Chelsea

* The Telegraph ရဲ့ ဖော်ပြချက် အရ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ လာမယ့် အပတ် မှာ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် အတွက် ဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပါဝင် အရွေးချယ် ခံရနိုင်တယ် လို့ သိရပါတယ် ။ ၄င်းရဲ့ အသင်းဖော် တမ်မီ အေဘရာဟမ် ကတော့ ဟယ်ရီကိန်း ၊ ရက်ရှ်ဖို့ဒ် တို့ကြောင့် ပါဝင် ရွေးချယ်ခံရဖို့ မသေချာဘူး လို့ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း နောက်ခံလူ မာရီယို မယ်လ်ချော့တ် က အခုအခါ မှာ ချယ်လ်ဆီး ကစားသမား ဟောင်း တွေ ဖြစ်တဲ့ ဂျိုကိုးလ် ၊ အန်ဒီရေ ဖလို ၊ ပေါ်လို ဖာရဲရား အစရှိတဲ့ သူတွေဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် အသင်း တွေမှာ အသီးသီး နည်းပြ အဖွဲ့ဝင် နဲ့ တခြား တာဝန် ရာထူး များ ရယူ ထားတာကြောင့် အသင်း အတွက် ရေရှည် မှာ ဆက်လက် တိုးတက်မှု တွေ ရရှိလာမယ် လို့ ယုံကြည်ထားကြောင်း ဖွင့်ဟ ပြောဆို ခဲ့ပါတယ် ။

* ယနေ့ည ၁၀ နာရီခွဲ အချိန် မှာ ကျင်းပ ပြုလုပ်မယ့် ၂၀၁၉ – ၂၀၂၀ ချန်ပီယံလိဂ် မဲခွဲပွဲ မတိုင်မီ အားကစား ဝက်ဘ်ဆိုက် တခု ဖြစ်တဲ့ Bayern Forum ရဲ့ တွက်ချက်မှု အရ ချယ်လ်ဆီး အသင်း ဟာ အုပ်စု အတွင်းမှာ မဲအိုး နံပါတ် ၂ မှ အက်သလက်တီကို နဲ့ တစုတည်း ကျရောက်ဖို့ ရာခိုင်နှုန်း အများဆုံး ဖြစ်နေကြောင်း သိရပါတယ် ။ ရာခိုင်နှုန်း ၁၅.၆၁ % ရှိနေပြီး ရာခိုင်နှုန်း အနည်းဆုံး ကတော့ အေဂျက်ဇ် အသင်း ဖြစ်ကာ ၁၃.၀၈ % သာ ရှိပါတယ် ။

* မနေ့ည က ပြုလုပ် ခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် မဲခွဲပွဲ အပြီးမှာတော့ ချယ်လ်ဆီး အသင်း ဟာ ရာသီဥတု အခြေအနေ ဆိုးရွား ခဲ့လို့ ပွဲပျက် သွားခဲ့တဲ့ မက်ကလက်စ်ဖီးလ်တောင်း ( သို့ ) ဂရင်းစဘီတောင်း အသင်း အနက် တသင်း နဲ့ တတိယ အဆင့် မှာ ရင်ဆိုင် ကစား ရမှာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ဟာ လာမယ့် အပတ် မှာ ကစားမယ့် ဥရုဂွေး ၊ မက္ကဆီကို လက်ရွေးစင် အသင်း တွေနဲ့ ခြေစမ်း ကစားမယ့် အမေရိကန် လက်ရွေးစင် အသင်း ရဲ့ ကစားသမား စာရင်း မှာ ပါဝင် ရွေးချယ် ခံခဲ့ ရပါတယ် ။ ဒါ့အပြင် အမေရိကန် လက်ရွေးစင် နည်းပြ ဘာဟော့လ်တာ ဟာ Gold Cup မှာ ပူလီဆစ် ကို ကွင်းလယ် နေရာ က ထားသုံး ခဲ့ပေမယ့် လာမယ့် ခြေစမ်း ပွဲတွေမှာတော့ တောင်ပံ တိုက်စစ် ကစား စေမယ် လို့ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဘာကာယိုကို ဟာ လီဂူးဝမ်း ကလပ် မိုနာကို အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ဖို့ အတော်ကို နီးစပ် နေပြီး ၂ဖက် အသင်းကြား ဆွေးနွေးမှု တွေဟာလည်း မကြာခင်မှာ ပြီးမြောက်တော့မယ် လို့ Sky Italia ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။

* အလားတူပဲ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား လူးကပ်စ် ပီယာဇွန် ဟာ ပေါ်တူဂီ ကလပ် ရီယို အဗေး သို့ လာမယ့် ၄၈ နာရီ အတွင်း ၂ရာသီ အငှား နဲ့ ပြောင်းရွှေ့ဖို့ ရှိနေကြောင်း Daily Mail ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။ ဒါ့အပြင် စပိန် လာလီဂါ ကလပ် တသင်း ကလည်း ၄င်းကို ကြားဖြတ် ခေါ်ယူ နိုင်ဖို့ ကြိုးစား နေတယ် လို့လည်း ယင်း သတင်း က ဆက်လက် ဖော်ပြ ခဲ့ပါတယ် ။

* လက်ရှိ ချယ်လ်ဆီး အသင်း က အငှား ချထားတဲ့ အထဲမှာ ခြေစွမ်း အပြဆုံး ဖြစ်နေတဲ့ လူငယ် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါ နဲ့ ပတ်သက်ပြီး ချာလ်တန် အသင်း နည်းပြ လီဘောင်ယာ က ဂေါ်လဂါ ဟာ ချာလ်တန် ကို ရောက်လာလာခြင်း မှာပဲ ကစားကွက် နဲ့ ချက်ချင်း အံဝင်အောင် ကစား နိုင်ခဲ့သလို ၊ ချယ်လ်ဆီး အကယ်ဒမီ မှာ ကတည်းက ထူးချွန်ပြီးသား ဖြစ်တာကြောင့် ၊ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ရှင်းလင်း နေစရာ မလိုကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ခရစ် ဆပ်တွန် က နောဝှစ်ခ်ျ နဲ့ ပွဲမှာ ၂ဂိုး သွင်းယူ နိုင်ခဲ့တဲ့ ချယ်လ်ဆီး လူငယ် တိုက်စစ်မှူး အေဘရာဟမ် ဟာ အင်္ဂလန် လက်ရွေးစင် အသင်း မှာ အရွေးချယ် ခံရဖို့ ထိုက်တန် နေပြီ ဖြစ်ကြောင်း ၊ အေဘရာဟမ် ဟာ အရှေ့ ပွဲစဉ် တွေမှာ ဖိအား များခဲ့ပေမယ့် နောဝှစ်ခ်ျ နဲ့ ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် တွေကို အပြည့်အဝ အသုံးချ နိုင်ခဲ့ကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား ဒုတိယ အဆင့် ပွဲစဉ် မှာ ချယ်လ်ဆီး မှ ဘန်လေ သို့ တရာသီ အငှား ထွက်ကစား ခဲ့တဲ့ ဒရင့်ခ်ဝါးတား ပထမဆုံး ပွဲထွက် ပါဝင် လာခဲ့သလို ပွဲချိန်ပြည့် လည်း ကစား ခဲ့ပေမယ့် ၄င်းရဲ့ ဘန်လေ အသင်း ကတော့ ဆန်းဒါးလန်း ကို ၁ – ၃ နဲ့ အရေးနိမ့်ပြီး စောစောစီးစီးပဲ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါပြီ ။

SPORTS MYANMAR