Masonmouth

ချယ်လ်ဆီး အသင်း ရဲ့ အသက် ၂၀ အရွယ် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ မနေ့က အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရက် ဆောက်ဂိတ် ရွေးချယ် တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ အတွက် နောက်ဆုံး ကစားသမား စာရင်း မှာ ပါဝင်ခွင့် ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။ လက်ရွေးစင် အသင်း အတွက် ပထမဆုံး ရွေးချယ်ခံ ခဲ့ရတဲ့ မေဆင်မောင့် လည်း သူ့ရဲ့ အိပ်မက် တခု ပြည့်ဝ ခဲ့ရပြီ လို့ ဆိုနိုင်ပါတယ် ။

မောင့် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း မှာ ပုံမှန် ကစားခွင့် ရနေတာကြောင့် ခြေစွမ်းကောင်း တချို့ ပြသ ထားနိုင် ခဲ့ပြီး ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ ဂိုးတွေ သွင်းယူ နိုင်ခဲ့သလို ၊ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲ မှာလည်း ဂိုး ၂ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ ထို့အပြင် ပင်ကို စွမ်းရည် ၊ ကြိုးစားမှု တွေနဲ့ ပေါင်းစပ် လိုက်တဲ့ အခါ မေဆင်မောင့် ဟာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အကြိုက် ကစားသမား ဖြစ်လာပါတယ် ။

မောင့် ဟာ ပြီးခဲ့တဲ့ ရာသီ မှာကတည်းက အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ အတူ လာရောက် လေ့ကျင့်ခန်း ဆင်းဖို့ ကမ်းလှမ်း ခံခဲ့ ရသလို အခု အခါမှာတော့ ကိုယ်တိုင် လက်ရွေးစင် အသင်း နဲ့ အတူ ကစားခွင့် ရတော့မှာ ဖြစ်ပါတယ် ။ မေဆင်မောင့် အပြင် လက်စတာ အသင်း က လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား ဂျိမ်းစ် မက်ဒီဆင် လည်း လက်ရွေးစင် အသင်း အတွက် ပထမဆုံး ရွေးချယ် ခံခဲ့ရပါတယ် ။

Mason

အင်္ဂလန် နည်းပြ ဂါရက် ဆောက်ဂိတ် ကတော့ မေဆင်မောင့် ဟာ ထူးချွန်ပြီးသား လူငယ် ကစားသမား တယောက် ဖြစ်ကြောင်း ၊ ပြည်တွင်းလိဂ် က ကစားထားသမျှ ပွဲစဉ် တွေမှာလည်း သွင်းဂိုး တွေ အတွက် အမြဲ ခြိမ်းခြောက်မှု ပေးနိုင်တဲ့ ကွင်းလယ်လူ အဖြစ် ရပ်တည် နေကြောင်း နဲ့ ဒါဘီ အသင်း မှာကတည်းက သူ့ရဲ့ အရည်အသွေး တွေကို ထုတ်ပြ ထားနိုင် ခဲ့ကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ဆောက်ဂိတ် က ” ဒီနှစ် ဘောလုံး ရာသီ အစမှာ ကတည်းက မေဆင်မောင့် ဟာ ပရီးမီးယားလိဂ် ရဲ့ အထူးချွန်ဆုံး ကစားသမား တွေထဲက တယောက် ဖြစ်နေပါပြီ ။ အဲ့ဒီ အတွက်ကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ မှာကတည်းက ကျွန်တော် တို့ဟာ သူနဲ့ မက်ဒီဆင် ကို အင်္ဂလန် အသင်း ရဲ့ ပွဲစဉ် တွေ အတွက် အတွေ့အကြုံ လာယူ စေခဲ့တာ ဖြစ်ပါတယ် ။ ”

” ဒီ အချိန် မှာလည်း မေဆင်မောင့် ဟာ လူငယ် ကစားသမား တဦးသာ ဖြစ်နေပေမယ့် သူဟာ ပါရမီရှင် ကစားသမား တဦး ဆိုတာ လက်ခံ ရပါမယ် ။ ဒါဟာ အရမ်း ရိုးရှင်းပါတယ် ။ သူ ကစားခွင့် ရတဲ့ ပွဲစဉ် တိုင်းမှာ သွင်းဂိုး တွေ အတွက် အမြဲတမ်း ခြိမ်းခြောက်မှု ရှိနေတယ် ဆိုတာ မြင်တွေ့ ရမှာပါ ။ သူ အသက် ၁၆ နှစ် အရွယ် လူငယ် အကယ်ဒမီ အတွက် ကစားပေး ခဲ့စဉ် ကတည်းက ကျွန်တော် ဟာ သူ့ခြေစွမ်း ကို စောင့်ကြည့် လာခဲ့တာ ဖြစ်ပါတယ် ။ ”

Southgate

” အသက် အရွယ် အပိုင်းအခြား အရ ကစားတဲ့ အသင်း တွေမှာလည်း သူဟာ အရမ်း ထူးချွန် တဲ့ ကစားသမား အဖြစ် ရပ်တည် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း မှာ ပွဲ ၃ပွဲ ကစားပြီးမှ အရမ်း တော်တဲ့ ကစားသမား အနေနဲ့ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး ။ သူဟာ နယ်သာလန် ထိပ်တန်းလိဂ် မှာ ဗွီတက်ဆီ ကို အငှား ထွက်ကစား ကတည်းက ထူးချွန် လာခဲ့တာ ဖြစ်ပါတယ် ။ နောက်ပြီး မနှစ် ကဆို ဒါဘီ အသင်း နဲ့ အတူ တကယ် အောင်မြင်တဲ့ နှစ်တနှစ် ကို ဖြတ်သန်း ခဲ့ပါတယ် ။ ”

” ဒါ့အပြင် သူဟာ အင်္ဂလန် ယူ ၁၉ အသင်း နဲ့ အတူ ယူရို ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ အခု အခါမှာ သူ့ရဲ့ ခြေစွမ်း နဲ့ အရည်အသွေး တွေ ဆက်လက် တိုးတက် နေပြီး တက်ရောက် ကျော်ဖြတ် လာတဲ့ အဆင့် တဆင့် တိုင်းမှာ အောင်မြင်မှု မှတ်တမ်းကောင်း တွေ ပိုင်ဆိုင် ခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ အစ ဟာလည်း သူ့ အတွက် အရှေ့နှစ် တွေမှာ အောင်မြင်မှု ရခဲ့တဲ့ အနေအထား တွေထဲက စတင်မှု ပုံစံ နဲ့ ဆင်တူ ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Unicode