Ronaldo

၂၀၁၉-၂၀ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲျကီးအတြက္ အုပ္စုအဆင့္ မဲခြဲမွဳေတြကို ျပင္သစ္ႏိုင္ငံ မိုနာကို ျမိဳ႕မွာ ယမန္ေန႔က က်င္းပသြားခဲ႔ပါတယ္။မဲခြဲမွဳေတြအရ အီတလီ ထိပ္သီး ဂ်ဴဗီ အသင္းဟာအုပ္စု D မွာ ေအတီကို ၊ ေလဘာကူဆင္၊ လိုကိုမိုးတစ္ ေမာ္စကို တို႔နဲ႔ အတူတူ က်ေရာက္သြားခဲ႔ပါတယ္။

ဂ်ဴဗီ နဲ႔ ေအတီကို တို႔ဟာ ယမန္ႏွစ္ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ဆံုေတြ႔ထားခဲ႔ျကဖူးတဲ႔ ျပိဳင္ဘက္ေတြျဖစ္ျပီးစပိန္ေျမမွာကစားခဲ႔တဲ႔ ပထမအေက်ာ့မွာေအတီကို အသင္းက ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ဒါေပမယ့္ တူရင္မွာကစားခဲ႔တဲ႔ ဒုတိယအေက်ာ့မွာေတာ့ ဂ်ဴဗီအသင္းက ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္ဂိုးေတြ နဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

ေအတီကို နဲ႕ ထပ္ျပီးေတြ႔ဆံုေနတဲ႔အေပၚ စပိန္ TV နဲ႔ အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက – ” က်ြန္ေတာ္တို႔ အားလံုးသိထားတဲ႔ အတိုင္းပဲ ေအတီကို ဆိုတာ အသင္းေကာင္းတသင္းျဖစ္ပါတယ္။သူတို႔မွာအရမ္းေကာင္းတဲ႔ နည္းျပတဦးလည္းရွိေနတာျဖစ္ပါတယ္။

က်ြန္ေတာ္ဟာ ရီးရဲလ္အသင္းအတြက္ ကစားေပးရင္း သူတို႕နဲ႔ ျကိမ္ေပါင္းမ်ားစြာရင္ဆိုင္ခဲ႔ဖူးပါတယ္။တကယ္မလြယ္ကူတဲ႔ ပြဲေတြျဖစ္ပါတယ္။သူတို႔ရဲ႕ ကြင္းမွာ ကစားရမယ့္ လာမယ့္ပြဲမွာ အားကစားနဲ႕ မဆိုင္တဲ႔ နံမည္ေတြေခၚျပီး က်ြန္ေတာ့္ကို မေဝဖန္မတိုက္ခိုက္ ဖို႔ေတာ့ေမွ်ာ္လင့္မိပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ေရာ္နယ္ဒိုဟာျပီးခဲ႔တဲ႔ရာသီမွာ ဂ်ဴဗီအတြက္ အတတ္ႏိုင္ဆံုးလုပ္ေဆာင္ေပးခဲ႔ေပမယ့္ ကြာတားဖိုင္နယ္အဆင့္မွာပဲ ေအဂ်က္ကို အေရးနိမ့္ျပီးထြက္ခြာခဲ႔ရပါတယ္။ဒါေျကာင့္လည္း အဆိုပါရာသီခ်န္ပီယံ လိဂ္ရဲ႕ အေကာင္းဆံုးကစားသမားဆုနဲ႕ လြဲေခ်ာ္ခဲ႕ရပါတယ္။

ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ဂ်ဴဗီ ဒုဥကၠဌျဖစ္သူ နက္ဗက္စ္က – ” ေရာ္နယ္ဒို အေနနဲ႕ ဒီဆုကို ရလိမ့္မယ္လို႔ က်ြန္ေတာ္ေမွ်ာ္လင့္ေကာင္းေမ်ွာ္လင့္ေပးမယ့္ အရာရာတိုင္းကို က်ြန္ေတာ္တို႔ လက္ခံႏိုင္ပါတယ္ ” လို႕ မွတ္ခ်က္ေပးခဲ႔ပါတယ္။

အုပ္စုခြဲေဝမွုအေနအထားအေပၚ နက္ဗက္စ္က – ” က်ြန္ေတာ့္အတြက္ေတာ့ လံုးဝ မလြယ္ကူတဲ႔ အုပ္စုတခုျဖစ္ပါတယ္။ဒါေပမယ့္ ဒါဟာခ်န္ပီယံလိဂ္ျပိဳင္ပြဲျဖစ္ျပီးလြယ္ကူတဲ႕ အုပ္စုဆိုတာ မရွိပါဘူး။ပထမဆံုးရည္မွန္းခ်က္ကေတာ့ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။

က်ြန္ေတာ္တို႔အသင္းဟာ နည္းျပသစ္နဲ႔ အတူ ကစားသမားေတြလည္းအေျပာင္းအလဲေတြလုပ္ထားျပီး တိုးတက္ေနခဲ႔တယ္လို႕ ယံုျကည္ပါတယ္။ဒါေျကာင့္လည္း ျကီးက်ယ္ခန္းနားတဲ႕ ရာသီတခုအတြက္ အသင့္ျဖစ္ေနျပီလို႕ ထင္ပါတယ္။

ေအတီကို အသင္းအေျကာင္းကို က်ြန္ေတာ္တို႔သိပါတယ္။ရာသီျကဳိတုန္းကေတာင္ ရင္ဆိုင္ထားခ႔ဲေသးတာျဖစ္ျပီး ဆီျမြန္ဏီ ရဲ႕ အသင္းနဲ႔ ရင္ဆိုင္ရတာအျမဲခက္ခဲပါတယ္။ေလဘာကူဆင္အသင္းကလည္း ကစားရအေတာ္ခက္ပါတယ္။အထူးသျဖင့္ သူတို႔ရဲ႕ ကြင္းမွာျဖစ္ပါတယ္။

လိုကိုမိုးတစ္ ေမာ္စကို အသင္းကလည္း ႏိုင္ငံျခားသား ကစားသမားေတြ အမ်ားျကီး ရွိထားပါတယ္။သူတို႔ဆီသြားကစားရမယ့္ ပြဲကလည္း ခရီးရွည္ျကီးျဖစ္ပါတယ္။ရင္ဆိုင္ျကံုေတြ႕ရမယ့္ အရာေတြ အမ်ားျကီးရွိလာမွာျဖစ္ေပမယ့္ ယံုျကည္မွဳ ရွိထားပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဂ်ဴဗီ နည္းျပသစ္ျဖစ္သူဆာရီဟာ ေဆးလိပ္ အလြန္အက်ြံေသာက္သံုးသူျဖစ္ျပီး လတ္တေလာမွာေတာ့ အဆုတ္ေရာင္ေရာဂါေျကာင့္ ပြဲေတြအတြင္းျကီးျကပ္မွဳ ျပဳလုပ္ႏိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။သတင္းေတြကေတာ့ ဒီအီတလီ သားျကီးယာ ျပန္လည္သက္သာလာေနျပီလို႔ ေဖာ္ျပေနပါတယ္။

ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး နက္ဗက္စ္က- ” ပြဲ၂ ပြဲ မွာ သူကြင္းေဘးကေန မျကီးျကပ္ ဘူးလို႕ က်ြန္ေတာ္တို႔ေျကျငာထားပါတယ္။ဒါဟာသူ႔အတြက္ အေကာင္းဆံုးျဖစ္ေအာင္ျဖစ္ပါတယ္။ႏိုင္ငံတကာ ပြဲေတြ အျပီးမွာေတာ့ ကြင္းထဲမွာသူ႔ကို တန္းျပီးျမင္ရမယ္လို႕ ထင္ပါတယ္္။

အဆုတ္ေရာင္ေရာဂါဆိုတာ စိုးရိမ္ပူေဆြးေနရမယ့္ ကိစၥမ်ိဳးေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္သူ႔အေနနဲ႕ အလံုးဆံုး ျပန္သက္သာလာဖို႔ အခ်ိန္ယူတာေတာ့ အေကာင္းဆံုးျဖစ္ပါတယ္” လို႔ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

အေတီကို အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ်အသီးသီးမှတ်ချက်ပေးလိုက်တဲ့ ရော်နယ်ဒိုနဲ့ နက်ဗက်စ်
===================================

၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးအတွက် အုပ်စုအဆင့် မဲခွဲမှုတွေကို ပြင်သစ်နိုင်ငံ မိုနာကို မြို့မှာ ယမန်နေ့က ကျင်းပသွားခဲ့ပါတယ်။မဲခွဲမှုတွေအရ အီတလီ ထိပ်သီး ဂျူဗီ အသင်းဟာအုပ်စု D မှာ အေတီကို ၊ လေဘာကူဆင်၊ လိုကိုမိုးတစ် မော်စကို တို့နဲ့ အတူတူ ကျရောက်သွားခဲ့ပါတယ်။

ဂျူဗီ နဲ့ အေတီကို တို့ဟာ ယမန်နှစ်ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဆုံတွေ့ထားခဲ့ကြဖူးတဲ့ ပြိုင်ဘက်တွေဖြစ်ပြီးစပိန်မြေမှာကစားခဲ့တဲ့ ပထမအကျော့မှာအေတီကို အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါပေမယ့် တူရင်မှာကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ဂျူဗီအသင်းက ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးတွေ နဲ့ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အေတီကို နဲ့ ထပ်ပြီးတွေ့ဆုံနေတဲ့အပေါ် စပိန် TV နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက – ” ကျွန်တော်တို့ အားလုံးသိထားတဲ့ အတိုင်းပဲ အေတီကို ဆိုတာ အသင်းကောင်းတသင်းဖြစ်ပါတယ်။သူတို့မှာအရမ်းကောင်းတဲ့ နည်းပြတဦးလည်းရှိနေတာဖြစ်ပါတယ်။

ကျွန်တော်ဟာ ရီးရဲလ်အသင်းအတွက် ကစားပေးရင်း သူတို့နဲ့ ကြိမ်ပေါင်းများစွာရင်ဆိုင်ခဲ့ဖူးပါတယ်။တကယ်မလွယ်ကူတဲ့ ပွဲတွေဖြစ်ပါတယ်။သူတို့ရဲ့ ကွင်းမှာ ကစားရမယ့် လာမယ့်ပွဲမှာ အားကစားနဲ့ မဆိုင်တဲ့ နံမည်တွေခေါ်ပြီး ကျွန်တော့်ကို မဝေဖန်မတိုက်ခိုက် ဖို့တော့မျှော်လင့်မိပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီမှာ ဂျူဗီအတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာပဲ အေဂျက်ကို အရေးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။ဒါကြောင့်လည်း အဆိုပါရာသီချန်ပီယံ လိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂျူဗီ ဒုဥက္ကဌဖြစ်သူ နက်ဗက်စ်က – ” ရော်နယ်ဒို အနေနဲ့ ဒီဆုကို ရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ကောင်းမျှော်လင့်ပေးမယ့် အရာရာတိုင်းကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အုပ်စုခွဲဝေမှုအနေအထားအပေါ် နက်ဗက်စ်က – ” ကျွန်တော့်အတွက်တော့ လုံးဝ မလွယ်ကူတဲ့ အုပ်စုတခုဖြစ်ပါတယ်။ဒါပေမယ့် ဒါဟာချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်ပြီးလွယ်ကူတဲ့ အုပ်စုဆိုတာ မရှိပါဘူး။ပထမဆုံးရည်မှန်းချက်ကတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အသင်းဟာ နည်းပြသစ်နဲ့ အတူ ကစားသမားတွေလည်းအပြောင်းအလဲတွေလုပ်ထားပြီး တိုးတက်နေခဲ့တယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့်လည်း ကြီးကျယ်ခန်းနားတဲ့ ရာသီတခုအတွက် အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။

အေတီကို အသင်းအကြောင်းကို ကျွန်တော်တို့သိပါတယ်။ရာသီကြိုတုန်းကတောင် ရင်ဆိုင်ထားခဲ့သေးတာဖြစ်ပြီး ဆီမြွန်ဏီ ရဲ့ အသင်းနဲ့ ရင်ဆိုင်ရတာအမြဲခက်ခဲပါတယ်။လေဘာကူဆင်အသင်းကလည်း ကစားရအတော်ခက်ပါတယ်။အထူးသဖြင့် သူတို့ရဲ့ ကွင်းမှာဖြစ်ပါတယ်။

လိုကိုမိုးတစ် မော်စကို အသင်းကလည်း နိုင်ငံခြားသား ကစားသမားတွေ အများကြီး ရှိထားပါတယ်။သူတို့ဆီသွားကစားရမယ့် ပွဲကလည်း ခရီးရှည်ကြီးဖြစ်ပါတယ်။ရင်ဆိုင်ကြုံတွေ့ရမယ့် အရာတွေ အများကြီးရှိလာမှာဖြစ်ပေမယ့် ယုံကြည်မှု ရှိထားပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဂျူဗီ နည်းပြသစ်ဖြစ်သူဆာရီဟာ ဆေးလိပ် အလွန်အကျွံသောက်သုံးသူဖြစ်ပြီး လတ်တလောမှာတော့ အဆုတ်ရောင်ရောဂါကြောင့် ပွဲတွေအတွင်းကြီးကြပ်မှု ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။သတင်းတွေကတော့ ဒီအီတလီ သားကြီးယာ ပြန်လည်သက်သာလာနေပြီလို့ ဖော်ပြနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး နက်ဗက်စ်က- ” ပွဲ၂ ပွဲ မှာ သူကွင်းဘေးကနေ မကြီးကြပ် ဘူးလို့ ကျွန်တော်တို့ကြေငြာထားပါတယ်။ဒါဟာသူ့အတွက် အကောင်းဆုံးဖြစ်အောင်ဖြစ်ပါတယ်။နိုင်ငံတကာ ပွဲတွေ အပြီးမှာတော့ ကွင်းထဲမှာသူ့ကို တန်းပြီးမြင်ရမယ်လို့ ထင်ပါတယ််။

အဆုတ်ရောင်ရောဂါဆိုတာ စိုးရိမ်ပူဆွေးနေရမယ့် ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ဒါပေမယ့်သူ့အနေနဲ့ အလုံးဆုံး ပြန်သက်သာလာဖို့ အချိန်ယူတာတော့ အကောင်းဆုံးဖြစ်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR