မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ပေါလ် အင့်စ် က အသင်း မှာ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ လိုအပ် တဲ့ ကစားသမား သုံးဦး ရှိနေ ကြကြောင်း သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ရာသီ သစ် အဖွင့် ပွဲစဉ် မှာ ချဲလ်ဆီး အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ယူခဲ့ ပြီး အဖွင့် လှခဲ့ ပေမယ့် နောက်ပိုင်း ကစား ခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲစဉ် မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့ သလို ခရစ္စတယ် ပဲလေ့စ် အသင်း ကို အိမ်ကွင်း မှာ ရှုံးနိမ့် ပြီး စိတ်ပျက်ဖွယ် ရလဒ် တွေ ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အတွက် 6 နှစ် ကြာ ကစား ပေးခဲ့ ဖူးတဲ့ ကစားသမား ဟောင်း ပေါ့လ် အင့်စ် အသင်း ဟောင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ ၊ ကွင်းလယ်လူ ဂျက်စီ လင်ဂတ် နဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ တို့ဟာ ဒီထက် ပိုမို ကောင်းမွန် ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း သတိပေး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ခင်ဗျား ဟာ ယူနိုက်တက် ကစားသမား တစ်ဦး ဖြစိ နေမယ် ဆိုရင် တော့ ခင်ဗျား အပေါ် ပရိသတ် တွေ ထားရှိ တဲ့ မျှော်လင့် ချက် က အမြဲတမ်း မြင့်မား နေမှာ ပါ ။ သူတို့ တွေက ပွဲတိုင်း ခင်ဗျား တို့ 9 / 10 ပေးဆပ် ကစား နိုင်ဖို့ အတွက် မျှော်လင့် နေမှာ ဖြစ်ပြီး ပွဲတိုင်း နိုင်ပွဲ လိုချင် နေမှာ ပါပဲ ”

” တော်ရုံ ဆို အခြား ဘယ် အသင်း က ကစားသမား မှ အခုလောက် ဝေဖန်မှု ဒဏ်တွေ ကို ခံစား ရမှာ မဟုတ် ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် ဟာ အောင်မြင်မှု တွေ များစွာ ရယူ နိုင်ခဲ့ ပြီး ကမ္ဘာ့ အကောင်းဆုံး အသင်း တွေ ထဲက တစ်ခု ဖြစ်တာ ကြောင့် ဝေဖန် မှုတွေ အခွင့် ကြုံတိုင်း ခံနေ ရမှာ ပါပဲ ”

” ဒေးဗစ် ဒီဂီယာ ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ပါ ။ ဒါပေမယ့် သူလည်း ဝေဖန် မှု တွေနဲ့ မလွတ်ကင်း နိုင်ခဲ့ ပါဘူး ။ သူဟာ ပဲလေ့စ် နဲ့ ပွဲစဉ် တုန်းက လို အမှား မျိုး မကျူးလွန် ခဲ့သင့် ပါဘူး ။ ကမ္ဘာ့ အကောင်းဆုံး ဆိုတဲ့ သူ တိုင်းက ဒီလို ရိုးရှင်း တဲ့ အမှား တွေ အဖြစ် မခံ ကြ ပါဘူး ”

” ခင်ဗျား ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အနေအထား တွေကို ပြန်ကြည့် လိုက်ပါ ။ ဒေးဗစ် ဟာ အမှား တွေ ဆက်တိုက် ကျူးလွန် ခဲ့တာ ကို မြင်တွေ့ ရပါ လိမ့်မယ် ။ ကျွန်တော့် တို့ အားလုံး အမှား တွေ ကျူးလွန် ကြ ပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား တွေ ကတော့ ဒါမျိုး အမှား မလုပ်သင့် ပါဘူး ”

” ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် အဆင့် အတန်း တွေက အပါတ်စဉ် တိုင်း လိုလို အမြင့်ဆုံး အနေအထား မှာ ရှိ မနေ ခဲ့ ပါဘူး ။ ခင်ဗျား တို့ မို ဆာလာ ၊ စတားလင်း နဲ့ ဖာမီနို တို့ကို ကြည့်လိုက် ပါ ။ သူတို့ တွေဟာ ပွဲစဉ် တိုင်းမှာ အကောင်းဆုံး ခြေစွမ်း နဲ့ ကစား ပြနိုင် ကြ ပါတယ် ”

” ကျွန်တော် ရပ်ရှ်ဖို့ ကို နှစ်သက် လှ ပါတယ် ။ ဒါပေမယ့် သူ့ ဆီက ကျွန်တော် တို့ ဘာတွေ ရနိုင် မလဲ ဆိုတာ ကို ကောင်းကောင်း သိကြ ပါတယ် ။ သူ ဒီထက် ပိုပြီး လုပ်ပြ နိုင်ဖို့ လိုအပ် ပါ သေးတယ် ။ လင်ဂတ် ကိုလည်း ကြည့်လိုက်ပါ ၊ သူဟာ လည်း အသင်း အတွက် လုံလောက်စွာ မကောင်းသေး ပါဘူး ။ သူ ဒီထက် တိုးတက် ဖို့ လိုအပ် နေပါ သေးတယ် ”

” ယူနိုက်တက် အသင်း မှာ ကောင်းမွန် လှတဲ့ ခြေစွမ်း တွေကို ပွဲစဉ် ဆက် ပုံမှန် ပြသ နိုင်တဲ့ ကစားသမား တွေ အများကြီး မရှိ ပါဘူး ။ အဲ့တာ တွေက အသင်း ကို ကျဆင်း စေတဲ့ အရာ တွေ ပါပဲ ။ ဒါပေမယ့် အသင်း မှာ ပျော်ရွှင် ပါစေ လို့ ကျွန်တော် ဆုမွန် ကောင်း တောင်းပေး နေတဲ့ ကစားသမား အချို့ လည်း ရှိကြ ပါတယ် ” လို့ ပေါလ် အင့်စ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar