လီ ဟဗ်ရီ အသင်း မှ ကစားသမား အင်အား ဖြည့်တင်း ပေးသူ အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဖရန့် ဆေးလ် က ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ စိန်ခေါ်မှု အသစ် တစ်ခု ကို သေချာပေါက် ရှာဖွေ မှာ ဖြစ်ကြောင်း ၊ ဒါပေမယ့် သူသာ ရီးယဲ မက်ဒရစ် အသင်း ဆီ ပြောင်းရွှေ့ မယ် ဆိုရင် အရာရာ တိုင်းက အဆင်ပြေ နိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဖရန့် ဆေးလ် ဟာ ပေါ့ဂ်ဘာ ရဲ့ ကစားသမား ဘဝ စတင် နိုင်ဖို့ အတွက် အကူ အညီ ပေးခဲ့ သူ ဖြစ်ပြီး ပြင်သစ် လက်ရွေးစင် ဟာ ယူနိုက်တက် မှ ထွက်ခွာ ကောင်း ထွက်ခွာ နိုင်လိမ့် မယ်လို့ ထင်မှတ် ပေမယ့် ရီးယဲ မက်ဒရစ် အသင်း မှာလည်း သူဟာ ဇီဒန်း နဲ့ ပြသနာ ဖြစ်လိမ့် ဦးမယ် လို့ ယုံကြည်ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ဟာ ပြီး ခဲ့တဲ့ ဆောင်း ရာသီ အပြောင်း အရွှေ့ ကတည်းက ရီးယဲ မက်ဒရစ် အသင်း ရဲ့ စိတ်ဝင်စား မှုကို ရရှိ ခဲ့ပြီး စိန်ခေါ်မှု အသစ် ကို ရှာဖွေ လိုကြောင်း ထုတ်ဖော် ပြောကြား ခဲ့တဲ့ နောက် ဇီဒန်း ရဲ့ အထူး စိတ်ဝင်စား မှုကို ရရှိ ထားခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ ပေါ့ဂ်ဘာ ဟာ ထူးခြား ကောင်းမွန် တဲ့ နည်းပြ တွေနဲ့ အဆင် ပြေနိုင် မယ့်သူ မဟုတ်ကြောင်း ၊ ဆာ အဲလပ်စ် တုန်းက အနေ အထား ကို ဥပမာ ပေးရင်း ဖရန့် ဆေးလ် က သူရဲ့ ကစား သမား ဟောင်း အကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” အကယ်လို့ ပေါလ် ဟာ ထူးခြား ကောင်းမွန် တဲ့ ၊ အရမ်း တော်တဲ့ နည်းပြ တစ်ဦး နဲ့ အလုပ် လုပ်နေ ရပြီ ဆိုရင် တစ်ချိန် မဟုတ် တစ်ချိန် သူဟာ အဲ့ဒီ နည်းပြ နဲ့ ပြသနာ တစ်ခုခု ဖြစ်မှာ ပါပဲ ”

” လွန်ခဲ့တဲ့ နှစ် အနည်းငယ် တုန်းက သူ ဖာဂူဆန် ဆီက နေ ဂျူဗင်တပ် အသင်း ဆီ ထွက်ခွာ ခဲ့စဉ် တုန်းက အနေအထား တွေဟာ အရမ်း ရှုပ်ထွေ ခဲ့ ပါတယ် ။ ပေါလ် ဟာ အမိန့် နာခံ လိုစိတ် မရှိ ပါဘူး ။ သူ့ရဲ့ အမူအကျင့် တွေက ခိုင်မာ ပြတ်သား လေ့ ရှိခဲ့ ပါတယ် ။ ဒါ့ကြောင့် သူ သွားမယ် လို့ ပြောလိုက် ရင် ၊ အဲ့ဒီ ကနေ ထွက်ခွာ သွားမှာ ပါပဲ ”

” အကယ်လို့ သူဟာ နောက် တစ်နေ့ မှာ ရီးယဲ မက်ဒရစ် အသင်း ဆီ ပြောင်းရွှေ့ ဖြစ်မယ် ဆိုရင် သူဟာ အဲ့ဒီမှာ လည်း ဇီဒန်း နဲ့ အဆင် မပြေ ဖြစ်နေ ဦးမှာ ပါပဲ ” လို့ ဖရန့် ဆေးလ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပေါ့ဂ်ဘာ 12 နှစ်သား အရွယ် တုန်းက ပြင်သစ် မှာ သူငယ်ချင်း တွေနဲ့ ဘောလုံး ကစား ခဲ့စဉ် ကတည်းက ဆေးလ် က သူ့ကို ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပြီး 2 နှစ်တာ အချိန် ပေး ခဲ့တဲ့ နောက် သူဟာ လီ ဟဗ်ရီ အသင်း ဆီ ပြောင်းရွှေ့ ရင်း ကစားသမား ဘဝ ကို စတင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။

အခုတော့ ဆေးလ် က ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် မှာ အရမ်း ကို သက်သောင့် သက်သာ ဖြစ်နေ သလို ခံစား နေ ရတာ ကြောင့် အခုလို စိန်ခေါ် မှု အသစ် တွေကို ရှာဖွေ သွားဖို့ ပြော နေတာ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

” ပေါလ် ဟာ စိန်ခေါ် မှု တွေကို လိုအပ် တဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ ယူနိုက်တက် မှာ ကစား ရတာ အရမ်း ကို သက်သောင့် သက်သာ ဖြစ် နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ အခု အနေအထား က သူ့ အတွက် အရင် တုန်းက လောက် စိန်ခေါ် မှုတွေ ရှိ မနေ ပုံ ပါပဲ ”

” သူဟာ စိန်ခေါ် မှု အသစ် တွေ အတွက် အဆင်သင့် ဖြစ်နေ ပြီလို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ အသင်းကြီး တစ်သင်း ဆီ ပြောင်းရွှေ့ ပြီး အဲ့ဒီလို စိန်ခေါ် မှု အသစ် တွေကို ရယူ နိုင်ဖို့ လုပ်ဆောင် တော့မယ် လို့ ကျွန်တော် မြင်ယောင် နေ ပါတယ် ”

” သူဟာ ငယ်ငယ် ကတည်းက အားလုံး ကို ဦးဆောင် လို ခဲ့တဲ့ သူ တစ်ဦး ပါပဲ ။ ဒါ့ကြောင့် လည်း လက်ရှိ အချိန် မှာ သူ့ရဲ့ အမူအကျင့် တွေက ပြင်းထန် နေခဲ့ တာပါ ။ သူဟာ နည်း စနစ် ပိုင်း အရ အရည်အသွေး ပြည့်ဝ တဲ့ ကစားသမား တစ်ဦး ဆိုတာ ခင်ဗျား တို့ မြင်တွေ့ နိုင် ပါတယ် ”

” သူ့ရဲ့ စိတ်ဓါတ် ခံယူချက် ကိုက ပြင်းထန် ပြတ်သား နေတာ ကြောင့် လူတွေ အချို့က သူ့ကို စိတ်ကြီးဝင် နေတဲ့ ကစားသမား လို့ ထင်လေ့ ရှိတက် ကြ ပါတယ် ။ သူဟာ သူ့ ကံ ကြမ္မာ ကို စီရင် နိုင်စွမ်း ရှိတဲ့ ၊ အရည်အသွေး ကောင်းတဲ့ ကစားသမား တစ်ဦး ပါပဲ ” လို့ ဖရန့် ဆေးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar