Peterches

မေန႕ည က ျပဳလုပ္ ခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ မဲခြဲပြဲ အျပီး မွာ လန္ဒန္ ကလပ္ ခ်ယ္လ္ဆီး အသင္း ဟာ အုပ္စု H မွာ နယ္သာလန္ ကလပ္ ေအဂ်က္ဇ္ ၊ လာလီဂါ ကလပ္ ဗလင္စီယာ ၊ လီဂူးဝမ္း ကလပ္ လိုင္လီ အသင္း ေတြနဲ႕ တအုပ္စုတည္း က်ေရာက္ ခဲ့ပါတယ္ ။ အင္အားၾကီး အသင္း ေတြ ျဖစ္တဲ့ ရီးရဲလ္ မက္ဒရစ္ ၊ အက္သလက္တီကို တို႕ကို ေရွာင္လႊဲ ႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕နဲ႕ ေျခစြမ္း တန္းတူ ယွဥ္ျပိဳင္ ကစားမယ့္ အသင္း ေတြနဲ႕ တအုပ္စုတည္း က်လို႕ ေနတာ ျဖစ္ပါတယ္ ။

ကစားသမားသစ္ ေခၚယူခြင့္ မရွိလို႕ ခ်ယ္လ္ဆီး အသင္း ဟာ လိုအပ္တဲ့ ေတာင္ပံ တိုက္စစ္ နဲ႕ အေထာင္ တိုက္စစ္ ေနရာ ေတြမွာ အားမျဖည့္ ႏိုင္ခဲ့တာက ထိုးႏွက္ခ်က္ တခု ျဖစ္ႏိုင္ေပမယ့္ နည္းျပ ျဖစ္သူ လမ္းပတ္ ဟာ ကစားသမား ဘဝ မွာကတည္းက ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ခ်န္ပီယံလိဂ္ အေတြ႕အၾကံဳ မ်ားစြာ ရွိခဲ့တာေၾကာင့္ သူ႕ရဲ႕ ကိုယ္စြမ္း ဉာဏ္စြမ္း ရွိသေလာက္ ၾကိဳးစား လာဖို႕ ရွိေနပါတယ္ ။

ထို႕အျပင္ ခ်ယ္လ္ဆီး အသင္းသား ေတြဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ယူရိုပါလိဂ္ သာ ကစား ခဲ့ရတဲ့ အတြက္ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်န္ပီယံလိဂ္ ညခ်မ္း ေတြကို ဆင္ႏႊဲဖို႕ အေတာ္ေလး စိတ္အား ထက္သန္ ေနၾကျပီ ျဖစ္ပါတယ္ ။ မေန႕ည က မဲခြဲပြဲ ကို ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ဂိုးသမားေဟာင္း ၊ လက္ရွိ အသင္း ရဲ႕ ဒါရိုက္တာ အဖြဲ႕ဝင္ တဦး ျဖစ္တဲ့ ပီတာခ်က္ လည္း ပါဝင္ မဲခြဲ ေပးခဲ့ပါတယ္ ။

မဲခြဲပြဲျပီး သတင္းေထာက္ ေတြနဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ပီတာခ်က္ က ၄င္းတို႕ဟာ ေျခရည္မွ် တဲ့ အုပ္စု မွာ က်ေရာက္ ေနတယ္ လို႕ ယူဆ မိေၾကာင္း ၊ ထို႕အျပင္ ခ်န္ပီယံလိဂ္ မွာ တၾကိမ္တခါ မွ ၄င္းတို႕နဲ႕ ထိပ္တိုက္ မေတြ႕ခဲ့ဖူးတဲ့ ေအဂ်က္ဇ္ ကို ပိုျပီး သတိထား ကစား ရမွာ ျဖစ္တယ္ လို႕ သံုးသပ္ လိုက္သလို ၊ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အတြက္ ပထမဆံုး ပစ္မွတ္ အေနနဲ႕ အုပ္စု အဆင့္ ကို လြန္ေျမာက္ေအာင္ ၾကိဳးစားမယ္ လို႕ ဆိုခဲ့ပါတယ္ ။

Ajax

ပီတာခ်က္ က ” ကြ်န္ေတာ္ ကေတာ့ လက္ရွိ က်ေရာက္ ေနတဲ့ အုပ္စု က အသင္း ေတြဟာ ေျခရည္ မွ်တဲ့ အသင္း ေတြ ျဖစ္တယ္ လို႕ ထင္ပါတယ္ ။ အသင္းတိုင္း မွာ ျမင့္မားတဲ့ အရည္အေသြး မ်ားစြာ ရွိသလို ၊ ဒီ အုပ္စု က ဘယ္ ကလပ္ မဆို တသင္း အေပၚ တသင္း အႏိုင္ယူ ကစား ႏိုင္စြမ္း ရွိတာေၾကာင့္ ဘယ္သူ ေတြက အုပ္စု တက္သြားမလဲ ဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ ။ ”

” ဒါေပမယ့္ ဒီ မဲခြဲမႈ အတြက္ေတာ့ ကြ်န္ေတာ္ တို႕ ေက်နပ္မႈ ရွိပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အရမ္း ေဝးလံတဲ့ ခရီးစဥ္ ေတြ မသြားရပါဘူး ။ ဒါဟာ အေပါင္း လကၡဏာ ေဆာင္တဲ့ အခ်က္ လို႕ ထင္ပါတယ္ ။ ေအဂ်က္ဇ္ ဟာ ကြ်န္ေတာ္ တို႕ေရာ ၊ ခ်ယ္လ္ဆီး ပရိသတ္ ေတြ တၾကိမ္တခါ မွ မဆံုဖူး ေသးတဲ့ အသင္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႕ ဒီႏွစ္သင္း ထိပ္တိုက္ ေတြ႕ဆံုမႈ က အေတာ္ေလး ျမိဳင္ဆိုင္ လာႏိုင္ပါတယ္ ။ ”

” ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ေအဂ်က္ဇ္ အသင္း ဟာ အရမ္း အံ့ၾသစရာ ေကာင္းတဲ့ ရလဒ္ နဲ႕ ေအာင္ျမင္မႈ ေတြကို ပိုင္ဆိုင္ ခဲ့တာေၾကာင့္ အဲ့လို ပံုစံ အတိုင္းပဲ ဒီႏွစ္ ေဘာလံုး ရာသီ ကို ေရွ႕ဆက္ ႏိုင္ေအာင္ ၾကိဳးစား လာဖို႕ ရွိပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဖက္ကလည္း အဲ့လို စိန္ေခၚမႈ ေတြကို ေစာင့္ေမွ်ာ္ ေနျပီး အုပ္စု အဆင့္ ကေန အျမန္ဆံုး ေက်ာ္ျဖတ္ ႏိုင္ဖို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ခ်န္ပီယံလိဂ္ မဲခြဲပြဲ မွာ ပထမဆံုး ပါဝင္ခြင့္ ရခဲ့ျခင္း နဲ႕ ပတ္သက္ျပီး ပီတာခ်က္ က ” ဒါဟာ ကြ်န္ေတာ့ အတြက္ အေတြ႕အၾကံဳ အသစ္ ျဖစ္ပါတယ္ ။ တကယ္လည္း ႏွစ္သက္ မိပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒါဟာ ကြ်န္ေတာ္ တခါမွ မလုပ္ဖူးတဲ့ အရာ ျဖစ္လို႕ပါ ။ ဒီလို အုပ္စု မဲခြဲပြဲ မွာ ပါဝင္ခြင့္ ရတာက ကြ်န္ေတာ့ အတြက္ ဂုဏ္ယူစရာပါ ။ ေဘာလံုး ပရိသတ္ ေတြလည္း ကြ်န္ေတာ္ တို႕ရဲ႕ မဲခြဲပြဲ ကေန ပြဲၾကီးပြဲေကာင္း တခ်ိဳ႕ ၾကည့္ရႈ ရလိမ့္မယ္ လို႕ ေမွ်ာ္လင့္ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံလိဂ် အုပ်စု အနေအထား အပေါ် မှတ်ချက် ပေးလိုက်တဲ့ #ပီတာချက်

မနေ့ည က ပြုလုပ် ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲ အပြီး မှာ လန်ဒန် ကလပ် ချယ်လ်ဆီး အသင်း ဟာ အုပ်စု H မှာ နယ်သာလန် ကလပ် အေဂျက်ဇ် ၊ လာလီဂါ ကလပ် ဗလင်စီယာ ၊ လီဂူးဝမ်း ကလပ် လိုင်လီ အသင်း တွေနဲ့ တအုပ်စုတည်း ကျရောက် ခဲ့ပါတယ် ။ အင်အားကြီး အသင်း တွေ ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် ၊ အက်သလက်တီကို တို့ကို ရှောင်လွှဲ နိုင်ခဲ့ပေမယ့် ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့နဲ့ ခြေစွမ်း တန်းတူ ယှဉ်ပြိုင် ကစားမယ့် အသင်း တွေနဲ့ တအုပ်စုတည်း ကျလို့ နေတာ ဖြစ်ပါတယ် ။

ကစားသမားသစ် ခေါ်ယူခွင့် မရှိလို့ ချယ်လ်ဆီး အသင်း ဟာ လိုအပ်တဲ့ တောင်ပံ တိုက်စစ် နဲ့ အထောင် တိုက်စစ် နေရာ တွေမှာ အားမဖြည့် နိုင်ခဲ့တာက ထိုးနှက်ချက် တခု ဖြစ်နိုင်ပေမယ့် နည်းပြ ဖြစ်သူ လမ်းပတ် ဟာ ကစားသမား ဘဝ မှာကတည်းက ချယ်လ်ဆီး အသင်း နဲ့ အတူ ချန်ပီယံလိဂ် အတွေ့အကြုံ များစွာ ရှိခဲ့တာကြောင့် သူ့ရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ကြိုးစား လာဖို့ ရှိနေပါတယ် ။

ထို့အပြင် ချယ်လ်ဆီး အသင်းသား တွေဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ယူရိုပါလိဂ် သာ ကစား ခဲ့ရတဲ့ အတွက် ဒီနှစ် ဘောလုံး ရာသီ မှာ ချန်ပီယံလိဂ် ညချမ်း တွေကို ဆင်နွှဲဖို့ အတော်လေး စိတ်အား ထက်သန် နေကြပြီ ဖြစ်ပါတယ် ။ မနေ့ည က မဲခွဲပွဲ ကို ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ၊ လက်ရှိ အသင်း ရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ပီတာချက် လည်း ပါဝင် မဲခွဲ ပေးခဲ့ပါတယ် ။

မဲခွဲပွဲပြီး သတင်းထောက် တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ပီတာချက် က ၄င်းတို့ဟာ ခြေရည်မျှ တဲ့ အုပ်စု မှာ ကျရောက် နေတယ် လို့ ယူဆ မိကြောင်း ၊ ထို့အပြင် ချန်ပီယံလိဂ် မှာ တကြိမ်တခါ မှ ၄င်းတို့နဲ့ ထိပ်တိုက် မတွေ့ခဲ့ဖူးတဲ့ အေဂျက်ဇ် ကို ပိုပြီး သတိထား ကစား ရမှာ ဖြစ်တယ် လို့ သုံးသပ် လိုက်သလို ၊ ချယ်လ်ဆီး ပရိသတ် တွေ အတွက် ပထမဆုံး ပစ်မှတ် အနေနဲ့ အုပ်စု အဆင့် ကို လွန်မြောက်အောင် ကြိုးစားမယ် လို့ ဆိုခဲ့ပါတယ် ။

ပီတာချက် က ” ကျွန်တော် ကတော့ လက်ရှိ ကျရောက် နေတဲ့ အုပ်စု က အသင်း တွေဟာ ခြေရည် မျှတဲ့ အသင်း တွေ ဖြစ်တယ် လို့ ထင်ပါတယ် ။ အသင်းတိုင်း မှာ မြင့်မားတဲ့ အရည်အသွေး များစွာ ရှိသလို ၊ ဒီ အုပ်စု က ဘယ် ကလပ် မဆို တသင်း အပေါ် တသင်း အနိုင်ယူ ကစား နိုင်စွမ်း ရှိတာကြောင့် ဘယ်သူ တွေက အုပ်စု တက်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ ”

” ဒါပေမယ့် ဒီ မဲခွဲမှု အတွက်တော့ ကျွန်တော် တို့ ကျေနပ်မှု ရှိပါတယ် ။ ကျွန်တော် တို့ဟာ အရမ်း ဝေးလံတဲ့ ခရီးစဉ် တွေ မသွားရပါဘူး ။ ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အချက် လို့ ထင်ပါတယ် ။ အေဂျက်ဇ် ဟာ ကျွန်တော် တို့ရော ၊ ချယ်လ်ဆီး ပရိသတ် တွေ တကြိမ်တခါ မှ မဆုံဖူး သေးတဲ့ အသင်း ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု က အတော်လေး မြိုင်ဆိုင် လာနိုင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အေဂျက်ဇ် အသင်း ဟာ အရမ်း အံ့သြစရာ ကောင်းတဲ့ ရလဒ် နဲ့ အောင်မြင်မှု တွေကို ပိုင်ဆိုင် ခဲ့တာကြောင့် အဲ့လို ပုံစံ အတိုင်းပဲ ဒီနှစ် ဘောလုံး ရာသီ ကို ရှေ့ဆက် နိုင်အောင် ကြိုးစား လာဖို့ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဖက်ကလည်း အဲ့လို စိန်ခေါ်မှု တွေကို စောင့်မျှော် နေပြီး အုပ်စု အဆင့် ကနေ အမြန်ဆုံး ကျော်ဖြတ် နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ချန်ပီယံလိဂ် မဲခွဲပွဲ မှာ ပထမဆုံး ပါဝင်ခွင့် ရခဲ့ခြင်း နဲ့ ပတ်သက်ပြီး ပီတာချက် က ” ဒါဟာ ကျွန်တော့ အတွက် အတွေ့အကြံု အသစ် ဖြစ်ပါတယ် ။ တကယ်လည်း နှစ်သက် မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ကျွန်တော် တခါမှ မလုပ်ဖူးတဲ့ အရာ ဖြစ်လို့ပါ ။ ဒီလို အုပ်စု မဲခွဲပွဲ မှာ ပါဝင်ခွင့် ရတာက ကျွန်တော့ အတွက် ဂုဏ်ယူစရာပါ ။ ဘောလုံး ပရိသတ် တွေလည်း ကျွန်တော် တို့ရဲ့ မဲခွဲပွဲ ကနေ ပွဲကြီးပွဲကောင်း တချို့ ကြည့်ရှု ရလိမ့်မယ် လို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR