အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် တော့တင်ဟမ် အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ပရိသတ်တွေ မြင်တွေ့ချင်နေကြတဲ့ ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို ပွဲထွက် အသုံးပြုဖို့ ရှိမရှိကို ပြောကြား လိုက်ပါတယ်။

နည်းပြ အမ်မရီ ဟာ ဒီရာသီ ပရီးယားလိဂ် ပွဲစဉ်(၃) အပြီးအထိ ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို တစ်ပြိုင်နက် ပွဲထွက် အသုံးပြုခြင်း မရှိသေးပါဘူး။ အဆိုပါ သုံးပွဲမှာ ပီပီ-လာကာဇက်-အူဘာမီယန်းတို့ တွဲကစားရတဲ့ အချိန်ဟာ စုစုပေါင်း မိနစ် ၄၀ ဝန်းကျင်သာ ရှိပါသေးတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီကတော့ တော့တင်ဟမ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ အသုံးပြုမယ့် ကစားကွက်ပေါ် မူတည်ပြီး ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို တစ်ပြိုင်နက် ပွဲထွက် အသုံးပြုသင့် မသင့်ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

အမ်မရီ က လာကာဇက် ရဲ့ ခြေချင်းဝတ် ဒဏ်ရာ အခြေအနေဟာ အရင် အပတ်တွေကထက် အများကြီး တိုးတက် ကောင်းမွန်လာပြီ ဖြစ်ကြောင်း နဲ့ နီကိုလပ်စ် ပီပီ ဟာလည်း တစ်ပွဲထက် တစ်ပွဲ အသင်းရဲ့ ကစားကွက် နဲ့ ပိုမို အထိုင်ကျလာပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အမ်မရီ က ပီပီ-လာကာဇက်-အူဘာမီယန်း တို့ကို တိုက်စစ်မှာ တစ်ပြိုနက် အသုံးပြုဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို ” ဒါပေါ့။ဒါပေမယ့် ကျနော်တို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ကျနော်ကတော့ ပွဲတိုင်းမှာ ဘယ်သူတွေက ကစားဖို့ အဆင်ပြေလောက်သလဲ ဆိုတာကို သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတာပါ။”

“လာကာဇက် ဆိုရင် ခြေချင်းဝတ် ဒဏ်ရာ ရှိနေပါတယ်။ ဒီတစ်ပတ်မှာ သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ အရင် အပတ်တွေကထက်စာရင် အကောင်းဆုံး ဖြစ်နေပြီလို့ ဆိုရမှာပါ။သူ့ရဲ့ ခြေချင်းဝတ် ဒဏ်ရာ သက်သာလာတာက အသင်းအတွက် သတင်းကောင်းပါပဲ။”

” ပီပီဆိုလည်း အသင်းကို နောက်ကျမှ ရောက်လာပေမယ့် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာပါတယ်။အူဘာမီယန်းကတော့ ကျနော်တို့ အတွက် အရေးပါဆုံး ကစားသမားပါ။အဖွင့်ပွဲ နှစ်ပွဲမှာ ဂိုးနှစ်ဂိုး သွင်းယူ နိုင်ခဲ့သလို လီဗာပူး နဲ့ ပွဲမှာလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။”

” ကျနော်တို့ အတွက် အရေးကြီးဆုံးက ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့ပါ။ဂိုးသွင်းခွင့်သာ ရရင် အူဘာမီယန်း၊လာကာဇက်၊ပီပီ၊မီခီ၊စီဘယ်လောစ့်၊မီဆွတ်၊ရိးစ် တို့ အကုန်လုံးက ဂိုးသွင်းနိုင်ကြတဲ့ ကစားသမားတွေပါ ။ ”

ဆက်လက်ပြီး အမ်မရီ က တနင်္ဂနွေနေ့မှာ ကစားမယ့် တော့တင်ဟမ် အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ပီပီ-လာကာဇက်-အူဘာမီယန်း တို့ကို တိုက်စစ်မှာ တစ်ပြိုင်နက် အသုံးပြုဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို ” သူတို့ သုံးဦးဟာ ပွဲအစကတည်းက အတူတွဲကစားနိုင်သလို ပွဲချိန်အတွင်းမှာလည်း သုံးယောက်တွဲကစားနိုင်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

” ကျနော့်တို့ရဲ့အဲ့နေ့ပွဲမှာ နည်းဗျူဟာ အပေါ် မူတည်ပါတယ်။ဒီသုံးယောက်မှ မဟုတ်ပါဘူး၊မီခီ၊အိုဇေးလ်၊နယ်လ်ဆင်၊ဝီးလော့တို့ကိုလည်း ပွဲအခြေအနေပေါ် မူတည်ပြီး အသုံးပြု သွားမှာပါ။အသင်းအတွက် အကောင်းဆုံး ဖြစ်လောက်မယ့် ဆုံးဖြတ်ချက်ကို ချမှတ် သွားမှာပါ။”လို့ ဖြေကြား သွားခဲ့ပါတယ်။

SPORTS MYANMAR