Van Dijk
#Sports_Myanmar
Unicode
UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဗန်ဒိုက်ထက် ပိုပြီး ရသင့်သူက ဘယ်သူလဲ ဆိုတာ ပြောကြား သွားတဲ့ #ပေဗယ်နတ်ဗတ်
================
ဂျူဗင်တပ် အသင်း ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အသင်း ရဲ့ လက်ထောက် ဥက္ကဌ တာဝန် ကိုပါ ထမ်းဆောင် နေ ရတဲ့ ပေဗယ် နတ်ဗတ် က UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို စီ ရော်နယ်ဒို မရရှိ ခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်မိ ကြောင်း ထုတ် ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဂျူဗင်တပ် အသင်း ရဲ့ ဒု – ဥက္ကဌ ဖြစ်သူ ဟာ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆု ပေးပွဲ ကို တက်ရောက် ခဲ့ပြီး ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာ မက်ဆီ ၊ ရော်နယ်ဒို တို့ကို ကျော်ဖြတ်ပြီး ဗန်ဒိုက် ဟာ ဒီဆု ကို ရရှိ လိမ့်မယ် လို့ ထင်မှတ် မထားခဲ့ ကြောင်း ၊ စီ ရော်နယ်ဒို ဟာ ဒီဆု ရရှိ လိမ့်မယ် လို့ မျှော်လင့် ထားခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော် ကတော့ ဒီ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆုကို စီ ရော်နယ်ဒို ရရှိ လိမ့်မယ် လို့ပဲ မျှော်လင့် ထားခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဖြစ်ပေါ် လာတဲ့ အရာရာ တိုင်းကို လက်ခံ ရ ပါ့မယ် ” လို့ ပေဗယ် နတ်ဗတ်က မှတ်ချက် ပေး စကား ပြောကြား သွားခဲ့ ပါတယ် ။
ဒီရာသီ ချန်ပီယံ လိဂ် အုပ်စု အဆင့် အတွက် မဲခွဲ ပေးရာ မှာတော့ ဂျူဗင်တပ် အသင်း ဟာ အက်သလက်တီကို မက်ဒရစ် ၊ လေဗာကူဆင် ၊ လိုကိုမိုးတစ် မော်စကို အသင်း တို့နဲ့ အတူ အုပ်စု D မှ ကျရောက် ခဲ့ ပါတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး …
” ကျွန်တော့် အတွက် ကတော့ ဒါဟာ ခက်ခဲ တဲ့ အုပ်စု ပွဲစဉ် တွေ ပါပဲ ၊ တစ်ကယ် ပဲ မလွယ်ကူ တဲ့ ပွဲတွေ ပေါ့ ။ ဒါဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ပဲလေ ။ ဒီမှာ တော့ လွယ်ကူမယ့် အုပ်စု ဆိုတာ မရှိ ပါဘူး ”
” အခုတော့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် က အုပ်စု အဆင့် ကို ကျော်ဖြတ် နိုင်ဖို့ ပါပဲ ။ ဒါဟာ ပထမ အဆင့် ပါ ။ ကျွန်တော် တို့ အတော်လေး ပြောင်းလဲ ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ တိုးတက် နေပြီ လို့လည်း ယုံကြည် ပါတယ် ”
” ကျွန်တော် တို့ အသင်း မှာ နည်းပြ အသစ် တစ်ယောက် နဲ့ ကစားသမား အသစ် တွေ ရှိနေ ကြပြီ လေ ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ခမ်းနား တဲ့ ဘောလုံး ရာသီ တစ်ခု အတွက် အဆင်သင့် ဖြစ်ကြ ပြီလို့ ကျွန်တော် ယုံကြည် ပါတယ် ”
” ကျွန်တော် တို့ အက်သလက်တီကို မက်ဒရစ် ကို ကောင်းကောင်း သိကြ ပါတယ် ။ ရာသီ ကြို ပွဲစဉ် တွေ တုန််းက လည်း ကျွန်တော် တို့ တွေ့ဆုံ ခဲ့ကြ တယ်လေ ။ ဆီမြွန်နီ နဲ့ ရင်ဆိုင် နိုင်ဖို့ ဆိုတာ တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ”
” လေဗာကူဆင် ဟာလည်း ခက်ခဲ လှတဲ့ ပြိုင်ဖက် အသင်း ပါပဲ ။ အထူး သဖြင့် သူတို့ အိမ်ကွင်း ကို သွားရောက် ကစား ရတဲ့ အချိန် တွေမှာ သူတို့ ပိုကောင်း ကြ ပါတယ် ”
” လိုကိုမိုးတစ် မော်စကို မှာ နိုင်ငံခြားသား ကစားသမား တွေ များလှ ပါတယ် ။ သူတို့ ဆီကို သွားဖို့ လည်း ခရီး က ဝေးလှ တယ်လေ ။ အဲ့တာ တွေကို ဖြေရှင်း နိုင်ဖို့ ကျွန်တော် တို့ အတော် လေး ကြိုးစား ရ ပါ့မယ် ။ ဒါပေမယ့် ကျွန်တော် တို့ ယုံကြည် မုှ အပြည့် ရှိကြ ပါတယ် ” လို့ ပေဗယ် နတ်ဗတ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar