UEFA ရဲ့ ၂၀၁၉ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ နဲ့ ချန်ပီယံ လိဂ် အုပ်စု မဲခွဲပွဲ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံး ကစား သမား ဆု ကို လီဗာပူး ခံစစ်မှုး ဗာဂျယ် ဗန်ဒိုက် က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။ အကောင်းဆုံး အမျိုး သမီး ဆု ကိုတော့ လိုင်ယွန် မှာ ကစား နေတဲ့ အင်္ဂလန် နောက်ခံလူ လူစီ ဘရွန့်ဇ် က ဆွတ် ခူး ရရှိ သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ နောက်ခံလူ လိုဗရန် ကို အငှား ကမ်းလှမ်း ခဲ့တဲ့ ရိုးမား ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ချခဲ့ ပါတယ် ။ ဒါကြောင့် ရိုးမား ဟာ မန်ချက် စတာ ယူနိုက်တက် ခံစစ်မှုး စမောလင်း ကို အငှား ခေါ်ယူ ဖို့ အတွက် ပြောင်းလဲ ချဉ်းကပ် လာခဲ့တယ် လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ကတော့ အင်တာ ကို မထွက်ခွာ မီမှာ ယူနိုက်တက် ကစား သမားတွေ ကို တွေ့ဆုံ နှုတ်ဆက် ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူး ခဲ့တယ် လို့ ဆိုရှယ်မီဒီယာ ဓါတ်ပုံ အရ သိရှိ ရ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှုး မာရှယ် နဲ့ နောက်ခံလူ လုခ်ရှော တို့ ဟာ စနေနေ့ မှာ ကစားမယ့် ဆောက်သမ်တန် နဲ့ ပွဲ ကို ဒဏ်ရာ အသီးသီး ကြောင့် လွဲချော် ကြမယ်လို့လည်း သိရ ပါတယ် ။

စပါး တိုက်စစ်မှုး ဟောင်း ဖာနန်ဒို လော်ရန်တေး ဟာ အင်တာမီလန် တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နေတယ် လို့ သိရ ပါတယ် ။

ပြင်သစ် ကလပ် နိုက်စ် အသင်း ကတော့ နယ်သာလန် ကလပ် အိုင်ယက်စ် ရဲ့ တိုက်စစ် သမားလေး ကက်စပါ ဒေါလ်ဘာ့ဂ်ျ ကို ပေါင် ၁၈ သန်း ဖြင့် ခေါ်ယူ စာချုပ် လိုက်ပြီ လို့ သိရ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ ကတော့ ပေါ့ဘာ ကို ရီးရဲမက်ဒရစ် ထံ ပြောင်းရွှေ့ ဖြစ်အောင် ကြိုးစား နေတယ် လို့ သိရ ပြီး ပေါ့ဘာ ကို ယူနိုက်တက် နဲ့ စာချုပ်သစ် မချုပ်ဆို ဖို့ ပြောဆို မှာကြား ထားတယ် လို့ သိရှိ ရ ပါတယ် ။

Pogba

PSG အသင်း ဟာ ရီးရဲ တိုက်စစ်မှုး လူကာဂျိုဗစ် ကို အငှား ခေါ်ယူ ဖို့ စိတ်ကူး နေတယ် လို့ သိရသလို ရီးရဲ ဂိုး သမား နာဗက်စ် ကို လည်း ခေါ်ယူ နိုင်ဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် တိုက်စစ်မှုး မိုရာတာ ကတော့ လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရရှိသွားပြီး အီဘာ နဲ့ ပွဲကို လွဲချော် တော့မယ် လို့ သိရ ပါတယ် ။

စပါး ကွင်းလယ်လူ အန်ဒွန်ဘီလီ ဟာလည်း အာဆင်နယ် နဲ့ ပွဲ ကို ဒဏ်ရာ ကြောင့် လွဲချော် မယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဂျာမဏီ လက်ရွေးစင် အသင်းကတော့ နယ်သာလန် ၊ မြောက်အိုင်ယာလန် တို့ နဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲ စဉ်တွေ အတွက် ၀ါရင့် ကစား သမား တွေ ဖြစ်တဲ့ တိုနီ ကရူးစ် ၊ စတီဂျန် နဲ့ အမ်မရီ ကန် တို့ကို ခေါ်ယူ ထားတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ မိုဟာမက် အယ်နီ ဟာ တူရကီ ကလပ် ဘက်ဆစ်တပ် ထံ အငှား ပြောင်းရွှေ့ ဖို့ သေချာ နေခဲ့ပြီလို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR