အန်​ဆယ်​​လော့တီ
Liverpool’s Dutch midfielder Georginio Wijnaldum (C) shoots but fails to score during the UEFA Champions League group C football match between Liverpool and Napoli at Anfield stadium in Liverpool, north west England on December 11, 2018. (Photo by Paul ELLIS / AFP)
SM
Unicode
လီ​ဗာပူးနဲ့ ချန်​ပီယံမှာ ​ရေစက်​ပြန်​ဆုံ​နေတဲ့ အ​ပေါ် မှတ်​ချက်​ပေးလိုက်​တဲ့ အန်​ဆယ်​​လော့တီ​ ၊ ကူလီဘာလီ နဲ့ ဂူလမ်​
မန်​​နေဂျာ ကာလိုအန်​ဆယ်​​လော့တီက နာပိုလီ အတွက်​ ဒီရာသီ ချန်​ပီယံလိဂ်​ draw ဟာ မနှစ်​ကထက်​ စာရင်​​တော့ ပို​ကောင်​းတယ်​လို့ ဝန်​ခံလိုက်​​ပေမယ်​့ ဒီရာသီ ကလည်​း ခက်​ခဲတဲ့ အုပ်​စုအဖြစ်​ ရှိ​နေဆဲလို့ ဆိုလိုက်​ပါတယ်​။ ​နေပယ်​ကလပ်​ဟာ ဒီနှစ်​မှာလည်​း ချန်​ပီယံလိဂ်​ဖလားဆုရှင်​ လီ​ဗာပူး အသင်​းနဲ့ အုပ်​စုအဆင်​့မှာ ပြန်​လည်​​တွေ့ဆုံ​နေပြီး ဒီတစ်​ကြိမ်​မှာ​တော့ သြစတီးယား ကလပ်​ ရက်​ဘူးဆဲလ်​ဘတ်​ ၊ ဘယ်​ဂျီယံကလပ်​ ဂန်​့ တို့ ပါဝင်​​နေပါတယ်​။
အန်​ဆယ်​​လော့တီ​ က “ဒီတစ်​ကြိမ်​ မဲခွဲမှုဟာ ပြီးခဲ့တဲ့ နှစ်​ကထက်​​တော့ ပို​ကောင်​းပါတယ်​။ ဒါ​ပေမယ်​့ ဒါဟာ ခက်​ခဲတဲ့ အုပ်​စု အဖြစ်​ ရှိ​နေဆဲပါ။ ကျွန်​​တော်​တို့ ယုံကြည်​မှု ရှိပါတယ်​။” လို့ ဆိုသွားပါတယ်​။
နာပိုလီ ​နောက်​ခံလူ ကာလီဒူ ကူလီဘာလီ နဲ့ ဖာအိုဇီဂူလမ်​ တို့က သူတို့ဟာ ချန်​ပီယံလိဂ်​ အုပ်​စု E က​နေ ​နောက်​တဆင်​့ကို တက်​​ရောက်​ဖို့ အတွက်​ ခက်​ခဲတဲ့ စိန်​​ခေါ်မှုနဲ့ ရင်​ဆိုင်​​နေရတယ်​လို့ ဆိုသွားပါတယ်​။ ကူလီဘာလီ ဟာ သူ့ရဲ့ အသင်​း​ဟောင်​းနဲ့ ပြန်​လည်​ ဆုံ​တွေ ရမှာ ဖြစ်​သလို လီ​ဗာပူး နဲ့လည်​း အုပ်​စု အဆင်​့မှာ ၂နှစ်​ဆက်​တိုက်​ အတူတူကျ​နေပါတယ်​။
လီ​ဗာပူး နဲ့ လာမည်​့ စက်​တင်​ဘာလ ၁၇ရက်​​နေ့ ​နေပယ်​မှာ ကစားရမယ်​့ ပွဲမတိုင်​မီ ကူလီဘာလီ နဲ့ ဂူလမ်​တို့က နာပိုလီဟာ အဆင်​သင်​့ ဖြစ်​​နေမှာ ဖြစ်​ပြီိး ဘယ်​ပြိုင်​ဘက်​ကိုမှ မ​ကြောက်​ဘူးလို့ ကြုံးဝါးလိုက်​ပါတယ်​။
ဂူလမ်​က “ခက်​ခဲတဲ့ ပြိုင်​ဘက်​​တွေပါ။ ကျွန်​​တော်​တို့ သူတို့ကို ​လေးစားမှု အပြည်​့နဲ့ ယှဉ်​ပြိုင်​သွားမှာ ဖြစ်​​ပေမယ်​့လည်​း ​ကြောက်​ရွံ့​နေမှာ​တော့ မဟုတ်​ပါဘူး။” လို့ ဆိုသွားပါတယ်​။
ကူလီဘာလီ က ” ချန်​ပီယံလိဂ်​ ပြိုင်​ပွဲဟာ တကယ်​့ကို အနှိုင်​းမဲ့ ပြိုင်​ပွဲ တစ်​ခုပါပဲ။ ခက်​ခဲတဲ့ ပြိုင်​ဘက်​ အသင်​း​တွေက ကျွန်​​တော်​တို့ကို ​စောင်​့​မျှော်​​နေကြ ပါတယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့ ဒီအသင်​း ​တွေနဲ့ ရင်​ဆိုင်​သွားဖို့ အတွက်​ အဆင်​သင်​့ ဖြစ်​​နေမှာ ဖြစ်​ပါတယ်​။ ကျွန်​​တော်​့ရဲ့ အသင်​း​ဟောင်​း ဖြစ်​တဲ့ ဂန်​့နဲ့ ပြန်​လည်​ ဆုံ​တွေ ့ ရ​တော့မှာ ဖြစ်​တာ​ကြောင်​့ ကျွန်​​တော်​့ အတွက်​ က​တော့ တကယ်​့ကို စိတ်​လှုပ်​ရှား စရာ ပါပဲ။” လို့ ဆိုသွားပါတယ်​။
လီ​ဗာပူး မန်​​နေဂျာ ယာဂန်​က​လော့ က​တော့ နာပိုလီ နဲ့ ပြန်​​တွေ့တဲ့ အ​ပေါ် “နာပိုလီ ထပ်တွေ့ပြန်ပါပြီ! ကျွန်တော်တို့ နာပိုလီနဲ့ ဘယ်နှစ်ကြိမ်လောက် ကစားခဲ့ပြီးပြီးလဲ ဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် သူတို့ဟာ အရမ်းကို အတွေ့အကြံု ရှိတဲ့ အသင်းဆိုတာတော့ အမှန်ပါပဲ။
နာပိုလီ ဟာ တကယ့်ကို ကောင်းတဲ့ အသင်းပါ။ သူတို့နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲဟာ ကျွန်တေ်ာတို့ အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲ ပါပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အရမ်းကို မာကျောလွန်းလို့ပါ။ ပြီးတော့ တန်ပြန်တိုက်စစ် အရမ်းကောင်းတဲ့ သူတို့ကို ဂိုးလုံးဝ ပေးလို့မရတဲ့ အနေအထားလည်း ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံက ရှင်းလင်းပြီး တကယ်ကောင်းပါတယ်။ ရာသီကြိုမှာတုန်းက ကျွန်တော်တို့ သူတို့ကို ၅-၀ နဲ့ ဒပ်ဗလင်မှာ နိုင်ခဲ့တဲ့ အချိန်မှာ ကျွန်တော် ဒီရလဒ်ကို သိပ်စိတ်မဝင်စား ခဲ့ပါဘူး။ အခုဆိုရင် ဒီနှစ် ရာသီကြိုမှာ ကျွန်တော်တို့ ၃-၀ နဲ့ ရှံုးခဲ့ပါတယ်။ ဒါကလည်း သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒါပေမယ့် သူတို့ ဘယ်လောက် ကောင်းသလဲဆိုတာကိုတော့ တွေ့ခဲ့ ရမှာပါ။
သူတို့ဟာ ပြီးပြည့်စုံတဲ့ အသင်း မဟုတ်သလို ကျွန်တော်တို့လည်း ဒီလိုပါပဲ။ ဒါပေမယ့် သူတို့ဟာ တကယ်ကောင်းတဲ့ အသင်းပါ။ ကာလိုဟာ တကယ့်ကို အတွေ့အကြံု ကြွယ်ဝတဲ့ နည်းပြ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဆုဖလားတွေ ရခဲ့ဖူးပါတယ်။ သူတို့ ပြီးခဲ့တဲ့ နှစ်က အုပ်စုကနေ ထွက်ခွာ ခဲ့ရပေမယ့် နောက်တဆင့် အတွက် အတော် နီးစပ်ခဲ့ပါတယ်။ အလီဟာ နောက်ဆုံးစက္ကန့်မှာ ကြီးကြယ်တဲ့ ကာကွယ်မှု လုပ်နို်င်ခဲ့လို့ပါ။ ဒါ့ကြောင့် သူတို့ ဒါကို မှတ်မိနေမှာပါ။ ဒါဟာ အရမ်းကို ခံစားချက်တွေ ပြင်းထန် နေမှာပါ။ သေချပါတယ်။” လို့ ဆိုခဲ့ပါတယ်​။
နာပိုလီ ဟာ ပြီးခဲ့တဲ့ ရာသီက ချန်​ပီယံလိဂ်​ အုပ်​စုအဆင်​့ မဲခွဲမှုမှာ ကံ​ကောင်​းခဲ့ခြင်​း မရှိခဲ့ဘဲ လီ​ဗာပူး ၊ ပီအက်​ဂျီ ၊ ရက်​စတားဘဲလ်​ဂရိတ်​ တို့နဲ့အတူ ကျ​ရောက်​ ​နေခဲ့ပါတယ်​။ နာပိုလီ ဟာ အုပ်​စုမှာ ရမှတ်​ ၉ မှတ်​ ရယူနိုင်​ခဲ့​ပြီး လီ​ဗာပူး ကို အိမ်​ကွင်​းမှာ ၁-၀ နဲ့ အနိုင်​ကစားခဲ့တဲ့ ပွဲလည်​း ပါဝင်​ ခဲ့​ပေမယ်​့ အုပ်​စု​နောက်​ဆုံး ပွဲမှာ လီဗာပူးကို အန်​ဖီးမှာ ၁-၀ နဲ့ ရှံုးနိမ့်​ခဲ့ကာ ဂိုးကွားခြားချက်​နဲ့ ပြိုင်​ပွဲက​နေ ထွက်​ခွာ ခဲ့ရပါတယ်​။
SM