လီ​ဗာပူးအသင်းဟာ ယ​နေ့ညမှာ​တော့ ၎င်းတို့ရဲ့ ချန်​ပီယံလိဂ်​ အုပ်​စု ကံကြမ္မာကို တိတိကျကျ သိရ​တော့မှာ ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ အဆိုပါ မဲခွဲပွဲမတိုင်​မီ ချန်​ပီယံလိဂ်​ ဖလားကို ကာကွယ်​ရမယ့်​ လီ​ဗာပူးအသင်း အတွက်​ ဘယ်​အရာက အ​ဆိုးဆုံးအုပ်​စု နဲ့ အ​ကောင်းဆုံး အုပ်​စု ဖြစ်​လာနိုင်​သလဲ? လီ​ဗာပူး အသင်းဟာ ပြီးခဲ့တဲ့ရာသီ တုန်းက​တော့ ​ကောင်းမွန်​တဲ့ ​ခြေစွမ်း​တွေ ၊ အ​ကောင်းဆုံး comeback နဲ့အတူ ချန်​ပီယံလိဂ်​ ဖိုင်​နယ်​ကို ၂ရာသီဆက်​တိုက်​ တက်​လှမ်း နိုင်​ခဲ့ပြီး မက်​ဒရစ်​ဖိုင်​နယ်​မှာ ​တော့တင်​ဟမ်​ ကို ၂-၀ နဲ့ နိုင်​ကာ ၆ကြိမ်​​မြောက်​ ဥ​ရောပချန်​ပီယံ ဖြစ်​လာခဲ့ပါတယ်​။

ကစားသမား​တွေ ၊ နည်းပြအဖွဲ့ဝင်​​တွေ ၊ ပရိတ်​သတ်​​တွေရဲ့ ရင်​ထဲမှာ ဒီအမှတ်​တရဟာ ရင်​ထဲမှာ တစ်​သက်​လုံး ရှိ​နေ​တော့မှာ ဖြစ်​ပြီး ဒီလိုမျိုး ထပ်​မံ လုပ်​ပြဖို့ အတွက်​ အားလုံး စိတ်​အားထက်​သန်​ ​နေကြမှာပါ။ ဒီရာသီမှာ ဆုဖလားကို ကာကွယ်​ရမယ့်​ လီ​ဗာပူးအသင်းရဲ့ စိတ်​အားထက်​သန်​မှုကို ထပ်​မံ​တိုးပွား​စေတာက​တော့ ဒီရာသီ ​ဗိုလ်​လုပွဲကို ကျင်းပမယ့်​ ​နေရာဟာ ၎င်းတို့ရဲ့ ​အောင်​​မြေလို ဖြစ်​​နေတဲ့ အစ္စတန်​ဘူမှာပဲ ဖြစ်​ပါတယ်​။

လွန်​ခဲ့တဲ့ ၂၀၀၅ ခုနှစ်​ အစ္စတန်​ဘူဖိုင်​နယ်​မှာ လီ​ဗာပူးဟာ ​အေစီမီလန်​ အသင်းကို အံ့ဖွယ်​ comeback နဲ့ ​ကျော်​ဖြတ်​ကာ ၅ကြိမ်​​မြောက်​ ဥ​ရောပချန်​ပီယံ ဖြစ်​လာခဲ့သလို ယခုနှစ်​ ယူအီးအက်​​​အေ စူပါဖလားမှာလည်း ချဲလ်​ဆီးကို ပင်​နယ်​တီ အဆုံးအဖြတ်​နဲ့ပဲ အနိုင်​ယူကာ ​ဗိုလ်​စွဲခဲ့ပါတယ်​။ ဥ​ရောပချန်​ပီယံ ဖြစ်​ခဲ့တာ​ကြောင့်​ လီ​ဗာပူးဟာ မဲအိုးနံပါတ်​ ၁ မှာ ကျ​ရောက်​​နေပြီး ဥ​ရောပရဲ့ ထိပ်​တန်းအသင်းကြီး အများစုကို ​ရှောင်​လွှဲနိုင်​ခဲ့ပါတယ်​။ ယ​နေ့ညမှာ ပြုလုပ်​သွားမယ့်​ ချန်​ပီယံလိဂ်​ အုပ်​စုအဆင့်​ မဲခွဲပွဲမှာ ဘယ်​အရာက လီ​ဗာပူးအတွက်​ အဆိုးဆုံး နဲ့ အ​ကောင်းဆုံး အုပ်​စု ဖြစ်​လာမလဲဆိုတာ ခန့်​မှန်းကြည့်​ကြရ​အောင်​။

အ​ကောင်းဆုံး
ဘင်​ဖီကာ (pot 2) ၊ ဒိုင်​နမိုဇာဂရက်​ (pot 3) ​၊ ဂျန့်​ (pot 4)

ဘင်​ဖီကာ
ရီးရဲယ်​ ၊ အက်​သလက်​တီကို ၊ နာပိုလီ ၊ ​ဒေါမွန်​ဟာ တို့လို အသင်း​တွေ pot 2 ထဲမှာ ပါ​နေတာ​ကြောင့်​ ဘင်​ဖီကာနဲ့ ​တွေ့ဆုံခြင်းဟာ ယာဂန်​က​လော့ အတွက်​ တကယ့်​ကို အဆင်​​ပြေ​စေမှာ ဖြစ်​ပါတယ်​။ ​ပေါ်တူဂီ ကလပ်​ဟာ ဒီရာသီ ​ပေါ်တိုအသင်းကို ရှုံးနိမ့်​ထားခဲ့သလို အသင်းရဲ့ အ​ကောင်းဆုံး ကစားသမား ဂျာအိုဖီးလစ်​ကိုလည်း အက်​သလက်​တီကိုထံ လက်​လွှတ်​ထားရပါတယ်​။

ဒိုင်​နမိုဇာဂရက်​ (pot 3)
လီ​ဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ရက်​စတားဘဲလ်​ဂရိတ်​နဲ့ အ​ဝေးကွင်း ပွဲမှာ ပြင်းထန်​တဲ့ စိန်​​ခေါ်မှုနဲ့ ကြုံ​တွေ့ခဲ့ရပြီး Southern Europe မှာ ကစားရတဲ့ ပွဲ​တွေဟာ ဘယ်​​လောက်​ ခက်​ခဲသလဲဆိုတာ သိခဲ့ပါတယ်​။ ဒါ​ပေမယ့်​ လီ​ဗာပူးသာ သင်​ခန်းစာ ယူနိုင်​ခဲ့မယ်​ဆိုရင်​​တော့ ဇာဂရက်​ဟာ သိပ်​ပြီး ခက်​ခဲမှု​တွေ ​ပေးနိုင်​မှာ မဟုတ်​ပါဘူး။ ဇာဂရက်​ဟာ စပိန်​ယူ ၂၁ စတား အိုမိုကို ပိုင်​ဆိုင်​ထားဆဲ ဖြစ်​​ပေမယ့်​လည်း အုပ်​စုအဆင့်​ကို ခက်​ခက်​ခဲခဲ ​ရောက်​လာတာကို ကြည့်​ရင်​ လီ​ဗာပူး အတွက်​ သိပ်​ပြီး ​ကြောက်​စရာမရှိပါဘူး။

ဂျန့်​ (pot 4)
ဂျန့်​ဟာ ​ခြေ​တွေ့တဲ့ ​နေ့​တွေမှာဆိုရင်​ တကယ်​ကို ​ကောင်းမွန်​တဲ့ အသင်း ဖြစ်​​ပေမယ့်​လည်း ချန်​ပီယံလိဂ်​ အ​တွေ့အကြုံက​တော့ နည်းပါတယ်​​။ လီ​ဗာပူး အ​နေနဲ့ ၂ ​ကျော့စလုံး ရမှတ် အမြင့်​ဆုံး စု​ဆောင်းနိုင်​ဖို့ ​မျှော်​လင့်​နိုင်​ပါတယ်​။ pot 4 မှာ ရက်​ဘူးလိုက်​ပ်​ဇစ်​ နဲ့ ဆုံနိုင်​​ခြေလည်း ​ရှိ​နေတာ​ကြောင့်​ ယာဂန်​က​လော့ အ​နေနဲ့ ဘယ်​ဂျီယံ ကို သွားရတာ ပိုနှစ်​သက်​မှာပါ။

အ​ဆိုးဆုံး

ရီးရဲယ်​မက်​ဒရစ်​ (pot 2) အင်​တာမီလန်​ (pot 3) ၊ ရက်​ဘူးလိုက်​ပ်​ဇစ်​ (pot 4)

ရီးရဲယ်​မက်​ဒရစ်​ (pot 2)
ဇနက်​ဒင်းဇိဒန်းရဲ့ အသင်းဟာ ပြန်​လည်​ တည်​​ဆောက်​​နေဆဲ ကာလ ဖြစ်​​ပေမယ့်​ ပရီးမီးယားလိဂ် ကလပ်​ကို ဒုက္ခ​ကောင်း​ကောင်း ​ပေးနိုင်​တဲ့ ကြယ်​ပွင့်​ ကစားသမား​တွေကို ပိုင်​ဆိုင်​ထားပါတယ်​။ မက်​ဒရစ်​ ကလပ်​ဟာ ၂၀၁၈ ခုနှစ် ဖိုင်​နယ်​မှာ လီ​ဗာပူးကို အနိုင်​ယူထားခဲ့ပြီး ဒီပြိုင်​ပွဲ အ​ကြောင်း ​နှော​ကျေ​နေတဲ့ အသင်းတစ်​သင်းပါ။ ရီး​ရဲယ်​ နဲ့ဆုံခဲ့မယ်​ ဆိုရင်​​တော့ လီ​ဗာပူး တို့ ​စော​စောစီးစီး စိန်​​ခေါ်မှု ကြီးကြီးနဲ့ ရင်​ဆိုင်​ရမှာပါ။

အင်​တာမီလန်​ (pot 3)
အန်​တိုနီယိုကွန်​တီဟာ အိပ်​​ပျော်​​နေတဲ့ ဘီလူးကြီးကို လုပ်​နိုးနိုင်​​တော့မယ်​လို့ ခံစား မိ​နေပါတယ်​။ ချဲလ်​ဆီး နည်းပြ​ဟောင်းဟာ လူကာကူ ၊ ​ဆန်းချက် တို့ကို ​ခေါ်ယူကာ အ​ကောင်းဆုံး အားဖြည့်​မှု​တွေ လုပ်​ထားနိုင်​ခဲ့ပါတယ်​။ အင်​တာမီလန်​ ဟာ ပြီးခဲ့တဲ့ရာသီက ​တော့တင်​ဟမ်​ အတွက်​ ခက်​ခဲမှု​တွေ ​ပေးစွမ်း ခဲ့သလိုမျိုး လုပ်​​ဆောင်​ နိုင်​စွမ်း ရှိပါတယ်​။

ရက်​ဘူးလိုက်​ပ်​ဇစ်​ (pot 4)
ဘွန်​ဒက်​လီဂါ ကလပ်​ဟာ ပြိုင်​ပွဲ အ​တွေ့အကြုံ နည်းပါး ​​ပေမယ့်​လည်း အရည်​အ​သွေးမြင့်​ ကစားသမား​တွေကို ပိုင်​ဆိုင်​ထားတဲ့ အသင်း ဖြစ်​ပါတယ်​။ တီမို​ဗက်​နာဟာ မကြာ​သေးမီက အသင်းနဲ့ စာချုပ်​သစ်​ ချုပိဆိုခဲ့ပြီး သူ့ကို ကာလရှည်​ စိတ်​ဝင်​စား​နေခဲ့တဲ့ လီ​ဗာပူး အသင်းကို သူ့ရဲ့ စွမ်းရည်​တို့ကို ပြသဖို့ စိတ်​အားထက်​သန်​ ​နေမှာပါ။

SM

Pot 1
လီဗာပူး ချဲလ်​ဆီး ဘာစီလိုနာ မန်​စီးတီးယူ​ဗင်တပ် ဘိုင်ယန် ပီအက်စ်ဂျီ ဇင်းနစ်

Pot 2
ရီးရဲ အက်​သလက်​တီကို ဒေါ့မွန် နာပိုလီရှက်တာ ​တော့တင်​ဟမ်​ အိုင်​ယက်​ ဘင်ဖီကာ

Pot 3
လီယွန် လေဗာကူဆင် ဆဲလ်ဘတ်​ အိုလံပီယာကော့ ကလပ်ဘရုခ်ျ​ ဗလင်စီယာ အင်တာမီလန်​ ဒိုင်နမို ဇာဂရက်

Pot 4
လိုကိုမိုးတစ် မော်စကို ဂျန့် ဂါလာတာ စာရေး လိုက်ပ်ဇစ် ဆလားဗီးယား ပရက် ရက်​စတားဘဲဂရိတ်​ အတ္တလန္တာ
လိုင်လီ

#SM