မန် ချက် စတာ ယူနိုက်တတ် အသင်း ရဲ့ နယူး ကာဆယ် နိုင်ပွဲ ဟာ အသင်း အတွက် ရောင်နီ ပျိုးမှု တစ်ခု လို ထင် မှတ် မနေ သင့်ကြောင်း အင်္ဂလန် နဲ့ လီဗာပူး ကစား သမား ဟောင်း ဂျေမီ ရက်နက် က သတိ ပေး ပြောဆို သွားခဲ့ ပါတယ် ။ မန် ချက် စတာ ယူ နိုက် တတ် အသင်း ဟာ ပြီး ခဲ့ တဲ့ စနေ နေ့ က နယူး ကာဆယ် အသင်း ကို ၂ ဂိုး ပြတ် ရှုံး နိမ့် နေရာ ကနေ မိနစ် ၇၀ ကျော် က စလို့ ဂိုးတွေ ပြန်သွင်း ခဲ့ပြီး နိုင်ပွဲ ကို ယူဆောင် နိုင် ခဲ့ ပါတယ် ။

ဒီနိုင် ပွဲ ဟာ ယူနိုက်တတ် အတွက် နောက် ဆုံး ကစား ခဲ့ တဲ့ ၆ ပွဲ မှာ ပထမ ဆုံးနိုင် ပွဲ ပြန်လည် ရရှိ ခဲ့တာ ဖြစ်ပြီး အသင်း သား တွေ နဲ့ မော် ရင် ဟို တို့ အတွက် ဖိအား တွေ လျော့ကျ သွား စေခဲ့ ပါတယ် ။ အဆိုပါ ပွဲ အပြီး မှာတော့ ဒီနိုင် ပွဲ ဟာ မော် ရင် ဟို နဲ့ ယူနိုက်တတ် အတွက် အလှည့် အပြောင်း ဖြစ်လာနိုင် တယ် ဆိုတဲ့ ပြောဆိုမှု တွေ ပေါ် ထွက် လာခဲ့ ပါတယ် ။

ဒါ ပေမယ့် Daily Mail ရဲ့ ပင်တိုင် ဆောင်းပါးရှင် ၊ ဘောလုံး ဝေဖန် သုံးသပ်သူ ဂျေမီ ရက်နက် က တော့ ဒီလို တွေးနေ သူတွေ အတွက် နောက် တစ် ခါ ပြန် စဉ်းစား ဖို့ လိုအပ် ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“နယူး ကာဆယ် နဲ့ ပွဲ ဟာ ဆာအဲလက်စ် ဖာဂူဆန် ခေတ် တုန်းက အချိန် တွေ ကို ပြန်ပြီး အမှတ် ရစေ ခဲ့ ပါတယ် ။ မန်ချက် စတာ ယူနိုက်တတ် ဖလား ၃ လုံး ရခဲ့ တဲ့ ၁၉၉၉ တုန်းက အိုးထရက်ဖိုဒ့် ကို လီဗာပူး နဲ့ အတူ သွား ကစား ခဲ့ ပါတယ် ။ FA Cup ပွဲမှာ မိုက် ကယ် အို ၀င် ရဲ့ ဂိုး နဲ့ ကျွန်တော်တို့ ဦးဆောင် နေ ခဲ့ပြီး မိနစ် ၈၀ အထိ အသာ ရနေ ခဲ့ ပါတယ်”

“အဲ့ဒီ နောက် မှာတော့ ဖာဂူဆန် က အို လေ ဂန် နာ ဆိုးလ်ရှား ကို လူစားလဲ ထည့် ခဲ့ပြီး ၂ မိနစ် အတွင်း မှာ ၂ ဂိုး ပြန်သွင်းပြိး ကျွန်တော်တို့ ကို အနိုင် ကစား သွားခဲ့ ပါတယ် ။ ဒါက တကယ့် အံ့မခန်း ပွဲ တစ် ပွဲ ဖြစ် ခဲ့ ပါတယ်”

“နယူး ကာဆယ် နဲ့ ရလဒ် ကလည်း ဒီလို ပါပဲ ။ ဒါပေမယ့် မန်ချက် စတာ ယူနိုက်တတ် အသင်း ပြန်လာ တော့မယ် လို့ ထင် နေ တဲ့ သူတွေ ကို သတိ ပေး ချင် ပါတယ် ။ နောက် တစ် ခေါက် လာက် ပြန် စဉ်းစား လိုက် ကြ ပါဦး ။ ဒီ နိုင်ပွဲ ဟာ အသင်း ကို အလှည့် အပြောင်း ဖြစ် စေနိုင် မှာလား လို့ပေါ့”

“နယူး ကာဆယ် နဲ့ ပွဲ မှာ ယူနိုက်တတ် ဟာ အဖြုတ် ခံ ရတော့ မယ့် နည်းပြ အတွက် ကစားခဲ့ တာ မဟုတ် ပါဘူး ။ ၈ ရက် အတွင်း မှာ တတိယ မြောက် ကပ်ဆိုး ကျ ရောက် မယ့် ဒဏ် ကို မခံ ချင် လို့ ကစား သမား တွေက ညှစ် ကစား သွားခဲ့ တာပါ ။ အမှန် ပြောရရင် သူတို့ မျက်နှာ ပူလို့ သူတို့ အတွက် ကစား သွားခဲ့ ကြ တာပါပဲ”

“နယူး ကာဆယ် ဟာ ဧပြီ လောက် ကတည်းက နိုင်ပွဲ ဆိုတာ ဘာမှန်း မသိ တဲ့ အသင်း ပါ ။ အခုလည်း ပ ရီး မီး ယား လိဂ် မှာ နိုင်ပွဲ လုံးဝ မရ သေး ပါဘူး ။ ဂိုး တောင် ကောင်း ကောင်း မသွင်းတက် တဲ့ အသင်း ပါ ။ ဒီလို အသင်း ကို ယူနိုက်တတ် က ကပျက် ကချော် နဲ့ ၂ ဂိုး ပေး ခဲ့ပြီး မှ အနိုင် ပြန် ကစားနိုင် ခဲ့ တာပါ ။ နယူး ကာဆယ် ရဲ့ နေရာမှာ အခြား အသင်း တွေ ဆိုရင် အနိုင် ရလဒ် နဲ့ အိမ်ပြန် သွားမှာ သေချာ ပါတယ်”

“ယူနိုက်တတ် ရဲ့ ပုံစံ တွေ အတွက် ကျွန်တော် က တော့ မော် ရင် ဟို ကို ပဲ အပြစ်တင် ချင် ပါတယ် ။ အချို့ က တော့ လူ မ၀ယ် ပေးတဲ့ ၀ုဒ်ဝက် ကို အပြစ်ဆို နေ ကြ ပါတယ် ။ ဒါပေမယ့် သူက ကစားပုံ မကောင်း တာ နဲ့ ဘာမှ မသက် ဆိုင် ပါဘူး ။ အသင်း ရဲ့ ကစားပုံ အတွက် ကစား သမား တွေ နဲ့ နည်းပြ တို့ မှာ ပဲ တာဝန် ရှိ ပါတယ်”

“အသင်း ရဲ့ အ၀တ် လဲ ခန်း ထဲ မှာ နွေး ထွေးမှု မရှိ တာ ၊ စည်းလုံး မှု ပျက်ပြား နေတာ တွေ ကို နည်းပြ က ကိုင်တွယ် ထိန်းသိမ်း ရမှာပါ ။ အဲ့ဒီ အစား ကစား သမား တွေ ကို တစ်ယောက်ပြီး တစ်ယောက် ဝေဖန် နေ ပါတယ် ။ ပေါင် သန်း ၃၀၀ ကျော် ၊ ပေါ့ဘာ ၊ ဘိုင်လီ ၊ လင်ဒီ လော့ဖ် တို့ ကို ခေါ် ထားပြီး ဘာမှ ဖြစ် မလလာ သေးတဲ့ နည်းပြ တစ်ယောက် ကို ဘာလို့ ထောက် ခံ နေ ရမှာလဲ”

“နယူးကာဆယ် နဲ့ ပွဲ တုန်းက တော်မီနေး ကို မော် ရင် ဟို ဝေဖန် ခဲ့ ပါတယ် ။ ကြောက်ရွံ့ နေ တယ် ပေါ့ . . . ဒါက ဖြစ် မှာပါပဲ ။ ဒီ ကောင်လေး ကို သူပဲ နောက်တန်းဆင်း ကစား ခိုင်း ခဲ့ တာလေ ။ ကောင်လေး ရဲ့ ရှေ့ မှာ တင် ခံစစ် မှုး စစ်စစ်ကြီး ကို အမှား တွေ ရှိ လို့ ဆိုပြီး ၁၉ မိနစ် တည်း နဲ့ လူစားလဲ ခဲ့ တာပါ ။ ဒီတော့ ဒီ ကောင်လေး စိတ်ထဲ မှာ ကြောက်ရွံ့ မှု တွေ ပေါ်လာ တာ မဆန်း ပါဘူး ။ သူ အကျွမ်း မ၀င် တဲ့ နေရာ ကို ကစား နေရပြီး ခြေမပေါ် တာ နဲ့ ဘိုင်လီ နောက် ကို လိုက် ရ မှာ လေ”

“ရက်ဖိုဒ့် ကိုလည်း ကစား ရတာ မပျော် ဘူး ၊ စိတ်ညစ် နေ ပုံ ပေါက်တယ် လို့ မော် က ပြောခဲ့ ပါသေး တယ် ။ အင်္ဂလန် မှာ ကစား တုန်းက ရက်ဖိုဒ့် မျက်နှာ မှာ ဒီလိုမျိုး တွေ မတွေ့ မိ ပါဘူး ။ ဒါဟာ သူ့ရဲ့ ကစား သမား တွေ အပေါ် စီမံ ခန့်ခွဲ မှု ၊ ကိုင်တွယ် မှု ညံ့ဖျင်း တယ် ဆိုတာ ကိုပြသ နေတာပါ ပဲ”

“နယူး ကာဆယ် ကို နိုင်လိုက် တာ ဟာ ကောင်းတဲ့ အရာ မဟုတ် ပါဘူး ။ ဒီ နိုင်ပွဲ ဟာ ဘုတ် အဖွဲ့ ရဲ့ ဆုံးဖြတ် ချက် တွေ ကို နှောင့် နှေး သွားစေ ခဲ့ ပါတယ် ။ အပြောင်း အလဲ အတွက် ဒီ နိုင် ပွဲ ဟာ ကန့်လန့် လာ ခံ နေ ပါတယ်” လို့ ဂျေမီရက် နက် က သူ့ရဲ့ အယ်ဒီတာ ကဏ္ဍ မှာ ထည့်သွင်း ဖော်ပြ သွားခဲ့ ပါတယ် ။