Solskjaer

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အာဂ်င္ တုိင္းသား ဂိုး သမား ျဖစ္သူ ဆာဂ်ီယို ရိုမဲရိုး ဟာ ယူနုိက္တက္ တုိ့ ယူရုိ ပါလိဂ္ ဖလား ဆြတ္ခူး ခဲ့တဲ့ 2017 ခုႏွစ္ တုန္းက အသင္း ရဲ့ ပြဲစဥ္ 9 ပြဲ လံုးကို ပါဝင္ ကစား ေပး ခဲ့ရ တဲ့ ကစားသမား တစ္ဦး ပဲ ျဖစ္ ပါတယ္ ။

အခုေတာ့ ရိုမဲရိုးက 2017 ခုႏွစ္ တုန္းက လိုပဲ ယူရို ပါလိဂ္ ျပိဳင္ပြဲ မွာ ေအာင္ျမင္ မွဳ ျပန္လည္ ရရွိ ဖုိ့ ၾကိဳးစား အားထုတ္ သြားဖုိ႔ ရွိ ေနေၾကာင္း သူ့ရဲ့ ရည္မွန္းခ်က္ တစ္ခု ကို ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ ဟာ ေသာၾကာ ေန့မွာ မဲခြဲ မွဳ ျပဳလုပ္မယ့္ ယူရို ပါလိဂ္ ျပိဳင္ပြဲ ရဲ့ မဲအိုး 1 မွာ ျပိဳင္ဖက္ အသင္း ေကာင္းေတြ ျဖစ္တဲ့ ဆီဗီလာ ၊ ေပၚတုိ ၊ ရိုးမား အပါအဝင္ အသင္း 6 သင္း နဲ့ အတူ ရွိေန ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ ယူနုိက္တက္ အသင္း ဖက္မွ ယူရို ပါလိဂ္ ျပိဳင္ပြဲ မွာ ကစား ဖုိ႔ အတြက္ ေပါ့ဆ သြားမွာ မဟုတ္ ေၾကာင္း ၊ အေလး အနက္ ထား ယွဥ္ျပိဳင္ သြားမွာ ျဖစ္ေၾကာင္း ရုိမဲရိုး က ထုတ္ေဖာ္ ေျပာၾကား သြားခ့ဲ လိုက္ ပါတယ္ ။

ယူနုိက္တက္ အသင္း ဟာ 2017 ယူရို ပါလိဂ္ ဖုိင္နယ္ တုန္းက ေအဂ်က္ အသင္း ကို 2 – 0 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ယူျပီး ဆု ဖလား ရယူ ဆြတ္ခူး နုိင္ခဲ့ ပါတယ္ ။ အဆုိပါ ရာသီ မွာေတာ့ ရိုမဲရိုး ဟာ အသင္း ရဲ့ ယူရို ပါလိဂ္ ပြဲစဥ္ တုိင္းမွာ ပါဝင္ ကစား ေပးခဲ့ ပါတယ္ ။

Manchester United’s team celebrate with the trophy after they won the UEFA Europa League final football match Ajax Amsterdam v Manchester United on May 24, 2017 at the Friends Arena in Solna outside Stockholm. (Photo by SOREN ANDERSSON / AFP)

” က်ြန္ေတာ့္ တုိ့ ဆီမွာ တစ္ကယ့္ ေကာင္းမြန္ တဲ့ အသင္း တစ္သင္း နဲ့ ေကာင္းမြန္ လွတဲ့ မန္ေနဂ်ာ တစ္ဦး ရွိေန ပါတယ္ ။ ဒါ့ အျပင္ အသင္း မွာ ရွိေန တဲ့ သူ တုိင္းက ေကာင္းမြန္ စြာ အလုပ္ လုပ္လို ေနၾက ပါတယ္ ”

” ဒါဟာ ေနာက္ထပ္ ႏွစ္ တစ္ႏွစ္ ပါ ။ က်ြန္ေတာ္ တုိ့ အားလံုး သုည ကေန ျပန္လည္ စတင္ ရမယ့္ ရာသီ သစ္ တစ္ခု ပါပဲ ။ ဒီ အတြက္ က်ြန္ေတာ္ တုိ့ အေကာင္းဆံုး ပံုစံ တစ္ခု မွာ ရွိေန ရ ပါ့မယ္ ”

” ယူနုိက္တက္ ဟာ သူ့ရဲ့ သမိုင္းေၾကာင္း အစဥ္အလာ ေကာင္းမြန္ ခဲ့မွဳ ေတြနဲ့ အတူ အျမဲတမ္း အနုိင္ ရဖုိ့ ထုိက္တန္ တဲ့ အသင္း တစ္သင္း ပါပဲ ။ ဒီ အတြက္ က်ြန္ေတာ္ တုိ့ေတြ ဟာ အသင္း တစ္ခု အေန နဲ့ တစ္ဦး ကို တစ္ဦး အကူအညီ ေပးရင္း ပန္းတုိင္ တစ္ခု ကို ေရာက္ရွိ ေအာင္ အလုပ္ ၾကိဳးစား ၾကရ ပါ့မယ္ ” လို့ ရုိမဲရိုး က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ယူနုိက္တက္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ခ်န္ပီယံ လိဂ္ အုပ္စု အဆင့္ မွာ ရင္ဆုိင္ ေက်ာ္ျဖတ္ နုိင္ ခဲ့တဲ့ ယန္းဘြိဳင္းစ္ အသင္း နဲ့ ယူရုိ ပါလိဂ္ ျပိဳင္ပြဲ မွာ ထပ္မံ ရင္ဆုိင္ ရဖုိ့ အတြက္ ေရပန္းစား ေနခဲ့ ပါတယ္ ။

ဒါ့အျပင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ေက်ာ္က ယူရို ပါလိဂ္ မွာ ယူနုိက္တက္ တုိ့ ေက်ာ္ျဖတ္ ခဲ့ ၾကတဲ့ စိန့္ အက္တီယန္နီ အသင္း နဲ့လည္း ရင္ဆုိင္ ရဖုိ့ အလားအလာ မ်ားျပား ေန ပါတယ္ ။ ဒါေပမယ့္ ရိုမဲရိုး ကေတာ့ ျပိဳင္ဖက္ အသင္း ေတြကို ေလ်ာ့တြက္ သြားမွာ မဟုတ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

” ဒီ ျပိဳင္ပြဲ မွာေတာ့ ေသခ်ာ ေရရာ တဲ့ အရာ ဆုိျပီး မရွိ ပါဘူး ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ ပြဲစဥ္ ေတြ ကစား ရဖုိ့ အတြက္ က်ြန္ေတာ္ တုိ့ ေတြဟာ ခရီး အေဝး ကိုေရာ ၊ နီးတဲ့ ေနရာ ေတြကို ပါ သြားေရာက္ ရတယ္ ေလ ”

” ဒါ့အျပင္ ဒီ ျပိဳင္ပြဲ တစ္ခု မွာ ရရွိ ခဲ့တဲ့ ေအာင္ျမင္ မွဳမ်ိဳး ျပန္လည္ ရယူ နုိင္ဖုိ့ ဆုိတာ က ၾကီးမား တဲ့ စိန္ေခၚ မွဳ တစ္ရပ္ ပါပဲ ။ က်ြန္ေတာ္ တုိ့ ဘယ္လို ပဲ ကစား ေနၾက ပါေစ ၊ အသင္း အတြက္ ေတာ့ အေကာင္းဆံုး ျဖစ္နိုင္ ဖို႔ လိုအပ္ ပါတယ္ ” လို့ ရိုမဲရိုး က ဆိုသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူရိုပါလိဂ် ပြိုင်ပွဲ အတွက် ဘာတွေ လိုအပ် သလဲ ဆိုတာ မှတ်ချက် ပေးသွားတဲ့ ယူနိုက်တက် ရဲ့ 2017 ဟီးရိုး #ရိုမဲရိုး

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အာဂျင် တိုင်းသား ဂိုး သမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုး ဟာ ယူနိုက်တက် တို့ ယူရို ပါလိဂ် ဖလား ဆွတ်ခူး ခဲ့တဲ့ 2017 ခုနှစ် တုန်းက အသင်း ရဲ့ ပွဲစဉ် 9 ပွဲ လုံးကို ပါဝင် ကစား ပေး ခဲ့ရ တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ် ပါတယ် ။

အခုတော့ ရိုမဲရိုးက 2017 ခုနှစ် တုန်းက လိုပဲ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ အောင်မြင် မှု ပြန်လည် ရရှိ ဖို့ ကြိုးစား အားထုတ် သွားဖို့ ရှိ နေကြောင်း သူ့ရဲ့ ရည်မှန်းချက် တစ်ခု ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ သောကြာ နေ့မှာ မဲခွဲ မှု ပြုလုပ်မယ့် ယူရို ပါလိဂ် ပြိုင်ပွဲ ရဲ့ မဲအိုး 1 မှာ ပြိုင်ဖက် အသင်း ကောင်းတွေ ဖြစ်တဲ့ ဆီဗီလာ ၊ ပေါ်တို ၊ ရိုးမား အပါအဝင် အသင်း 6 သင်း နဲ့ အတူ ရှိနေ ခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်း ဖက်မှ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ကစား ဖို့ အတွက် ပေါ့ဆ သွားမှာ မဟုတ် ကြောင်း ၊ အလေး အနက် ထား ယှဉ်ပြိုင် သွားမှာ ဖြစ်ကြောင်း ရိုမဲရိုး က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ဟာ 2017 ယူရို ပါလိဂ် ဖိုင်နယ် တုန်းက အေဂျက် အသင်း ကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ယူပြီး ဆု ဖလား ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ အဆိုပါ ရာသီ မှာတော့ ရိုမဲရိုး ဟာ အသင်း ရဲ့ ယူရို ပါလိဂ် ပွဲစဉ် တိုင်းမှာ ပါဝင် ကစား ပေးခဲ့ ပါတယ် ။

” ကျွန်တော့် တို့ ဆီမှာ တစ်ကယ့် ကောင်းမွန် တဲ့ အသင်း တစ်သင်း နဲ့ ကောင်းမွန် လှတဲ့ မန်နေဂျာ တစ်ဦး ရှိနေ ပါတယ် ။ ဒါ့ အပြင် အသင်း မှာ ရှိနေ တဲ့ သူ တိုင်းက ကောင်းမွန် စွာ အလုပ် လုပ်လို နေကြ ပါတယ် ”

” ဒါဟာ နောက်ထပ် နှစ် တစ်နှစ် ပါ ။ ကျွန်တော် တို့ အားလုံး သုည ကနေ ပြန်လည် စတင် ရမယ့် ရာသီ သစ် တစ်ခု ပါပဲ ။ ဒီ အတွက် ကျွန်တော် တို့ အကောင်းဆုံး ပုံစံ တစ်ခု မှာ ရှိနေ ရ ပါ့မယ် ”

” ယူနိုက်တက် ဟာ သူ့ရဲ့ သမိုင်းကြောင်း အစဉ်အလာ ကောင်းမွန် ခဲ့မှု တွေနဲ့ အတူ အမြဲတမ်း အနိုင် ရဖို့ ထိုက်တန် တဲ့ အသင်း တစ်သင်း ပါပဲ ။ ဒီ အတွက် ကျွန်တော် တို့တွေ ဟာ အသင်း တစ်ခု အနေ နဲ့ တစ်ဦး ကို တစ်ဦး အကူအညီ ပေးရင်း ပန်းတိုင် တစ်ခု ကို ရောက်ရှိ အောင် အလုပ် ကြိုးစား ကြရ ပါ့မယ် ” လို့ ရိုမဲရိုး က ဆိုသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံ လိဂ် အုပ်စု အဆင့် မှာ ရင်ဆိုင် ကျော်ဖြတ် နိုင် ခဲ့တဲ့ ယန်းဘွိုင်းစ် အသင်း နဲ့ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ထပ်မံ ရင်ဆိုင် ရဖို့ အတွက် ရေပန်းစား နေခဲ့ ပါတယ် ။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်နှစ် ကျော်က ယူရို ပါလိဂ် မှာ ယူနိုက်တက် တို့ ကျော်ဖြတ် ခဲ့ ကြတဲ့ စိန့် အက်တီယန်နီ အသင်း နဲ့လည်း ရင်ဆိုင် ရဖို့ အလားအလာ များပြား နေ ပါတယ် ။ ဒါပေမယ့် ရိုမဲရိုး ကတော့ ပြိုင်ဖက် အသင်း တွေကို လျော့တွက် သွားမှာ မဟုတ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” ဒီ ပြိုင်ပွဲ မှာတော့ သေချာ ရေရာ တဲ့ အရာ ဆိုပြီး မရှိ ပါဘူး ။ ဘာဖြစ် လို့လဲ ဆိုတော့ ပွဲစဉ် တွေ ကစား ရဖို့ အတွက် ကျွန်တော် တို့ တွေဟာ ခရီး အဝေး ကိုရော ၊ နီးတဲ့ နေရာ တွေကို ပါ သွားရောက် ရတယ် လေ ”

” ဒါ့အပြင် ဒီ ပြိုင်ပွဲ တစ်ခု မှာ ရရှိ ခဲ့တဲ့ အောင်မြင် မှုမျိုး ပြန်လည် ရယူ နိုင်ဖို့ ဆိုတာ က ကြီးမား တဲ့ စိန်ခေါ် မှု တစ်ရပ် ပါပဲ ။ ကျွန်တော် တို့ ဘယ်လို ပဲ ကစား နေကြ ပါစေ ၊ အသင်း အတွက် တော့ အကောင်းဆုံး ဖြစ်နိုင် ဖို့ လိုအပ် ပါတယ် ” လို့ ရိုမဲရိုး က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar