ယာဂန်ကလော့ က သူဟာ မိုဟာမက် ဆာလား ရဲ့ ဒီရာသီ ခြေစွမ်း နဲ့ ပက်သက်ပြီး စိုး၇ိမ် ပူပန်မှု မရှိဘူးလို့ ဆိုလိုက်ပြီး လီဗာပူး တိုက်စစ်မှုး ရဲ့ အလုပ် ကြိုးစားမှု ကြောင့် မကြာမီ အကျိုး ပြန်ခံစား ရမယ်လို့ မျှော်လင့် ထားပါတယ်။
မန်စီးတီး နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲ မှ ပြောစကားတွေနဲ့ … လီဗာပူး သတင်းတိုများ
===============
ကလော့ က “သူတို့ဟာ အရမ်း ကို ကောင်းပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း အသင်းကောင်း ဆိုတာ ကို သက်သေ ပြသွား ရမှာပါ။ ကျွန်တော်တို့ ပြသ ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်း တောင့်တင်းတဲ့ အသင်း နဲ့ နောက်ထပ် တွေ့ပါပြီ။ ဒါဟာ နောက်ထပ် အရမ်းကို ခက်ခဲ အုံးမှာပါ။ ဒီအချိန် မှာတော့ ဖိအားတော့ မရှိ ပါဘူး။ ဒီပွဲဟာ ပွဲ ၃၀ မြောက် လောက်မှာ ဆိုရင်တော့ ဒီဖိအား ကို ဘယ်သူ ဖြေရှင်း နိုင်မလဲ ဆိုတာ စောင့်ကြည့် ရမှာပါ။”
လီဗာပူး မန်နေဂျာ ယာဂန်ကလော့ က မန်စီးတီး ဟာ ပီအက်ဂျီ လိုပဲ အရမ်းကို အင်အားကြီးမား တယ်လို့ ညွှန်းဆို လိုက်ကာ ဒီလို အသင်းမျိုး ရဲ့ လွှမ်းမိုးမှု ကို ဖြုတ်ချ သွားရန် တိုက်ပွဲ ၀င်သွား ရမယ်လို့ ဆိုသွား ပါတယ်။
ဘယ်ရီလောတပ် က လီဗာပူး ယူ၁၈ အသင်း ယနေ့ည မန်စီးတီး ယူ ၁၈ အသင်း နဲ့ ကတ်ဘီ အကယ်ဒမီ မှာ ကစား ရမယ့် ပွဲစဉ် မှာ အသင်း ရဲ့ ရှုံးပွဲ မရှိ မှတ်တမ်း ကို အမြင့်ဆုံး အဆင့်နဲ့ ဆက်လက်ထိန်းသိမ်း ထားနိုင် မယ်လို့ ယုံကြည် နေပါတယ်။
အန်ဖီး ဂန္တဝင် စတီဗင် ဂျာရတ် က လီဗာပူး နဲ့ မန်စီးတီး တို့ တနင်္ဂနွေ နေ့ အန်ဖီး မှာ တွေ့ဆုံမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ဟာ မဖြစ်မနေ ကြည့်သွား ရမယ့် ပွဲလို့ ယုံကြည်နေပြီး တစ်ကွင်းလုံး မှာ ကမ္ဘာ့အဆင့် ကစားသမား တွေ ပြည့်နေမှာ ဖြစ်တယ်လို့ ဆိုသွား ပါတယ်။
တိုက်စစ်မှုး ဒန်နီအင့် က သူဟာ လီဗာပူး မှာ ကစား ခဲ့တဲ့ သူ့ရဲ့ အချိန် တွေ ကနေ လေ့လာ သင်ယူ ခဲ့ကာ လက်ရှိ မှာ ဆိုရင်တော့ ဆောက်သမ်တန် အသင်း မှာ အထိုင်ကျ နေပြီ လို့ ဆိုသွား ပါတယ်။
စီးတီး နဲ့ ပွဲနဲ့ ပက်သက်ပြီး ကလော့ က “အလုပ်ကို ကြိုးစားရင် ဒါနဲ့ ထိုက်တန်တာ ပြန်ရ မှာပါ။ ကျွန်တော်တို့ ဒီအရာ နဲ့ အရမ်း ကောင်းတဲ့ ဘောလုံး ကစားပုံ ကို ရောစပ် သွားဖို့ ကြိုးစား သွားမှာပါ။ ဒါဟာ အစီအစဉ် ပါ။ ကိုယ့်ရဲ့ အကောင်းဆုံး အချိန်ကို ကိုယ်ကိုယ်တိုင် သာ ဖန်တီး ရမှာပါ။ ဒီလိုမျိုး အခြေအနေ တွေမှာ ရဲရင့်ဖို့ အတွက် လိုအပ် ပါတယ်။ ဒါဆိုရင် အလုပ် ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် ဘာမှ အာမခံ ချက် မရှိ ပါဘူး။”
ယာဂန်ကလော့ က သူဟာ မန်စီးတီး နဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ နောက်ဆုံး ၃ ပွဲ စလုံး အနိုင် ရရှိ ထားခဲ့ ပေမယ့်လည်း မန်ချက်စတာ ကလပ် ကို အနိုင် ရဖို့ဟာ ဘယ်တုန်း ကမှ မလွယ်ကူ ခဲ့ဘူး လို့ ပြောလိုက် ပါတယ်။
ယာဂန်ကလော့ က သူဟာ ပွဲကြည့်ဖို့ အတွက် ငွေကြေး များစွာ အကုန်ကျ ခံကာ ကွင်းထဲ ကို ရောက်အောင် လာခဲ့တဲ့ ပရိတ်သတ် တွေ အတွက် ဖျော်ဖြေမှု ပေးစွမ်း နိုင်တဲ့ တိုက်စစ် အားပြု ကစားဟန် ကို အသုံးပြု သွားမယ် ဆိုတဲ့ ယူဆချက် ကို လက်ကိုင် ထားတယ် လို့ ၀န်ခံ သွားပါတယ်။
ယာဂန်ကလော့ က သူဟာ မိုဟာမက် ဆာလား ရဲ့ ဒီရာသီ ခြေစွမ်း နဲ့ ပက်သက်ပြီး စိုးရိမ် ပူပန်မှု မရှိဘူးလို့ ဆိုလိုက်ပြီး လီဗာပူး တိုက်စစ်မှုး ရဲ့ အလုပ် ကြိုးစားမှု ကြောင့် မကြာမီ အကျိုး ပြန်ခံစား ရမယ်လို့ မျှော်လင့် ထားပါတယ်။
ပက်ဂွာဒီယိုလာ က “လီဗာပူး ဟာ သူတို့ ရရှိတဲ့ ချီးကျူး မှုတွေ အားလုံး နဲ့ ထိုက်တန် ပါတယ်။ ကျွန်တော်တို့လည်း ချီးကျူးမှု တွေ အများကြီး ရရှိ ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက် ဒီလို နှိုင်းယှဉ်မှု တွေ ရှိလာပြီ ဆိုရင် ကျွန်တော်တို့ ဂုဏ်ယူ ရမှာပါ။ ကျွန်တော်တို့ လုပ်လို့ ရတာ ကတော့ ကိုယ့်အလုပ် ကို အကောင်းဆုံး လုပ်သွားဖို့ပါ။”