Arsenal

* မြောက်လန်ဒန် ဒါဘီပွဲ မတိုင်မှီ အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟိုးလ်ဒင်းဟာ အဲဗာတန် ယူ၂၃ အသင်းနဲ့ ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားပေးနိုင်ခဲ့သလို စမစ်ရိုဟာလည်း မိနစ် ၈၀ ခန့် ပါဝင် ကစားပေးခဲ့တာကြောင့် သိပ်မကြာခင် အချိန်မှာ အသင်းကြီးအတွက် ပြန်လည် ကစားပေးနိုင်တော့မှာပါ ။

 

ဘယ်လာရင် ရဲ့ ဒဏ်ရာအခြေအနေရာလည်း တိုးတက်ကောင်းမွန်လာပြီ ဖြစ်ပြီး စက်တင်ဘာလမှာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်တော့မှာပါ။တီယာနေး နဲ့ မာဗရိုပါနိုစ့်ကတော့ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး စက်တင်ဘာလအတွင်းလေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။

* ကာရာဘောင်းဖလား တတိယ အဆင့်မှာ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ လိဂ်ချန်ပီယံရှစ် ကလပ် နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။အာဆင်နယ် နဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းတို့ဟာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကစားမယ်လို့ သိရပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ကာလကမှ နော်တင်ဟမ်ဖောရက်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျက်ကင်ဆန် အနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာပါ ။

* အာဆင်နယ် ကွင်းလယ်လူ တော်ရီးယားဟာ လာမယ့်လမှာ ကော်စတာရီကာ၊အမေရိကန် တို့နဲ့ ကစားမယ့် ဥရုဂွေး အသင်းရဲ့လူစာရင်းမှာ ရွေးချယ် ခံထားရပါတယ်။ တော်ရီးယား ဟာ လီဗာပူး အသင်းနဲ့ပွဲမှာ အာဆင်နယ် အသင်းအတွက် ချေပဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

* ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ က သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမားဟာ အာဆင်နယ် အသင်းရဲ ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ဖြစ်ကြောင်း နဲ့ သူ ချဲလ်ဆီး အသင်းမှာ စတင် ပွဲထွက် ကစားခွင့်ရတဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေကြောင်း ပြောကြားလိုက်ပါတယ်။

* အာဆင်နယ် အသင်းဟာ ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ စီဘယ်လောစ့်ကို အပြီးသတ် ခေါ်ယူနိုင်ချေ ရှိကြောင်း Daily Star က သုံးသပ် လိုက်ပါတယ်။ စီဘယ်လောစ့်ဟာ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်း နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အာဆင်နယ် အသင်းကို အပြီးသတ် ရောက်နိုင်ချေ များနေတာပါ။

* စပိန်လာလီဂါ ကလပ် ဆိုစီဒက် အသင်းဟာ အာဆင်နယ် နောက်ခံလူ မွန်ရီရဲလ် ကို ပေါင် ၃ သန်း ၊ နှစ်နှစ် စာချူပ် နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ မြောက်လန်ဒန်ဒါဘီ မတိုင်မှီ မွန်ရီရဲလ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမယ်လို့ သိရပါတယ်။

* စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းဟာ ဥရောပ အပြောင်းအရွှေ့မပိတ်သိမ်းခင် အာဆင်နယ် အသင်းရဲ့လူငယ် ကြယ်ပွင့် ဆမ်ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ် ။ ဂရင်းဝုဒ် ဟာ အာဆင်နယ် ယူ-၁၈ အသင်းမှာ ခြေစွမ်းပြ ကစားနေပြီး မနှစ်က ၂၁ ပွဲကစားရာမှာ သွင်းဂိုး ၁၀ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း ဂရင်းဝုဒ်ဟာ အာဆင်နယ် ယူ-၁၈ အသင်း အတွက် သုံးပွဲ ကစားပေးထားပြီး တစ်ဂိုး သွင်းယူ ပေးထားပါတယ် ။

* လီဗာပူး နဲ့ စပိန် ဂန္တဝင် ကွင်းလယ်လူ ဇာဘီ အလွန်ဆို က မီဆွတ် အိုဇေးလ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာတုန်းက နံပါတ် ၁၀ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်ကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

* လိဒ်ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင်း ဒန်နီမေးလ်စ် က တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမတိုင်မှီ ဒီနှစ်အတွက် မြောက်လန်ဒန် ဒါဘီ အကောင်းဆုံး ကစားသမား ၁၁ ယောက်ကို ရွေးချယ် ပေးလိုက်ပြီး အာဆင်နယ် အသင်းမှ စီဘယ်လောစ့် နဲ့ နီကိုလပ်စ် ပီပီတို့သာ ပါဝင် လာခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားဟောင်းတွေ ဖြစ်တဲ့ အဲလက်စ် အီဝိုဘီ နဲ့ ဂျက် ဝီလ်ရှိုင်းယား တို့ဟာ ယခု တစ်ပတ် ကာရာဘောင်း ဖလား ပွဲစဉ်တွေမှာ သက်ဆိုင်ရာ ကလပ် အသင်းတွေ အတွက် သွင်းဂိုးတွေ သွင်းယူ နိုင်ခဲ့ကြပါတယ်။

* အာဆင်နယ် အသင်းဟာ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ကို တစ်ပတ်လုပ်ခ ပေါင် ၇ သောင်း ဝန်းကျင် နဲ့ ငါးနှစ်စာချူ ပ် သက်တမ်းတိုးဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဂွမ်ဒူဇီ ဟာ ယခု လက်ရှိ အချိန်မှာ တစ်ပတ် လစ ပေါင် ၄၀၀၀၀ ဝန်းကျင် ရရှိနေပြီး အာဆင်နယ် အသင်းနဲ့ စာချူပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိ နေပါသေးတယ် ။

SPORTS MYANMAR