Manchester city

ယနေ့ နံနက်ပိုင်းနဲ့ ယမန် နေ့ နံနက်ပိုင်း မှာ တော့ ချန်ပီယံလိဂ် ခြေစစ်ပွဲနောက်ဆုံး အဆင့်ပွဲစဉ်တွေ ကစားသွားခဲ့ပြီး အုပ်စုအဆင့်အတွက် အသင်းတွေ စုံလင်သွားခဲ့ပြီဖြစ်ပါတယ်။အုပ်စု တွေအတွက် မဲခွဲ ပွဲ အခမ်းအနားကို တော့ ယနေ့ မှာ ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပသွားတော့ မှာလည်း ဖြစ်ပါတယ်။

နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ နောက်ပိုင်း နှစ်တွေ အတွင်း ချန်ပီလိဂ် ပြိုင်ပွဲကို အမြဲလိုလို ပါဝင်နေခဲ့ရပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းတွေထဲ မှာလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ဟာ အခုချိန် အထိ တော့ သမိုင်းတလျှောက်အမြင့်ဆုံး အဖြစ် ဆီမီးဖိုင်နယ်အထိတက်ရောက်ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဆုဖလားကြီးဟာ ဂွာဒီယိုလာအတွက်တော့ ဘာစီလိုနာ အသင်းကနေ ထွက်လာခဲ့အပြီးကတည်းက ရယူနိုင်ခြင်း မရှိတော့ဖြစ်ပြီးလတ်တလော အင်္ဂလန်ပြည်တွင်း မှာအကြွင်းမဲ့ ဗိုလ်ဖြစ်နေတဲ့ မန်စီးတီး ရယူစရာတခုတည်းသောဖလားတခုအဖြစ် လည်းရှိနေတာဖြစ်ပါတယ်။

သူတို့ဟာယမန် နှစ် ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိခဲ့ပြီး ပြည်တွင်းလိဂ် ပြိုင်ဘက် စပါး အသင်းကို အရေးနိမ့်ခဲ့ရလို့ လှည့်ပြန်ထားခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ ပြည်တွင်းဖလားတွေ ကို ၂ နှစ်ဆက်အဖြစ်ရရှိထားခဲ့ပြီးဖြစ်လို့လည်း ၊ အခုနှစ်မှာ ဥရောပချန်ပီယံ လိဂ်မှာ အခြေအနေကောင်းနိုင်ဖို့ ဦးစားပေးဖွယ်ရှိနေပါတယ်။

ပထမဆုံး အဆင့်အဖြစ်တော့ အုပ်စုပွဲတွေ စတင်ပြီး ကစားသွားရမှာဖြစ်လို့ ခြေချော် လက်ချော်မဖြစ်ဖို့ အတွက် အရေးကြီးတာဖြစ်ပါတယ်။ဒါကြောင့်လည်း အခုအဆင့်မှာမန်စီးတီး အသင်းရင်ဆိုင်ချင်ဆုံး အသင်းတွေကဘာတွေလဲ ၊ မတွေ့ချင်ဆုံးပြိုင်ဘက်တွေကဘယ်အသင်းတွေလဲ ဆိုတာကို Mirror အောက်ပါအတိုင်းဖော်ပြသွားခဲ့ပါတယ်။

မန်စီးတီး အသင်းရဲ့ မျှော်လင့်ချက်အိပ်မက်-

မန်စီးတီး အသင်းဟာ မဲအိုး နံပါတ်၂ အတွင်းက ဘင်ဖီကာအသင်းနဲ့ တွေ့ရဖို့ ကို အမျှော်လင့်ဆုံးဖြစ်နေပါလိမ့်မယ်။ဘင်ဖီကာအသင်းဟာပြီးခဲ့တဲ့ ရာသီ ပေါ်တူဂီ လိဂ် ချန်ပီယံ ဖြစ်ပေမယ့်ဂျာအိုဖိလစ်လို ကြယ်ပွင့်မျိုး မရှိတော့သလို နောက်ဆုံးပွဲစဉ်မှာ ပေါ်တိုကို အိမ်ကွင်းမှာ ၀-၂ ဂိုးနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။

မဲအိုးနံပါတ် ၃အတွင်းကအသင်းတွေထဲမှာတော့ ဘရုဂေးအသင်းမန်စီးတီးကို ဒုက္ခပေးနိုင်စရာမရှိတဲ့ အသင်းမျိုးဖြစ်ပါတယ်။မဲအိုးနံပါတ် ၄အတွင်းက စလားဗီးယားပရက်ဂ် လို အသင်းမျိုးနဲ့ပါကျရောက်ခဲ့ရင်တော့ မန်စီးတီးတို့ရှုံးထွက်အဆင့်ကို ကျိန်းသေတက်ရောက်သွားတော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အိပ်မက်ဆိုး-

စပိန်မြေမှာ ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ် အသင်းကို ချန်ပီယံလိဂ် စစချင်းမှာပဲ မန်စီးတီး နည်းပြဂွာဒီယိုလာက ဆုံချင်နေပုံတော့မရပါဘူး။ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဥရောပရဲ့ ဘုရင်ဖြစ်ခဲ့တဲ့ ဇီဒန်းရဲ့ ရီးရဲလ်အသင်းကတော့ မဲအိုး နံပါတ် ၂ အတွင်းကျရောက်နေပြီး ကံဆိုးမယ့် မဲအိုး နံပါတ်၁ ဝင်အသင်းတသင်းကိုစောင့်ဆိုင်းနေတာဖြစ်ပါတယ်။

မဲအိုးနံပါတ် ၃အတွင်း အသင်းတွေထဲမှာတော့ နည်းပြကွန်တီရဲ့ အင်တာအသင်းက မန်စီးတီကို ဒုက္ခအပေးနိုင်ဆုံးအဖြစ်ရှိနေပါတယ်။သူတို့ဟာဒီရာသီမှာ အင်အားတောင့်တင်းနေပြီး အခုပြိုင်ပွဲနဲ့ စီးရီးအေ ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေသူတွေဖြစ်ပါတယ်။

မဲအိုးနံပါတ် ၄ အတွင်းက အသင်းတွေထဲ မှာ မန်စီးတီး ကို မထင်မှတ်တာတွေ လုပ်ပြနိုင်တာကတော့ တူရကီ ထိပ်တန်း အသင်းတသင်းဖြစ်တဲ့ ဂါလာတာဆာရေး အသင်းဖြစ်ပါတယ်။သူတို့ဟာယမန်နှစ် တူရကီ စူပါလိဂ်ရဲ့ ချန်ပီယံလည်းဖြစ်ပါတယ်။

မဲအိုး နံပါတ် ၁ – လီဗာပူး၊ ချဲဆီးလ်၊
ဘာစီလိုနာ၊ ဘိုင်ယန်၊ ဂျူဗီ၊ မန်စီးတီး၊
PSG ၊ ဇင်းနစ်။

မဲအိုး နံပါတ် ၂ – ရီးရဲလ်၊ အေတီကို၊
ဒေါ့မွန် ၊ နာပိုလီ၊ ရှက်တာဒိုးနက်စ်၊ စပါး၊ အေဂျက်၊ ဘင်ဖီကာ။

မဲအို နံပါတ် ၃ – လိုင်ယွန်၊ လေဘာကူဆင်၊ ဆဲဘာ့ခ်ျ၊ အိုလံပီယာကော့စ်၊ ဘရုဂေး၊ ဗလင်စီယာ၊ အင်တာ၊ ဒိုင်နမိုဇာဂရတ်။

မဲအိုးနံပါတ် ၄ – လိုကိုမိုးတစ်မော်စကို၊
ဂျန့်ခ် ၊ ဂါလာတာဆာရေး၊ လိုက်ပ်ဇစ်၊
ဆလားဗီးယားပရက်ဂ်၊ ရက်စတားဘဲဂရိတ်၊ အတ္တလန်တာ၊ လိုင်လီ။

SPORTS MYANMAR