ပေါ်တူဂီ အသင်း ရဲ့ လာမယ့် ပွဲစဉ် တွေ မှာ လည်း ပါ၀င် ကစား ပေး ဦး မှာ မဟုတ် သေး ဘူး လို့ သိရ ပါတယ် ။
PSG နဲ့ ရက်စတာ အသင်း တို့ ဟာ ယမန် နေ့ ညက ပွဲ မတိုင် မီ ကွင်း အပြင် မှာ ပရိသတ် အချို့ ခိုက် ရန် ဖြစ် ပွားမှု နဲ့ ပတ်သက်ပြီး UEFA ရဲ့ စွဲချက် တင် ခံ ခဲ့ ရတယ် လို့ သိရ ပါတယ် ။
ကွမ် ကျိုး အဲဗားဂရန့် အသင်း ဟာ ဘာစီလိုနာ အသင်း ထံ ကနေ ပေါ်လင်ဟို ကို ခေါ်ယူ ခဲ့ တဲ့ အတွက် လာမယ့် ဇန်နဝါရီ မှာ ပြောင်းရွှေ့ ကြေး ယူရို သန်း ၅၀ ကို ပေးချေ သွားမယ် လို့ သိရ ပါတယ် ။
လုခ် ရှော ကတော့ မန်ချက် စတာ ယူနိုက်တတ် အသင်း ရဲ့ စက်တင်ဘာ လ အတွက် အကောင်းဆုံး ကစား သမား ဆု ကို ဆွတ် ခူး ရရှိ သွားခဲ့ ပါတယ် ။ ရှော အတွက် တော့ ဒီ ဆု ကို ၂ လ ဆက် တိုက် ရရှိ ခဲ့တာပဲ ဖြစ် ပါတယ် ။
မေဂျာလိဂ် ကို ၂၀၂၀ ခုနှစ် မှာ ၀င် ရောက် ယှဉ်ပြိုင် ကစား တော့ မယ့် အင်တာ မိုင်ယာမီ အသင်း ပိုင်ရှင် ဒေးဗစ် ဘက်ခမ်း ဟာ မိုနာကို မှာ ကစား နေတဲ့ ကိုလံ ဘီယာ တိုက် စစ် မှုးကြီး ဖယ် ကာ အို ကို ပထမ ဦးစား ပေး တိုက် စစ် မှုး ပစ်မှတ် အဖြစ် သတ်မှတ် ထား ပြီး လာမယ့် နှစ် ထဲ မှာ ကမ်းလှမ်း လိမ့်မယ် လို့ သတင်း ထွက် ပေါ် နေ ပါတယ် ။
PSG ကွင်း လယ် လူ ရာ ဘီ ယော့ ဟာ အသင်း ရဲ့ စာချုပ် သစ် ကမ်းလှမ်း မှု ကို တတိယ အကြိမ် ပယ် ချ လိုက် တယ် လို့ ကြားသိ ရ ပြီး မန်စီးတီး နဲ့ ဘာ စီ လို နာ တို့ က ရာဘီ ယော့ ရဲ့ အခြေ အနေ ကို စောင့် ကြည့် နေကြ ပါတယ် ။
စပိန် လက် ရွေး စင် နည်းပြ အင်း န ရစ် ဟာ အင်္ဂလန် ၊ ဝေးလ် တို့ နဲ့ ကစား မယ့် ပွဲ တွေ အတွက် လူစာရင်း ကို ထုတ် ပြန် ကြေငြာ ခဲ့ ရာမှာ ရီးရဲ နောက် ခံလူ ကာဗာရယ် နဲ့ ဘာ စီ လိုနာ ကစား သမား ဆာဂျီ ရောဘတ်တို တို့ ပါ၀င် မလာခဲ့ ဘဲ ၀ုဗ် နဲ့ ခြေစွမ်း ပြ နေ တဲ့ နောက် ခံလူ ဂျွန်နီ ကက်စထရို က တော့ ပထမဆုံး အကြိမ် အဖြစ် ရွေးချယ် ခံ ခဲ့ ရ ပါတယ် ။
ပြင်သစ် အသင်း ဟာ လည်း ဂျာမဏီ ၊ အိုက်စလန် တို့ နဲ့ ကစား မယ့် ပွဲတွေ အတွက် လူစာရင်း ကို ထုတ်ပြန် ခဲ့ ရာမှာ ဇူးမား နဲ့ လူးကပ် ဒစ်ဂနီ တို့ အရွေး ချယ် ခံ ခဲ့ ရပြီး ယူနိုက်တတ် တောင်ပံ ကစား သမား မာရှယ် ကတော့ ကျန် ရစ် နေ ဆဲ ဖြစ် ခဲ့ ပါတယ် ။
ရီးရဲ နောက် ခံလူ ကာဗာရယ် က တော့ ဒဏ်ရာ ရရှိ နေ ပြီး ဘာစီလိုနာ နဲ့ ပွဲ ကို ပါ၀င် နိုင် ဖို့ မသေချာ ဘူး လို့ သတင်း ပေါ် ထွက် နေ ခဲ့ ပါတယ် ။
ယမန် နေ့ ညက ကစား ခဲ့ တဲ့ နာ ပို လီ နဲ့ ချန် ပီယံ လိဂ် ပွဲ အပြီး မှာ လီဗာပူး တိုက် စစ် မှုး ဆာလာ ရဲ့ ပုခုံး ( ဒဏ်ရာ ရရှိ ထားခဲ့ သည့် ) မှာ ပလာ စတာ ကပ် ထား တာ ကို မြင်တွေ့ ခဲ့ ရတဲ့ အတွက် အီဂျစ် သား ရဲ့ ဒဏ် ရာ ဟာ အရှင်း သက်သာ ပျောက်ကင်း ခြင်း မရှိ သေးဘူး ဆိုတဲ့ သုံးသပ် မှု တွေ ပေါ်ထွက် လာခဲ့ ပါတယ် ။
လီဗာပူး ကို အနိုင် ရခဲ့ တဲ့ ပွဲမှာ ပါ၀င် ကစား ခဲ့တဲ့ နာပိုလီ တိုက် စစ် မှုး မီလစ် ဟာ ပွဲ အပြီး နာရီ အနည်းငယ် အကြာ အိမ် ပြန် ချိန် မှာ သေနတ် ကိုင် ထား သူ တစ်ဦး ရဲ့ လုယက် မှု ကို ခံ ခဲ့ ရပြီး ပေါင် ၁၈၀၀၀ တန် ရိုးလက်စ် နာရီ ကို ချွတ် ယူ သွားခဲ့ တယ် လို့ သိ ရ ပါတယ် ။
ရီးရဲ မက်ဒရစ် အသင်း ဟာ လာလီဂါ ပွဲတွေ ကစား ဖို့ လေ့ကျင့် ခန်း ပြန် လည် ပြုုလုပ် ခဲ့ ပြီး ဂါရတ်ဘေး ပါ၀င် လာခဲ့ ပေမယ့် ဗာရိန်း ကို တော့ မတွေ့ မိ ခဲ့ ဘူး လို့ ကြားသိ ရ ပါတယ် ။
အာဆင် နယ် တိုက် စစ် မှုး ဟောင်း သီယာရီ အွန် န ရီ ဟာ အက်စ်တွန် ဗီလာ အသင်း ရဲ့ နည်းပြ သစ် ဖြစ် လာ ဖို့ ရေပန်း စား နေတယ် လို့ သတင်း ကြားသိ ရပါတယ် ။