ပရီးမီးယားလိဂ် ပြိုင်ပွဲ ကြီး ကတော့ စတုတ္ထ မြောက် ပွဲစဉ် ကို ရောက်ရှိ လို့ လာခဲ့ ပါပြီ ။ ယခု အပတ် မှာလည်း အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ မြောက် လန်ဒန် ဒါဘီ ပါဝင် နေခဲ့သလို အခြား စိတ်ဝင် စားဖွယ် ပွဲစဉ်တွေ လည်း ပါဝင် လာခဲ့ ပါတယ် ။ အထူးသဖြင့် အဆင့် ၁ နေရာ မှာ ရှိနေတဲ့ လီဗာပူး အတွက် ခက်ခဲနိုင်တဲ့ ဘန်လေ အဝေးကွင်းပွဲစဉ် ၊ ခြေညီတဲ့ အဲဗာတန် – ၀ုဗ် ပွဲစဉ်တွေ ဟာ ပရိသတ်တွေ ကို စိတ်လှုပ်ရှားမှု တွေ ပေးစွမ်း နေမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ယခု အပတ် ပွဲစဉ်တွေ အတွက် Sky Sports ရဲ့ ဘောလုံး ကျွမ်းကျင် သုံးသပ်သူ ချာလီ နီကိုလပ်စ် ရဲ့ ခန့်မှန်းမှု တွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် –

၁ ။ ဘန်လေ – လီဗာပူး
လီဗာပူး ရဲ့ တိုက်စစ်ဟာ အရမ်း ကောင်းမွန် နေပါတယ် ။ ဒါပေမယ့် ဒီနှစ် မှာတော့ နောက်တန်းမှာ ပြဿနာ နည်းနည်း ရှိနေတယ် လို့ ထင်မိပါတယ် ။ အဓိက ပြဿနာ က ဂိုးသမား နေရာပါ ။ အယ်ဒရင် ရဲ့ အပြည့်အ၀ ယုံကြည်လို့ မရမှု ဟာ ဂိုးသွင်းခြေ ရနေတဲ့ ဘန်လေ တိုက်စစ်မှုး ဘန်းစ် အတွက် အခွင့် အရေး ဖြစ်လာနိုင် ပါတယ် ။

ဒီပွဲ ဟာ လီဗာပူး အတွက် ခက်ခဲတဲ့ ပွဲ ဖြစ်လာမှာပါ ။ ဒါပေမယ့် ဘန်လေ ဟာ လီဗာပူး ဆီက အမှတ်ခွဲယူ နိုင်လောက်တဲ့ အသင်းမျိုး မဟုတ်ပါဘူး ။ အမှတ်ပေး ဖလား ကို အဓိက အာရုံစိုက်မယ့် လီဗာပူး ဟာ ဒီလို ပွဲမျိုး ကို အနိုင် ရအောင် ကစားဖို့ ပြင်ဆင် ထားမှာပါ ။
ခန့်မှန်းချက် – ဘန်လေ ၁ – ၃ လီဗာပူး

၂ ။ အာဆင်နယ် – တော့တင်ဟမ် ဟော့စပါး
လီဗာပူး နဲ့ ပွဲက ပထမပိုင်းပုံစံ အတိုင်း ကစားနိုင်မယ် ဆိုရင် ဒီပွဲ ဟာ အာဆင်နယ် အတွက် ကလွဲရင် အခြား မရှိ နိုင်ပါဘူး ။ ဒေးဗစ် လူးဝစ် က အမှားလုပ် မိနေဆဲ ဖြစ်တာကြောင့် ဂိုးတော့ ပြန်ပေး ရနိုင် ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ရဲ့ တိုက်စစ် ၊ ဆီဘယ်လော့ ရဲ့ အံဝင်မှု တွေ က စပါး ကို ခက်ခဲ စေမှာပါ ။

အာဆင်နယ် အတွက် ပြဿနာ ရှိလာနိုင်တာက နည်းပြ အမ်မရီ ရဲ့ လူထုတ်ပုံပါပဲ ။ အမ်မရီ ဟာ အခုအချိန် အထိ သူ့ရဲ့ ကစား သမားတွေ အပေါ် အပြည့်အ၀ မယုံကြည်ပေးသေးပါဘူး ။ အထူး သဖြင့် လာကာဇက် ကို အရန်ခုံ မှာ ထားကစားနေတာ က တိုက်စစ်အင်အား ကို လျော့ကျ စေနိုင် ပါတယ် ။ တကယ်လို့ လာကာဇက် ပါ တပြိုင်တည်း ပွဲထွက်လာမယ် ဆိုရင်တော့ အိမ်ရှင် ရဲ့ တိုက်စစ် ကို စပါးတို့ တောင့်ခံနိုင် ဖို့ မရှိပါဘူး ။ အာဆင်နယ် နိုင်မယ့် ပွဲမျိုးပါ ။
ခန့်မှန်းချက် – အာဆင်နယ် ၄ – ၂ စပါး

၃ ။ ဆောက်သမ်တန် – မန်ချက်စတာ ယူနိုက်တက်
ပြီးခဲ့တဲ့ အပတ် တုန်းက မန်ချက်စတာ ယူနိုက်တက် တို့ ဘယ်လောက် ဆိုးရွားခဲ့သလဲ ဆိုတာ အားလုံး သိပြီး မှာပါ ။ သူတို့မှာ အရည် အသွေး နဲ့ အလားအလာ တွေ ပိုင်ဆိုင် ထားပေမယ့် ပွဲအစ ၁၀ မိနစ် ထက် ပိုကောင်း မလာနိုင် ခဲ့ကြပါဘူး ။

ဒီပွဲမှာ လည်း သူတို့ ရုန်းကန် ရမှာပါ ။ လူကာကူ ၊ ဆန်းချက် မရှိတော့ သလို မာရှယ် ကလည်း ဒဏ်ရာ ကြောင့် လွဲချော် ပါလိမ့်မယ် ။ ဒီအနေ အထား မှာ မားကပ် ရက်ဖိုဒ့် တစ်ဦးတည်းကို ယူနိုက်တက် တို့ ပုံအပ် ရတော့ မှာပါ ။ နောက်ထပ် သရေပွဲ တစ်ပွဲ ကို မြင်ရနိုင် ပါတယ် ။
ခန့်မှန်းချက် – ဆောက်သမ်တန် ၂ – ၂ မန်ချက်စတာ ယူနိုက်တက်

၎ ။ ချဲလ်ဆီး – ရှက်ဖီး ယူနိုက်တက်
ဖရန့်လမ်းပတ် ရဲ့ အသင်း ဟာ နောဝှစ်ခ်ျ နဲ့ ပွဲမှာ လိုအပ် နေတဲ့ နိုင်ပွဲ ကို ရှာဖွေ နိုင်ခဲ့ ပါတယ် ။ ဒါဟာ သူတို့ အတွက် အားတက် စရာ ဖြစ်စေခဲ့ပြီး ဒီပွဲမှာ ပိုကောင်း လာနိုင် ပါတယ် ။ လူငယ်တွေ နဲ့ စုဖွဲ့ထားတဲ့ အသင်း ဖြစ်တာ ကြောင့် ပွဲ အစ အဆုံး ကို Tempo မြင့်မြင့် နဲ့ ကစားနိုင် ပါတယ် ။ ရှက်ဖီး ကတော့ ပြီးခဲ့တဲ့ အပတ် မှာ နိုင်ပွဲ စတင် ရှာဖွေ နိုင်ခဲ့ ပေမယ့် ချဲလ်ဆီး ကို စတမ်းဖိုဒ့် ဘရစ် မှာ အံတု ဖို့က တော့ စောလွန်း နေပါသေးတယ် ။
ခန့်မှန်းချက် – ချဲလ်ဆီး ၃ – ၁ ရှက်ဖီး ယူနိုက်တက်

၅ ။ မန်ချက်စတာ စီးတီး – ဘရိုက်တန်
မန်စီးတီး ကို ဘယ်လို ယှဉ် ကစားမလဲ ဆိုပြီး ဘရိုက်တန် နည်းပြ အကြံ ထုတ်နေ မှာပါ ။ Plan A, B, C, D တွေ ဆိုပြီးတော့ ပေါ့ ။ ဒါပေမယ့် ဘာတစ်ခု မှ အလုပ်မဖြစ်နိုင်တာ ကိုလည်း သူ စဉ်းစား မိမှာပါ ။ ထိပ်သီး ၅ သင်း ပြင်ပ ကနေပြီး မန်စီးတီး ကို ရပ်တန့် သွားစေနိုင်မယ့် အသင်းမျိုး ဒီရာသီမှာ မရှိနိုင် ပါဘူး ။ စီးတီး ကစား သမားတွေ ပဲ ဂိုးမိုးရွာပြီး ပြီးဆုံး သွားမှာပါ ။
ခန့်မှန်းချက် – မန်ချက်စတာ စီးတီး ၅ – ၀ ဘရိုက်တန်

အခြားပွဲစဉ် ခန့်မှန်းချက် များ –

၆ ။ အဲဗာတန် ၁ – ၂ ၀ုဗ်

၇ ။ ပဲလေ့စ် ၁ – ၁ ဗီလာ

၈ ။ နယူးကာဆယ် ၁ – ၀ ၀က်ဖိုဒ့်

၉ ။ ၀က်စ်ဟမ်း ၃ – ၂ နောဝှစ်ခ်ျ

၁၀ ။ လက်စတာ ၃ – ၁ ဘုန်းမောက် တို့ ပဲ ဖြစ်ကြပါတယ် ။

ပရိသတ်ကြီးတို့ရဲ့ ဆန္ဒ နဲ့ ကိုက်ညီ ကြရဲလားဗျာ . . . . .

SPORTS MYANMAR