ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ရော့စ် ဘာကလေ ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုး ကို ရယူ နိုင်ခဲ့ သလို အီဒင် ဟာဇတ် ရဲ့ သွင်းဂိုး ကိုလည်း ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ ယူနိုက်တက် နောက်ခံလူ ဟောင်း ဂယ်ရီ နဗီးလ် ကတော့ ဘာကလေ ဟာ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ ကြိုးစား လေ့ကျင့်မှု အတိုင်း ပြုမူ နေထိုင် နေကြောင်း ချီးကျူး ပြောကြား ခဲ့ပါတယ် ။

ရော့စ် ဘာကလေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ကာလရှည် ဒဏ်ရာ ကြောင့် ပုံမှန် ခြေစွမ်း များ ပျောက်ဆုံး ခဲ့သလို ပွဲ ကစားချိန် လည်း နည်းပါး ခဲ့တာ ဖြစ်ပါတယ် ။ ထို့အပြင် ဘာကလေ ဟာ ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလား မှာလည်း အင်္ဂလန် လက်ရွေးစင်း အသင်း မှာ ပါဝင်ခွင့် မရခဲ့ ပဲ ဒဏ်ရာ အခြေအနေ တိုးတက် အောင် ဂရုစိုက် နေခဲ့ ရပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင် လမှာ ဆာရီ ချယ်လ်ဆီး အသင်း ကို စတင် ကိုင်တွယ် ခဲ့ပြီးနောက် ဘာကလေ ဟာ ရာသီကြို ခြေစမ်းပွဲ မှ စပြီး ပါဝင် ခွင့် ရလာ ခဲ့ပါတယ် ။ ယခု နှစ် ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ ပွဲစဉ် တိုင်း နီးပါး ပွဲထွက် ( သို့မဟုတ် ) လူစားဝင် ကစားခွင့် ရလာ နိုင်တဲ့ အထိ ခြေစွမ်း တိုးတက် လာခဲ့ ပါတယ် ။ ဘာကလေ ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာ တော့ ဂျရူး ရဲ့ ပေးပို့မှု က တဆင့် ချယ်လ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရယူ ပေးနိုင် ခဲ့ပါတယ် ။

ယူရိုပါလိဂ် အဖွင့် PAOK အသင်း နဲ့ ပွဲ မှာ လည်း ဘာကလေ ဟာ ဝီလီယံ ရဲ့ သွင်းဂိုး ကို ဖန်တီး ပေးခဲ့ သလို ဆောက်သမ်တန် နဲ့ ပွဲမှာ လည်း အီဒင် ဟာဇတ် အတွက် သွင်းဂိုး ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ ယခု အခါမှာ ဘာကလေ ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပြန်လည် ရွေးချယ် ခံထား ရပြီး လာမယ့် UEFA Nations ပြိုင်ပွဲ မှာ ပါဝင် ကစားခွင့် ရရှိ တော့မှာ ဖြစ်ပါတယ် ။

ဂယ်ရီ နဗီးလ် ကတော့ ” ကျွန်တော် ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား မှာ ပါဝင်ခွင့် မရလိုက် တာဟာ ရော့စ် ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ခြေစွမ်း တွေကို တိုးတက်အောင် အထောက်အကူ ပေးခဲ့တယ် လို့ ထင်ပါတယ် ။ သူ ဟာ ကမ္ဘာ့ ဖလား ပွဲ ကြည့်နေရင်း ဘောလုံးပွဲ အစီအစဉ် တင်ဆင် နေတဲ့ သူ ဆီက နေ အင်္ဂလန် အသင်း ရဲ့ လိုအပ်ချက် တွေကို ထောက်ပြ နေတာတွေနဲ့ ပတ်သက်ပြီး ကြားမိ ခဲ့ပါလိမ့်မယ် ။ ”

” အဲ့ဒီ အချိန်မှာ သူ ကတော့ ` ဘာကြောင့် ငါ အင်္ဂလန် လက်ရွေးစင် အသင်း မှာ မပါနေ ပါလိမ့် ။ ငါ ဒီမှာ ထိုင်ပြီး ဘာလုပ် နေတာလဲ ´ စသဖြင့် စဉ်းစား တွေးတော နေမိ လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ကမ္ဘာ့ ဖလား ပြီးတော့ ကျွန်တော် သူ့ ရဲ့ အင်စတာဂရမ် အကောင့် ကို တချက် ကြည့်မိ တဲ့ အချိန်မှာ သူဟာ အတော် ကို ကြိုးစား နေခဲ့တဲ့ ပုံပဲဗျ ။ သူဟာ ရာသီကြို ခြေစမ်းပွဲ တွေ အတွက် ပြင်းပြင်းထန်ထန် ကြိုးစား ပြင်ဆင် နေခဲ့ပါတယ် ။ ”

” သူ ဟာ ဘောလုံး ကစားရတာ ကို ကြိုက် နှစ်သက်ပြီး အသင်းသား ကောင်း တယောက် လည်း ဖြစ်ပါတယ် ။ ဒါပေမယ့် သူ ဟာ အခုလို တကယ့် ပရော်ဖက်ရှင်နယ် ထိပ်တန်း ကစားသမား တွေရဲ့ ပြင်းပြင်းထန်ထန် ကြိုးစား နေတာမျိုး ကို တကယ်ပဲ လုပ်ဆောင် နေခဲ့တာလား ? ခင်ဗျား အနေနဲ့ ခရစ်စတီယာနို ရော်နယ်ဒို အကြောင်း စဉ်းစား ကြည့်မယ် ဆိုရင် သူ ဟာ သူ့ ရဲ့ အကောင်းဆုံး ပုံစံ ရနေအောင် အမြဲပဲ ကိုယ့်ကိုယ် ကို ဂရုစိုက် တတ်တာ ကို တွေ့ရမှာပါ ။ ”

” ဘာကလေ ဟာလည်း အဲ့သလို လေ့ကျင့်မှု ပုံစံ တွေထိ ရောက်နေပါပြီ ။ နောက်ပြီး သူဟာ တကယ့် ပွဲစဉ် တွေမှာ လည်း ပိုပြီး လက်တွေ့ ကျကျ အာရုံစိုက် ကစား လာတာ တွေ့ရ ပါတယ် ။ အဲ့ဒီ အတွက် သူ ဟာ ကြိုးစားမှု နဲ့ ထိုက်တန် တဲ့ အောင်မြင်မှု မှတ်တမ်း တခုခု ရလိမ့်မယ့် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ” လို့ သုံးသပ် ပြောကြား ခဲ့ပါတယ် ။