မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် အင့်စ် က အသင်း ဟောင်းဟာ တိုက်စစ် မှူး တစ်ဦး လိုအပ် နေပြီး ဒီ အတွက် ကစားသမား ဟောင်း ဖြစ်သူ ဇလာတန် ကို ခေါ်ယူ ဖို့ အတွက် နှစ်ခါ ပြန် စဉ်းစား ဖို့ မလို အပ်ကြောင်း အကြံပြု စကား ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို က 2016 ခုနှစ် တုန်းက ဇလာတန် အီဗရာဟီ မိုဗစ် ကို အသင်း ဆီ ခေါ်ယူ ခဲ့သူ ဖြစ်ပြီး ဆွီဒင် လက်ရွေးစင် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ခဲ့တဲ့ အချိန် အနည်းငယ် အတွင်း အောင်မြင် မှုတွေ ရရှိ အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် 2018 မှာတော့ ဇလာတန် ဟာ အမေရိကန် ကလပ် LA ဂလက်စီ အသင်း ဆီ ပြောင်းရွှေ့ ခဲ့သူ ပဲ ဖြစ် ပါတယ် ။ ဒါပေမယ့် မကြာ သေးခင် ကပဲ ဇလာတန် က ယူနိုက်တက် ဖက်မှ သာ သူ့ကို အလိုရှိ နေမယ် ဆိုရင် သူဟာ ပြောင်းရွှေ့ ဖို့ အသင့် ရှိနေ ကြောင်း ဇလာတန် က ပြောခဲ့ ပါ သေးတယ် ။

ယူနိုက်တက် ဟာ ဒီနွေမှာ တိုက်စစ်မှူး လူကာကူ ကို အင်တာ မီလန် အသင်း ဆီ ရောင်းချ ခဲ့တဲ့ နောက် အသင်း ရဲ့ တိုက်စစ် နေရာ အတွက် ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ကို သာ အဓိက အားကိုး နေခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် အင့်စ် က ဇလာတန် ကို ပြန်လည် ခေါ်ယူ သင့်ကြောင်း အကြံပြု လိုက်တာ ပဲ ဖြစ်ပါတယ် ။

” ကျွန်တော် တို့ နောက်ပိုင်း မြင်တွေ့ ခဲ့ရ တာ တွေက ယူနိုက်တက် ဟာ တိုက်စစ်ဆင် ကစား လာခဲ့ တာကို ပါပဲ ။ ဒါပေမယ့် အဆုံးသတ် စွမ်းရည် တွေက တော့ သေချာ မှု မရှိ သေး ပါဘူး ။ ပြီးခဲ့တဲ့ တစ်ပါတ် က သူတို့ ရရှိ ခဲ့တဲ့ အခွင့် အရေး တွေကို ပဲ စောင့်ကြည့် လိုက်ပါ ”

” သူတို့ ဟာ ဂိုးသွင်း နိုင်သူ တစ်ဦး လိုအပ် နေ ပါတယ် ။ ဟယ်ရီ ကိန်း (သို့) အဂူရို လို ကစားသမား မျိုးပေါ့ ။ အသင်း အတွက် ပျော်ရွှင်မှု တွေကို ဂိုးသွင်း ရင်း ဖန်တီး ပေးနိုင် မယ့် သူမျိုး ပေါ့ ။ သူတို့ တွေက မာရှယ် နဲ့ ရပ်ရှ်ဖို့ တို့လို တစ်စုံ တစ်ခု လုပ်ပေး နိုင်မယ့် ကစားသမား တွေကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါပေမယ့် သူတို့ တွေက တစ် ရာသီ 25 ၊ 30 ဂိုး သွင်းယူ ပေးနိုင် ကြ မလား ? နိုးပါ ”

” ဇလာတန် က ယူနိုက်တက် ဆီ ပြန်လာ ချင်ကြောင်း ဒီ တစ်ပါတ် ထဲ အရိပ်အမြွတ် ပြောကြား ထားခဲ့ ပါတယ် ။ အဲ့တာ က ဆိုးရွား တဲ့ Idea တစ်ခု တော့ မဟုတ် ပါဘူး ။ MLS မှာ သူ ကစား တာကို ကျွန်တော် အနည်းငယ် ကြည့်ရှု ဖူး ပါတယ် ။ သူ့ရဲ့ မှတ်တမ်း တွေက ထူးကဲ လှ ပါတယ် ”

” သူဟာ သိပ်ပြီး ပြေးလွှား ကစား နေတက် သူ မဟုတ် ပါဘူး ။ သူဟာ ဂိုးပေါက် ရှေ့မှာ သာသာယာယာ ကစား တက်တဲ့ ကစားသမား ဖြစ်ပြီး ဧရိယာ အတွင်း ဒါမှမဟုတ် ဧရိယာ ပြင်ပ မှာ ဘောလုံး ရရှိ တဲ့ အချိန် ဂိုး အဖြစ် ပြောင်းလဲ ပေးနိုင် တဲ့ ကစားသမား မျိုး ပါ ”

” သူ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ လာမယ် ဆိုရင် တော့ သူဟာ ဂိုးသွင်း ဖို့ ရောက် လာတယ် ဆိုတာ စိတ်ထဲ မှတ်ထား ရ ပါ့မယ် ။ သူဟာ ပွဲတိုင်း ဝင် ကစား နိုင် လိမ့်မယ် လို့တော့ ကျွန်တော် ပြော နေတာ မဟုတ် ပါဘူး ။ ဝုလ်ဗ် နဲ့ ပဲလေ့စ် ပွဲတွေ ကို ကြည့်ပါ ၊ ယူနိုက်တက် ဟာ အခွင့် အရေး တွေ ပိုင်ဆိုင် ခဲ့တဲ့ အချိန် ဂိုး မရ နိုင်ခဲ့ ဘူး ။ ဒါကို ဇလာတန် က 15 မိနစ် 20 မိနစ် လောက် ကစား ပြီး ရှာဖွေ ပေးနိုင် ပါတယ် ”

” သူဟာ ကွင်းထဲ ဝင်ရောက် လာပြီး မျက်လှည့် ဆန်တဲ့ အရာတွေ ကို လုပ်ဆောင် ပေးနိုင် ပါတယ် ။ ဂိုး ဖန်တီး ပေးနိုင် သလို ဂိုးလည်း သွင်းယူ ပေးနိုင် ပါ လိမ့်မယ် ။ လက်ရှိ ယူနိုက်တက် မှာ အဲ့ဒီ လို ကစားသမား မျိုး မရှိ ပါဘူး ”

” ဒါ့အပြင် သူဟာ အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ ဦးဆောင် ပေးနိုင် သူလည်း ဖြစ် ပါတယ် ။ သူဟာ အသင်း ကို ဘရိုင်ယန် ရော့ဘ်ဆင် ၊ ဖာဒီနန် တို့လို နောက်ကွယ် ကနေ ဦးဆောင် ထိန်းချုပ် ပေးနိုင် ပါတယ် ။ သူတို့ တွေ ယူနိုက်တက် မှာ ရှိခဲ့ တုန်းက လည်း အဝတ်လဲခန်း နဲ့ လူငယ် ကစားသမား တွေကို ဦးဆောင် နိုင်ခဲ့ ကြတယ် လေ ”

” ရပ်ရှ်ဖို့ ၊ ဂျိမ်းစ် တို့က ဦးဆောင် သူ လိုအပ် နေတဲ့ လူငယ် ကစားသမား လေးတွေ ပါ ။ သူတို့ တွေဟာ အသင်း ရဲ့ အဝတ် လဲခန်း အတွက် သာမက ဂိုးတွေ သွင်းယူ ရေး အတွက် လည်း ဇလာတန် လို ဦးဆောင် သူ လိုအပ် နေ ပါတယ် ။ သူတို့ လေ့လာခွင့် တွေ ရရှိ နိုင်တာ ပေါ့ ” လို့ ပေါ့လ် အင့်စ် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar