David Luiz

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ချဲလ်ဆီး အသင်းရဲ့ဘရာဇီး နောက်ခံလူ ​ဒေးဗစ်လူးဝဇ် ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း၊နှစ်နှစ်စာချူပ်နဲ့ ခေါ်ယူ ခဲ့ပါတယ်။အာဆင်နယ် နဲ့ ဒေးဗစ်လူးဝဇ်တို့ဟာ အပြောင်းအရွှေ့ကာလတစ်လျှောက် ဘာသတင်းမှ မထွက်ခဲ့တာကြောင့် ပရိသတ်တွေ အတွက်တော့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ ပြင်သစ် လီဂူးဝမ်းကလပ် ဘော်ဒိုး အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းခေါင်းဆောင် ကော့စီရယ်နီ အစားထိုးဖို့ ဝါရင့် နောက်ခံလူ တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဂန်းနား ကစားသမားဟောင်း တစ်ဦးကြောင့် ​ဒေးဗစ်လူးဝဇ် ကို ခေါ်ယူနိုင်ခဲ့တာပါ။

David Luiz

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ သုံးနှစ်ဆက် လွဲချော် ခဲ့တာကြောင့် ငွေကြေး အမြောက်အများ အသုံးပြု ဖို့ အခက်အခဲ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပေမယ့် နီကိုလပ်စ်ပီပီ ၊ ဆီဘယ်လော့ တို့လို ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အသင်းရဲ့ အနာဂတ်အတွက်လည်း ဆာလီဘာ ၊ မာတီနယ်လီ တို့လို အလားအလာကောင်းတွေရှိတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ တီယာနေး ကို ပေါင် ၂၅ သန်း ၊ ဒေးဗစ်လူးဝဇ် ကို ပေါင် ၈ သန်း နဲ့ ထပ်မံ အင်အားဖြည့် ခေါ်ယူနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့နွေရာသီကစားသမား ခေါ်ယူမှုတွေမှာ အဓိက ကျခဲ့ပြီး ချီးကျူးရမယ့်သူကတော့ ရာအူးလ် ဆမ်ဟီလီ ပါ။

အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဒေးဗစ်လူးဝဇ် ကို ခေါ်ယူနိုင်ဖို့ အတွက် ဆမ်ဟီလီ ဟာ အာဆင်နယ် အသင်း ကစားသမား​ဟောင်းလည်း ဖြစ်သလို ချဲလ်ဆီး အသင်းရဲ့နည်းစနစ် နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်နေတဲ့ ပီတာဆက်ခ်ျ နဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့တယ်လို့ ESPN က ဖော်ပြလိုက်ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ် အသင်းဟာ ဒေးဗစ်လူးဝဇ်ရဲ့ အပြောင်းအရွှေ့ကို အချိန်တိုလေး အတွင်းမှာ အပြီးသတ် လုပ်ဆောင်နိုင် ခဲ့တာလည်း ဖြစ်ပါတယ်။ဒေးဗစ်လူးဝဇ် ရဲ့အပြောင်းအရွှေ့ဟာ အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးမှာ ပြောင်းရွှေ့ကစားတဲ့ ဆယ်ယောက်မြောက် ကစားသမားပါ ။ ဒေးဗစ်လူးဝဇ် မတိုင်ခင် အာဆင်နယ် နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးမှာ ကစားခဲ့ကြဖူးတဲ့ ကစားသမားတွေကတော့ ပီတစ် ၊ အက်ရှ်လေကိုးလ် ၊ အနယ်လ်ကာ ၊ ဂါးလက်စ် ၊ ပီတာဆက်ခ်ျ ၊ ဘီနာယောင် ၊ ဖာဘရီဂက်စ် ၊ လက်ဆနာ ဒီယားရား ၊ ဂျီရူး တို့ပဲ ဖြစ်ပါတယ်။

ဒေးဗစ်လူးဝဇ် ဟာ ဘန်လေ နဲ့ လီဗာပူး နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး အမှားတွေလည်း ကျူးလွန် ခဲ့ပါတယ် ။ ဘန်လေ အသင်း နဲ့ပွဲမှာ သူ့ရဲ့ ပွဲအပေါ် အာရုံ စူးစိုက်မှု နည်းပါးမှုကြောင့် ဂိုးတစ်ဂိုး ပေးခဲ့ ရသလို လီဗာပူး အသင်း နဲ့ ပွဲမှာလည်း သူ့ရဲ့ အမှားကြောင်း ပေးဂိုးနှစ်ဂိုး ခွင့်ပြု ခဲ့ရပါတယ် ။

SPORTS MYANMAR