Benetaz

လြန္ခဲ့တဲ့ ၆ႏွစ္ ခန္႕က ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕ အသင္း အတြက္ ခ်န္ပီယံလိဂ္ ဖလား ကို ပထမဆံုး ရယူ ေပးခဲ့တဲ့ နည္းျပ ေရာဘတ္တို ဒီမတ္တီယို ကို ဆိုးရြားတဲ့ ရလဒ္ တခ်ိဳ႕ေၾကာင့္ အသင္း ကေန ထုတ္ပယ္ ခဲ့ျပီး လီဗာပူး နည္းျပေဟာင္း ရာေဖးလ္ ဘင္နီတက္ဇ္ ကို ယာယီ အစားထိုး ခန္႕အပ္ ခဲ့ပါတယ္ ။

ဘင္နီတက္ဇ္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ခြင့္ ရခဲ့တဲ့ အခ်ိန္တို ကာလ အတြင္း မွာ ကမၻာ့ ကလပ္ ဖလား ရယူဖို႕ အခြင့္အေရး ရွိခဲ့ေပမယ့္ ကိုရင္သီယန္ အသင္း ကို အေရးနိမ့္ ခဲ့ကာ ဆုဖလား တလံုး စြန္႕လႊတ္ ခဲ့ရပါတယ္ ။ သို႕ေပမယ့္ လည္း ရာသီအကုန္ မွာ ဘင္နီတက္ဇ္ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ယူရိုပါလိဂ္ ဖလား တလံုး ရယူ ေပးႏိုင္ ခဲ့ပါတယ္ ။

ဘင္နီတက္ဇ္ ရဲ႕ ခ်ယ္လ္ဆီး နည္းျပ ဘဝ အခိုက္အတန္႕ ဟာ ေဝဖန္မႈ ေတြ ၊ ခ်ယ္လ္ဆီး ပရိသတ္ တခ်ိဳ႕ ရဲ႕ မ်က္မုန္းက်ိဳးမႈ ေတြကို ရင္ဆိုင္ ခဲ့ရပါတယ္ ။ မေန႕က The Athletics သတင္း ဌာန နဲ႕ အေမးအေျဖ က႑ မွာေတာ့ ဘင္နီတက္ဇ္ က ထိုစဥ္ က ဘာေၾကာင့္ ခ်ယ္လ္ဆီး ယာယီ နည္းျပ ရာထူး ကို လက္ခံ ခဲ့လဲ ဆိုတာ အခုလိုပဲ ေျဖၾကား ခဲ့ပါတယ္ ။

ဘင္နီတက္ဇ္ က ” ခ်ယ္လ္ဆီး ကို ေရြးခ်ယ္ ျဖစ္ခဲ့တာ ဟာ ကြ်န္ေတာ့ အတြက္ အရမ္း လြယ္ကူတဲ့ ဆံုးျဖတ္ခ်က္ တခုပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႕ဟာ ဥေရာပ ထိပ္တန္း ကလပ္ တသင္း ျဖစ္သလို ၊ ထိပ္တန္း အဆင့္ ကစားသမား မ်ားစြာ ရွိေနတဲ့ အတြက္ေၾကာင့္ပါ ။ ကြ်န္ေတာ့ ဖက္က ေျပာစရာ ရွိတာကေတာ့ ဘုတ္အဖြဲ႕ ၊ နည္းျပ အဖြဲ႕ဝင္ေတြ ၊ ကစားသမား ေတြကေတာ့ ကြ်န္ေတာ့ ကို ေထာက္ခံမႈ အျပည့္ ေပးခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ့ အထင္ေတာ့ ခ်ယ္လ္ဆီး ပရိသတ္ အမ်ားစု ဟာ ကြ်န္ေတာ္ တို႕ လုပ္ေဆာင္ ခဲ့တဲ့ ၊ ရယူ ခဲ့တဲ့ ေအာင္ျမင္မႈ မွတ္တမ္း ေတြ အတြက္ အားရ ေက်နပ္မႈ ရွိခဲ့ၾကတယ္ လို႕ ယူဆ မိပါတယ္ ။ အဲ့ဒီတုန္း က ခ်ယ္လ္ဆီး အသင္း အတြက္ စြမ္းေဆာင္ ေပးခဲ့ရတာေတြ ၊ ရရွိ ခဲ့တဲ့ အခိုက္အတန္႕ ေတြ အတြက္ ကြ်န္ေတာ္ တကယ္ပဲ ေပ်ာ္ရႊင္ မိပါတယ္ ။ ”

 

” သမိုင္းေၾကာင္း အရ ကြ်န္ေတာ္ တို႕ လုပ္ေဆာင္ ခဲ့တဲ့ အရာ ေတြက အကုန္ ေကာင္းခဲ့သလို ၊ ပေရာ္ဖက္ရွင္နယ္ ဆန္ျပီး ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ အခိုက္အတန္႕ ေတြကို ဖန္တီး ႏိုင္ခဲ့တယ္ လို႕ ထင္ပါတယ္ ။ ခ်ယ္လ္ဆီး က လူ အမ်ားစု နဲ႕ ကြ်န္ေတာ္ ဟာ ခင္မင္ရင္းႏွီးမႈ ေတြ ရွိေနဆဲပါပဲ ။ ”

” ( ၂၀၀၅ ခ်န္ပီယံလိဂ္ ဖလား က လြဲျပီး ) ကြ်န္ေတာ့ ရဲ႕ အေကာင္းဆံုး မွွတ္တမ္း ေတြကေတာ့ ဗလင္စီယာ အသင္း နဲ႕ အတူ လာလီဂါ ၊ ယူရိုပါလိဂ္ ဖလား ေတြကို ဆြတ္ခူး ခဲ့တာပါ ။ ခ်ယ္လ္ဆီး အသင္း အတြက္ ယူရိုပါလိဂ္ ခ်န္ပီယံ ျဖစ္ေအာင္ လုပ္ေဆာင္ ခဲ့ရတာ ကလည္း အရမ္း ကို ခက္ခဲ ပါတယ္ ။ ေနာက္ျပီး ကြ်န္ေတာ္ ဟာ Extremedura ၊ တီနီရိုက္ဖ္ ၊ နယူးကာဆယ္ အသင္း ေတြကို တန္းတက္ေအာင္ လုပ္ေဆာင္ ေပးခဲ့တာကိုလည္း အမွန္တကယ္ ဂုဏ္ယူ မိပါတယ္ ။ ”

” ဒီထဲက ကိုယ့္ရဲ႕ အၾကိဳက္ဆံုး တခု ကို ေရြးဖို႕ဆို အရမ္း ေရြးရ ခက္ပါတယ္ ။ ကြ်န္ေတာ့ မွာ တကယ္ ေကာင္းတဲ့ အမွတ္တရ အမ်ားၾကီး ရွိခဲ့ပါတယ္ ။ နာပိုလီ မွာ ကြ်န္ေတာ္ တို႕ဟာ ဂ်ဴဗင္တပ္ ဆီကေန ဆုဖလား ၂လံုး လုယူ ႏိုင္ခဲ့ပါတယ္ ။ ဒါဟာလည္း ေနာက္ထပ္ မွတ္တမ္းေကာင္း တခုပါပဲ ။ ဒီလို အရာေတြ အတြက္ ခင္ဗ်ား အေနနဲ႕ အားလံုး ဂုဏ္ယူ ေနတတ္ဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဘင္နီတက္ဇ္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အေစာပိုင္း မွာပဲ ၄င္း ၃ႏွစ္ နီးပါး ကိုင္တြယ္ ခဲ့တဲ့ နယူးကာဆယ္ အသင္း နဲ႕ လမ္းခြဲ ခဲ့ျပီး အခု အခါမွာ တရုတ္ စူပါလိဂ္ ကလပ္ ဒါလီယန္ ယီဖန္း အသင္း ကို ကိုင္တြယ္လ်က္ ရွိေနပါတယ္ ။

SPORTS MYANMAR

Unicode

၂၀၁၂ – ၂၀၁၃ ဘောလုံး ရာသီ က ချယ်လ်ဆီး ယာယီ နည်းပြ ရာထူး ကို ဘာကြောင့် လက်ခံ ဖြစ်ခဲ့လဲ ဆိုတာ ပြန်ပြောင်း ပြောပြ လိုက်တဲ့ #ဘင်နီတက်ဇ်

လွန်ခဲ့တဲ့ ၆နှစ် ခန့်က ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ အသင်း အတွက် ချန်ပီယံလိဂ် ဖလား ကို ပထမဆုံး ရယူ ပေးခဲ့တဲ့ နည်းပြ ရောဘတ်တို ဒီမတ်တီယို ကို ဆိုးရွားတဲ့ ရလဒ် တချို့ကြောင့် အသင်း ကနေ ထုတ်ပယ် ခဲ့ပြီး လီဗာပူး နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ် ကို ယာယီ အစားထိုး ခန့်အပ် ခဲ့ပါတယ် ။

ဘင်နီတက်ဇ် ဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်ခွင့် ရခဲ့တဲ့ အချိန်တို ကာလ အတွင်း မှာ ကမ္ဘာ့ ကလပ် ဖလား ရယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ကိုရင်သီယန် အသင်း ကို အရေးနိမ့် ခဲ့ကာ ဆုဖလား တလုံး စွန့်လွှတ် ခဲ့ရပါတယ် ။ သို့ပေမယ့် လည်း ရာသီအကုန် မှာ ဘင်နီတက်ဇ် ဟာ ချယ်လ်ဆီး အသင်း အတွက် ယူရိုပါလိဂ် ဖလား တလုံး ရယူ ပေးနိုင် ခဲ့ပါတယ် ။

ဘင်နီတက်ဇ် ရဲ့ ချယ်လ်ဆီး နည်းပြ ဘဝ အခိုက်အတန့် ဟာ ဝေဖန်မှု တွေ ၊ ချယ်လ်ဆီး ပရိသတ် တချို့ ရဲ့ မျက်မုန်းကျိုးမှု တွေကို ရင်ဆိုင် ခဲ့ရပါတယ် ။ မနေ့က The Athletics သတင်း ဌာန နဲ့ အမေးအဖြေ ကဏ္ဍ မှာတော့ ဘင်နီတက်ဇ် က ထိုစဉ် က ဘာကြောင့် ချယ်လ်ဆီး ယာယီ နည်းပြ ရာထူး ကို လက်ခံ ခဲ့လဲ ဆိုတာ အခုလိုပဲ ဖြေကြား ခဲ့ပါတယ် ။

ဘင်နီတက်ဇ် က ” ချယ်လ်ဆီး ကို ရွေးချယ် ဖြစ်ခဲ့တာ ဟာ ကျွန်တော့ အတွက် အရမ်း လွယ်ကူတဲ့ ဆုံးဖြတ်ချက် တခုပါ ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ဥရောပ ထိပ်တန်း ကလပ် တသင်း ဖြစ်သလို ၊ ထိပ်တန်း အဆင့် ကစားသမား များစွာ ရှိနေတဲ့ အတွက်ကြောင့်ပါ ။ ကျွန်တော့ ဖက်က ပြောစရာ ရှိတာကတော့ ဘုတ်အဖွဲ့ ၊ နည်းပြ အဖွဲ့ဝင်တွေ ၊ ကစားသမား တွေကတော့ ကျွန်တော့ ကို ထောက်ခံမှု အပြည့် ပေးခဲ့ပါတယ် ။ ”

” ကျွန်တော့ အထင်တော့ ချယ်လ်ဆီး ပရိသတ် အများစု ဟာ ကျွန်တော် တို့ လုပ်ဆောင် ခဲ့တဲ့ ၊ ရယူ ခဲ့တဲ့ အောင်မြင်မှု မှတ်တမ်း တွေ အတွက် အားရ ကျေနပ်မှု ရှိခဲ့ကြတယ် လို့ ယူဆ မိပါတယ် ။ အဲ့ဒီတုန်း က ချယ်လ်ဆီး အသင်း အတွက် စွမ်းဆောင် ပေးခဲ့ရတာတွေ ၊ ရရှိ ခဲ့တဲ့ အခိုက်အတန့် တွေ အတွက် ကျွန်တော် တကယ်ပဲ ပျော်ရွှင် မိပါတယ် ။ ”

” သမိုင်းကြောင်း အရ ကျွန်တော် တို့ လုပ်ဆောင် ခဲ့တဲ့ အရာ တွေက အကုန် ကောင်းခဲ့သလို ၊ ပရော်ဖက်ရှင်နယ် ဆန်ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ အခိုက်အတန့် တွေကို ဖန်တီး နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ ချယ်လ်ဆီး က လူ အများစု နဲ့ ကျွန်တော် ဟာ ခင်မင်ရင်းနှီးမှု တွေ ရှိနေဆဲပါပဲ ။ ”

” ( ၂၀၀၅ ချန်ပီယံလိဂ် ဖလား က လွဲပြီး ) ကျွန်တော့ ရဲ့ အကောင်းဆုံး မှှတ်တမ်း တွေကတော့ ဗလင်စီယာ အသင်း နဲ့ အတူ လာလီဂါ ၊ ယူရိုပါလိဂ် ဖလား တွေကို ဆွတ်ခူး ခဲ့တာပါ ။ ချယ်လ်ဆီး အသင်း အတွက် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်ဆောင် ခဲ့ရတာ ကလည်း အရမ်း ကို ခက်ခဲ ပါတယ် ။ နောက်ပြီး ကျွန်တော် ဟာ Extremedura ၊ တီနီရိုက်ဖ် ၊ နယူးကာဆယ် အသင်း တွေကို တန်းတက်အောင် လုပ်ဆောင် ပေးခဲ့တာကိုလည်း အမှန်တကယ် ဂုဏ်ယူ မိပါတယ် ။ ”

” ဒီထဲက ကိုယ့်ရဲ့ အကြိုက်ဆုံး တခု ကို ရွေးဖို့ဆို အရမ်း ရွေးရ ခက်ပါတယ် ။ ကျွန်တော့ မှာ တကယ် ကောင်းတဲ့ အမှတ်တရ အများကြီး ရှိခဲ့ပါတယ် ။ နာပိုလီ မှာ ကျွန်တော် တို့ဟာ ဂျူဗင်တပ် ဆီကနေ ဆုဖလား ၂လုံး လုယူ နိုင်ခဲ့ပါတယ် ။ ဒါဟာလည်း နောက်ထပ် မှတ်တမ်းကောင်း တခုပါပဲ ။ ဒီလို အရာတွေ အတွက် ခင်ဗျား အနေနဲ့ အားလုံး ဂုဏ်ယူ နေတတ်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဘင်နီတက်ဇ် ဟာ ယခုနှစ် ဘောလုံး ရာသီ အစောပိုင်း မှာပဲ ၄င်း ၃နှစ် နီးပါး ကိုင်တွယ် ခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ လမ်းခွဲ ခဲ့ပြီး အခု အခါမှာ တရုတ် စူပါလိဂ် ကလပ် ဒါလီယန် ယီဖန်း အသင်း ကို ကိုင်တွယ်လျက် ရှိနေပါတယ် ။

SPORTS MYANMAR