Messi

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ ၂၀၁၉ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုပေး ပွဲ အခမ်း အနား နဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ချန်ပီယံ လိဂ် အုပ်စု မဲခွဲပွဲ ကတော့ ယမန်နေ့ က ပြီးစီး သွားခဲ့ပြီ ပဲ ဖြစ် ပါတယ် ။ ဘာစီလိုနာ ၊ ဒေါ့မွန် နဲ့ အင်တာ မီလန် တို့ ဟာ မရဏ အုပ်စု အဖြစ် တစ်အုပ်စုတည်း အတူ ကျရောက် ခဲ့ကြပြီး လက်ရှိ ချန်ပီယံ လီဗာပူး ကတော့ လည်း မနှစ်က အုပ်စုတွင်းမှာ ရင်ဆိုင် ခဲ့တဲ့ နာပိုလီ နဲ့ နောက်တစ်ဖန် ပြန်လည် ဆုံတွေ့ခဲ့ ပါတယ် ။

တစ်နှစ် တာ အကောင်းဆုံး ဆုပေးပွဲ ကတော့ လီဗာပူး ကစား သမားတွေ ကြီးစိုး ခဲ့ပြီး ဂိုး သမား ဆု နဲ့ နောက်တန်း ဆု တွေ ကို အဲလစ်ဆွန် ဘက်ကာ နဲ့ ဗာဂျယ် ဗန်ဒိုက် တို့က ဆွတ်ခူး ရရှိ သွားခဲ့ ကြပါတယ် ။

အကောင်းဆုံး ကွင်းလယ်ဆု ကိုတော့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် က မနှစ်တုန်းက အိုင်ယက်စ် နဲ့ အတူ စွမ်းဆောင်ပြ ခဲ့မှု တွေ ကြောင့် ရရှိ ခဲ့ပြီး အကောင်းဆုံး တိုက်စစ်မှုး ဆု ကိုတော့ ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

ပရိသတ် စိတ်ဝင်စားမှု မြင့်တက် ခဲ့တဲ့ UEFA Player of the Year ဆု မှာတော့ လီဗာပူး နောက်ခံလူ ဗာဂျယ် ဗန်ဒိုက် ဟာ မက်ဆီ ၊ ရိုနယ်ဒို တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။ ဒါဟာ နောက်ခံလူ တစ်ယောက် အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ခဲ့ပြီး မက်ဆီ – ရိုနယ်ဒို လွှမ်းမိုးမှု ကွယ်ပျောက် ခဲ့တဲ့ ဒုတိယမြောက် ဆုပေးပွဲ လည်း ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ဆုပေးပွဲ အခမ်းအနား ဟာ မက်ဆီ – ရိုနယ်ဒို တို့ ရဲ့ အရှိန် အ၀ါတွေ လွှမ်းမိုး နေခဲ့ပြီး စီးရီးအေ ကို ရိုနယ်ဒို ပြောင်းရွှေ့ သွားကတည်းက မဆုံတွေ့ ဖြစ်တော့တဲ့ သူတို့ ၂ ဦး ကို ပထမဆုံး အကြိမ် အတူတကွ မြင်တွေ့ ခဲ့ရတာလည်း ဖြစ် ပါတယ် ။

ယမန်နှစ် က ဆုပေးပွဲ ကို မတက်ရောက် ခဲ့တဲ့ ရိုနယ်ဒို ဟာ ယခု နှစ်မှာတော့ မိုနာကို ကိုေ၇ာက်လာခဲ့ ပြိး မက်ဆီ နဲ့ အတူ ထိုင်ကာ ပွဲကို အားပေး သွားခဲ့ ပါတယ် ။ သူတို့ ၂ ဦး ပြန်လည် ဆုံတွေ့ပုံ ၊ ပရော်ဖက်ရှင်နယ် ဆန်ဆန် နှုတ်ဆက် ကြပုံတွေ ဟာ ပရိသတ်တွေရဲ့ စိတ်အာရုံ တွေ ကို ဖမ်းစားနိုင် ခဲ့ ပါတယ် ။

တစ်နှစ်တာ အကောင်းဆုံး ဆုကို မကြေညာခင် မှာတော့ အစီအစဉ် တင်ဆက်သူ ဟာ မက်ဆီ ၊ ရိုနယ်ဒို နဲ့ ဗန်ဒိုက် တို့ ကို မေးခွန်းတွေ မေးမြန်းခဲ့ ပါတယ် ။ ဒီအထဲ မှာတော့ ရိုနယ်ဒို ကို အကြာဆုံး မေးမြန်းခဲ့ပြီး ရိုနယ်ဒို ရဲ့ အဖြေတွေ ကလည်း ပရိသတ်တွေ ရဲ့ လက်ခုပ်သံတွေ ကို ရရှိ စေခဲ့ ပါတယ် ။

ရိုနယ်ဒို က သူ ဟာ စပိန် ကို သတိရ လွမ်းဆွတ် ကြောင်း ဆိုခဲ့ သလို သူနဲ့ မက်ဆီ တို့လို အားပြိုင်မှုမျိုး ကို ထပ်မြင်တွေ့ ရဖို့ ဆိုလည်း မလွယ်ကူ ကြောင်း ဆိုသွားခဲ့ ပါတယ် ။ ပရိသတ်တွေ သဘောအကျဆုံး ကတော့ ရိုနယ်ဒို က သူနဲ့ မက်ဆီ တို့ တစ်နေ့ နေ့ တစ်ချိန်ချိန် မှာ တစ်စားပွဲတည်း ထိုင်ပြီး အတူ စားသောက် ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့ မှတ်ချက် ပြုတဲ့ စကား ပဲ ဖြစ်ခဲ့ ပါတယ် ။

မက်ဆီ ကတော့ “ခရစ္စတီယာနို ကို လာလီဂါ မှာ ဆုံခဲ့ ရတာ အရမ်းကို ကောင်းခဲ့ ပါတယ် ။ အထူး သဖြင့် ရီးရဲ မှာ သူ ကစားခဲ့ တုန်းက ပေါ့” လို့ တိုတို တုတ်တုတ် သာ မှတ်ချက် ပေးခဲ့ ပါတယ် ။ ရိုနယ်ဒို ကတော့ “သူနဲ့ ကျွန်တော် ဟာ ဆုပေးပွဲ စင်မြင့် ပေါ် မှာ ၁၅ နှစ် လောက် အတူတူ ရှိနေခဲ့ တာပါ ။ ဒါမျိုး ဘောလုံး လောကမှာ ဖြစ်ခဲ့ ဖူးလား ကျွန်တော် မသိပါဘူး ။ ဒီအချိန် ၊ ဒီလို စင်မြင့် ပေါ်မှာ တူညီတဲ့ လူ ၂ ယောက် က နှစ်တိုင်း နှစ်တိုင်း ရှိနေဖို့ ဆိုတာ လုံးဝ ကို မလွယ်တဲ့ အရာ ပါပဲ” လို့ အစပြု ပြီး သူနဲ့ မက်ဆီ တို့ အကြောင်းတွေ ကို ပြောသွား ခဲ့ ပါတယ် ။

 

မက်ဆီ နဲ့ ဆက်ဆံရေး အကြောင်းကို မေးမြန်းခဲ့ ရာမှာလည်း ရိုနယ်ဒို က “ကျွန်တော် တို့ မှာ ဆက်ဆံရေး ကောင်းတွေ ရှိကြ ပါတယ် ။ ဒါပေမယ့် အခုထိ တော့ သူနဲ့ ကျွန်တော် ညစာ အတူ မစားဖြစ်သေး ပါဘူး ။ ဒါပေမယ့် အနာဂါတ် တစ်ချိန် ချိန် မှာတော့ ကျွန်တော် မျှော်လင့် မိပါတယ်” လို့ ဖြေကြားခဲ့ပြီး ပရိသတ် တွေ အထူး နှစ်ခြိုက် ကာ လက်ခုပ်သြဘာတွေ ချီးမြှင့် ခဲ့ကြ ပါတယ် ။

စပိန် မြေ နဲ့ ပတ်သက်ပြီး တော့လည်း “စပိန် မှာ ကစားခဲ့တဲ့ အချိန်တွေ ကို သတိရ ပါတယ် ။ ကျွန်တော်တို့ ၂ ယောက် ဟာ ၁၅ နှစ် လောက် ကြာအောင် ပြိုင်ဆိုင် လာခဲ့ တာပါ ။ သူက ကျွန်တော့ ကို တွန်းအားပေး ခဲ့သလို ကျွန်တော် ကလည်း သူ့ကို ပြန်ပြီး တွန်းအား ဖြစ်စေ ခဲ့ ပါတယ်” လို့ ပေါ်တူဂီ တိုက်စစ်မှုးကြီး က ပြောဆို သွာားခဲ့ ပါတယ် ။

ဒါ့အပြင် မက်ဆီ နဲ့ တစ်ချိန်တည်း မှာ တစ်ပြိုင်တည်း အနားယူ သွားနိုင်မလား ဆိုတဲ့ မေးခွန်း ကိုလည်း “သူ က ကျွန်တော့ ထက် ၂ နှစ် ငယ်တယ်လေ ၊ ကျွန်တော် ကတော့ အခုအချိန် အထိ နေလို့ ထိုင်လို့ ကောင်း နေ သေးတယ် လို့ ထင် ပါတယ် ။ နောက် ထပ် ၂ နှစ် ၃ နှစ် လောက် ကြာ ဦးမယ် လို့ ကျွန်တော် မျှော်လင့် ပါတယ်” လို့ ရိုနယ်ဒို က ဖြေကြား သွားခဲ့ ပါတယ် ။

UEFA ရဲ့ ဆုပေးပွဲ နဲ့ မဲခွဲပွဲ အခမ်းအနား ကတော့ လီဗာပူး ကစားး သမားတွေ ရဲ့ အောင်ပွဲ ခံမှု တွေ နဲ့ အဆုံးသတ် သွားခဲ့ ပေမယ့် ရိုနယ်ဒို နဲ့ မက်ဆီ တို့ရဲ့ ပြန်လည် ဆုံတွေ့မှု တွေ ဟာ ပွဲရဲ့ အလှတရား ကို ပိုမို လေးနက် စေခဲ့ တယ် ဆိုတာ ကိုတော့ ငြင်းလို့ ရနိုင် မှာ မဟုတ် ပါဘူး ။

SPORTS MYANMAR