Van Dijk

ဗာဂ်ယ္ဗန္ဒိုက္က 2019 ခုႏွစ္အတြက္ UEFA တစ္ႏွစ္တာ အေကာင္းဆံုး အမ်ိဳးသားဆု ရရွိ ခဲ့တဲ့ ခံစားခ်က္ဟာ တကယ့္ကို ေကာင္းလြန္းတယ္လို႕ ထုတ္ေဖာ္သြားပါတယ္။ လီဗာပူးနဲ႕ နယ္သာလန္ ဗဟုိေနာက္ခံလူဟာ ျပီးခဲ့တဲ့ ရာသီက ႏုိင္ငံနဲ႕ ကလပ္ အတြက္ အထူး ေျခစြမ္းျပသ ခဲ့တာေၾကာင့္ မေန႕ညက မုိနာကိုမွာ ျပဳလုပ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု မဲခြဲပြဲမွာ လီယြန္နယ္မက္ဆီ ၊ ခရစ္စတီယာႏုိ ေရာ္နယ္ဒို တုိ႕ကို ေက်ာ္ကာ ဒီဆုကို သိမ္းပုိက္ ႏုိင္ခဲ့ပါတယ္။

တစ္ႏွစ္တာ အေကာင္းဆံုးဆုကို ခ်ီးျမွင့္ခံခဲ့ ရျပီးေနာက္ ဗန္ဒိုက္က “အရမ္းေကာင္းတဲ့ ခံစားခ်က္ ပါပဲ။ ေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့ျပီး ျပီးခဲ့တဲ့ႏွစ္က ကၽြန္ေတာ္တုိ႕ရဲ႕ စြမ္းေဆာင္မွဳေတြ အေပၚ ဒီလုိ အသိအမွတ္ ျပဳခံခဲ့ရတဲ့ အတြက္ အရမ္းေကာင္းပါတယ္။ ဒါဟာ လီဗာပူးမွာ ရွိတဲ့ သူေတြ အားလံုးနဲ႕ လမ္းေၾကာင္းတစ္ေလွ်ာက္ ကၽြန္ေတာ့္ကို ကူညီ ခဲ့တဲ့ သူေတြနဲ႕ သက္ဆုိင္ပါတယ္။ ဒါေၾကာင့္ ဒါဟာ ခမ္းနားပါတယ္။” လို႕ ဆုိလို္က္ပါတယ္။

ခ်န္ပီယံလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ေနာက္ခံလူဆု ရခဲ့တဲ့ ဗန္ဒိုက္ဟာ သူတုိ႕အသင္း ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲပြဲမွာ နာပိုလီ အသင္းနဲ႕ ၂ ႏွစ္ဆက္တုိက္ ရင္ဆုိင္ ရေတာ့မယ့္ အေပၚ မွတ္ခ်က္ေပးသြား ခဲ့ပါတယ္။

ဗန္ဒိုက္က “ခက္ခဲမယ့္ ပြဲပါ။ နာပိုလီဟာ ထူးခၽြန္တဲ့ အသင္း တစ္သင္း ျဖစ္ျပီး ကၽြန္ေတာ္တုိ႕ဟာ ရာသီၾကိဳတုန္းကလည္း သူတုိ႕ကို ရွံဳးနိမ့္ ခဲ့ပါေသးတယ္။ ရာသီၾကိဳ ေျခစမ္းပြဲဟာ သိပ္အမ်ားၾကီး စကား မေျပာေပမယ့္ ကၽြန္ေတ္ာတုိ႕ သူတုိ႕ ဘယ္ေလာက္ ေကာင္းသလဲ ဆုိတာ သိပါတယ္။ သူတုိ႕ဟာ အရည္အေသြးျမင့္ ကစားသမားေတြနဲ႕ ဖြဲ႕စည္းထားတဲ့ ထူးခၽြန္တဲ့ အသင္းတစ္သင္းပါ။” လုိ႕ မွတ္ခ်က္ ေပးသြားပါတယ္။

ဥေရာပခ်န္ပီယံ အသင္း က်ေရာက္ ခဲ့တဲ့ အုပ္စု E မွာ နာပိုလီ အျပင္ ရက္ဘူးဆဲလ္ဘတ္ နဲ႕ ဂန္႕တုိ႕လည္း ပါ၀င္ ေနၾကပါတယ္။

ဆက္လက္ျပီး ဗန္ဒိုက္က “ ျခံဳျပီး ေျပာရရင္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ဘာမဆို ျဖစ္သြား ႏိုင္ပါတယ္။ ျပီးေတာ့ လူတုိင္းဟာ ကၽြန္ေတာ္တုိ႕ကို အႏုိင္ယူခ်င္ ေနမွာ အမွန္ပါပဲ။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ အဆင္သင့္ ျဖစ္ေနရ ပါမယ္။ ကၽြန္ေတာ္တုိ႕ ပြဲတုိင္းကို တုိက္ပြဲ ၀င္သြား ရမွာ ျဖစ္ျပီး ကၽြန္ေတာ္တုိ႕ အေကာင္းဆံုး လုပ္ႏုိင္ေအာင္ ၾကိဳးစား သြားပါမယ္။” လုိ႕ ေျပာသြားပါတယ္။

Van dijk

ဗန္ဒိုက္ဟာ ျပီးခဲ့တဲ့ ရာသီက လီဗာပူး အသင္းကို ပရီးမီးယားလိဂ္ မွာ ရမွတ္ ၉၇ မွတ္ ရယူေပးခဲ့တဲ့ အျပင္ လိဂ္ျပိဳင္ပြရဲ႕ အေကာင္းဆံုး ခံစစ္ေၾကာင္း ျဖစ္ေစခဲ့ျပီး ခ်န္ပီယံလိဂ္ ဖလားလည္း ရယူ ေပးခဲ့ပါတယ္။ ဒါ့အျပင္ လီဗာပူး ၾကယ္ပြင့္ဟာ နယ္သာလန္ အသင္းကို Naton League final ကိုလည္း တက္ေရာက္ ေစခဲ့ျပီး PFA တစ္ႏွစ္တာ အေကာင္းဆံုးဆုလည္း ရထားခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း လီဗာပူး ေနာက္ခံလူဟာ UEFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုးဆုေတြကို ထိုက္တန္စြာ သိမ္းပုိက္ ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ဆုလက္ခံ ရယူခဲ့ျပီးေနာက္ အသက္ ၂၈ ႏွစ္ အရြယ္ ေနာက္ခံလူက “ပထမဦးဆံုး ကၽြန္ေတာ့္အေနနဲ႕ အသင္းေဖာ္ေတြ အားလံုးကို ေက်းဇူးတင္ဖို႕ လိုတယ္လို႕ ထင္ပါတယ္။ သူတို႕တစ္ေတြ မရွိဘဲ ဒီလို ၀န္ထမ္းေတြ မရွိဘဲ ျပီးခဲ့တဲ့ ႏွစ္အတြင္း ကၽြန္ေတာ္ ရရွိခဲ့တဲ့ ေအာင္ျမင္မွဳေတြ ရႏုိင္မွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ရဲ႕ မိသားစုကိုလည္း ေက်းဇူးတင္ ရပါမယ္။

ရွည္လ်ားတဲ့ ခရီးလမ္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ ကၽြန္ေတာ့္ ခရီးလမ္းရဲ႕ အစိတ္အပိုင္း ျဖစ္ပါတယ္။ ဒါဟာ ကၽြန္ေတာ္ ဘယ္လိုလူလဲ ဆုိတဲ့ အစိတ္အပိုင္း တစ္ခုပါ။ ကၽြန္ေတာ္ ဒီလို အရာမ်ိဳး လိုအပ္ပါတယ္။ ကၽြန္ေတာ္ဟာ အသက္ ၁၈ ႏွစ္ အရြယ္ ကစားသမား မဟုတ္ပါဘူး။ ခ်က္ခ်င္းဆုိသလို ထိုးတက္လာတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ဟာ လမ္းေၾကာင္း တစ္ေလွ်ာက္ တဆင့္ခ်င္း ၾကိဳးစား အားထုတ္ ခဲ့၇ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ႕ အစိတ္အပိုင္းပါ။ ကၽြန္ေတ္ာ ဒီဆု အတြက္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္။ ဒီဆုကို ရယူ ႏုိင္ခဲ့တဲ့ အတြက္ ကၽြန္ေတ္ာ အရမ္း ဂုဏ္ယူမိ ပါတယ္။ လမ္းေၾကာင္း တစ္ေလွ်ာက္ ကၽြန္ေတာ့္ကို ကူညီ ေပးခဲ့တဲ့ သူေတြ အားလံုးကို ေက်းဇူးတင္ ရမွာပါ။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှု ရလဒ်နဲ့ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးဆု ရခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဗာဂျယ်ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်က 2019 ခုနှစ်အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဆု ရရှိ ခဲ့တဲ့ ခံစားချက်ဟာ တကယ့်ကို ကောင်းလွန်းတယ်လို့ ထုတ်ဖော်သွားပါတယ်။ လီဗာပူးနဲ့ နယ်သာလန် ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက နိုင်ငံနဲ့ ကလပ် အတွက် အထူး ခြေစွမ်းပြသ ခဲ့တာကြောင့် မနေ့ညက မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲမှာ လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့ကို ကျော်ကာ ဒီဆုကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံးဆုကို ချီးမြှင့်ခံခဲ့ ရပြီးနောက် ဗန်ဒိုက်က “အရမ်းကောင်းတဲ့ ခံစားချက် ပါပဲ။ ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုတွေ အပေါ် ဒီလို အသိအမှတ် ပြုခံခဲ့ရတဲ့ အတွက် အရမ်းကောင်းပါတယ်။ ဒါဟာ လီဗာပူးမှာ ရှိတဲ့ သူတွေ အားလုံးနဲ့ လမ်းကြောင်းတစ်လျှောက် ကျွန်တော့်ကို ကူညီ ခဲ့တဲ့ သူတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒါဟာ ခမ်းနားပါတယ်။” လို့ ဆိုလို်က်ပါတယ်။

ချန်ပီယံလိဂ် တစ်နှစ်တာ အကောင်းဆုံး နောက်ခံလူဆု ရခဲ့တဲ့ ဗန်ဒိုက်ဟာ သူတို့အသင်း ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲမှာ နာပိုလီ အသင်းနဲ့ ၂ နှစ်ဆက်တိုက် ရင်ဆိုင် ရတော့မယ့် အပေါ် မှတ်ချက်ပေးသွား ခဲ့ပါတယ်။

ဗန်ဒိုက်က “ခက်ခဲမယ့် ပွဲပါ။ နာပိုလီဟာ ထူးချွန်တဲ့ အသင်း တစ်သင်း ဖြစ်ပြီး ကျွန်တော်တို့ဟာ ရာသီကြိုတုန်းကလည်း သူတို့ကို ရှုံးနိမ့် ခဲ့ပါသေးတယ်။ ရာသီကြို ခြေစမ်းပွဲဟာ သိပ်အများကြီး စကား မပြောပေမယ့် ကျွန်တေ်ာတို့ သူတို့ ဘယ်လောက် ကောင်းသလဲ ဆိုတာ သိပါတယ်။ သူတို့ဟာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးချွန်တဲ့ အသင်းတစ်သင်းပါ။” လို့ မှတ်ချက် ပေးသွားပါတယ်။

ဥရောပချန်ပီယံ အသင်း ကျရောက် ခဲ့တဲ့ အုပ်စု E မှာ နာပိုလီ အပြင် ရက်ဘူးဆဲလ်ဘတ် နဲ့ ဂန့်တို့လည်း ပါ၀င် နေကြပါတယ်။

ဆက်လက်ပြီး ဗန်ဒိုက်က “ ခြံုပြီး ပြောရရင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာမဆို ဖြစ်သွား နိုင်ပါတယ်။ ပြီးတော့ လူတိုင်းဟာ ကျွန်တော်တို့ကို အနိုင်ယူချင် နေမှာ အမှန်ပါပဲ။ ကျွန်တော်တို့ အနေနဲ့ အဆင်သင့် ဖြစ်နေရ ပါမယ်။ ကျွန်တော်တို့ ပွဲတိုင်းကို တိုက်ပွဲ ၀င်သွား ရမှာ ဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစား သွားပါမယ်။” လို့ ပြောသွားပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းကို ပရီးမီးယားလိဂ် မှာ ရမှတ် ၉၇ မှတ် ရယူပေးခဲ့တဲ့ အပြင် လိဂ်ပြိုင်ပွရဲ့ အကောင်းဆုံး ခံစစ်ကြောင်း ဖြစ်စေခဲ့ပြီး ချန်ပီယံလိဂ် ဖလားလည်း ရယူ ပေးခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး ကြယ်ပွင့်ဟာ နယ်သာလန် အသင်းကို Naton League final ကိုလည်း တက်ရောက် စေခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံးဆုလည်း ရထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး နောက်ခံလူဟာ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေကို ထိုက်တန်စွာ သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆုလက်ခံ ရယူခဲ့ပြီးနောက် အသက် ၂၈ နှစ် အရွယ် နောက်ခံလူက “ပထမဦးဆုံး ကျွန်တော့်အနေနဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ သူတို့တစ်တွေ မရှိဘဲ ဒီလို ၀န်ထမ်းတွေ မရှိဘဲ ပြီးခဲ့တဲ့ နှစ်အတွင်း ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစုကိုလည်း ကျေးဇူးတင် ရပါမယ်။

ရှည်လျားတဲ့ ခရီးလမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့် ခရီးလမ်းရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဘယ်လိုလူလဲ ဆိုတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကျွန်တော် ဒီလို အရာမျိုး လိုအပ်ပါတယ်။ ကျွန်တော်ဟာ အသက် ၁၈ နှစ် အရွယ် ကစားသမား မဟုတ်ပါဘူး။ ချက်ချင်းဆိုသလို ထိုးတက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ လမ်းကြောင်း တစ်လျှောက် တဆင့်ချင်း ကြိုးစား အားထုတ် ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပါ။ ကျွန်တေ်ာ ဒီဆု အတွက် အရမ်း ပျော်ရွှင် မိပါတယ်။ ဒီဆုကို ရယူ နိုင်ခဲ့တဲ့ အတွက် ကျွန်တေ်ာ အရမ်း ဂုဏ်ယူမိ ပါတယ်။ လမ်းကြောင်း တစ်လျှောက် ကျွန်တော့်ကို ကူညီ ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင် ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM