မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အဓိက ကစား သမား သံုးဦး ျဖစ္ၾကတဲ့ ေဒးဗစ္ ဒီဂီယာ ၊ အန္သိုနီ မာရွယ္ နဲ့ အန္တိုနီယို ဗလန္စီယာ တုိ႔ ဟာ အသင္း မွာ ေရွ့ ဆက္ ရွိေနဖုိ့ အနာဂတ္ မေသ ခ်ာ တဲ့ အေန အထား ကို ေရာက္ရွိ ေနၾက ပါတယ္ ။ သူတုိ႔ သံုးဦး လံုးရဲ့ စာခ်ဳပ္ သက္တမ္း ဟာ ရာသီ ကုန္ ကုန္ဆံုး သြားဖုိ့ ရွိေန ပါတယ္ ။

လက္ရွိ အခ်ိန္ ထိ ေတာ့ ဖိအား ေတြ ေအာက္ က်ေရာက္ ေနတဲ့ နည္းျပ ေမာ္ရင္ဟို ဟာ ရလာဒ္ ေကာင္း ေတြ ပိုင္ဆုိင္ နုိင္ဖုိ့ အတြက္ သာ အဓိက ထား ဦးတည္ ေနျပီး ကစားသမား ေတြ ကို စာ ခ်ဳပ္ သက္တမ္း တုိးျမွင့္ ဖုိ့ အတြက္ မေဆာင္ ရြက္ နုိင္ေသး ပါဘူး ။ ေပၚတူဂီ သား ဖက္က ေတာ့ စာခ်ဳပ္ သက္တမ္း ကုန္ဆံုး ေတာ့မဲ့ ကစားသမား တုိင္း ကို အလြတ္ ဆံုးရွံဳး ခံဖုိ့ ေတာ့ ရွိ မေန ပါဘူး ။

ယူနိုက္တက္ အသင္း ရဲ့ နံပါတ္ တစ္ ဂိုးသမား ျဖစ္တဲ့ ေဒးဗစ္ ဒီဂီယာ ဟာ လြန္ခဲ့တဲ့ ရာသီ ေတြ တုန္းက စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ အသင္း ရဲ့ စိတ္ဝင္စား မွဳ ကို ရရွိ ထားခဲ့ ေပမဲ့ ယူနုိက္တက္ ဖက္ကေတာ့ ေအးဂ်င့္ ျဖစ္သူ ေဂ်ာ့ခ်္ မန္ဒတ္စ္ နဲ့ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ သြားဖုိ့ ေဆြးေႏြး ေနတယ္ လို့ သိရွိ ရ ပါတယ္ ။

စပိန္ လက္ေရြးစင္ ရဲ့ စာခ်ဳပ္ ထဲ မွာ ေနာက္ထပ္ စာခ်ဳပ္ သက္တမ္း တိုးျမွင့္ဖုိ႔ အခ်က္အလက္ ပါ ထည့္သြင္း ခ်ဳပ္ဆုိ ထားခဲ့ တဲ့ အတြက္ ယူနုိက္တက္ ဖက္က အသက္ 27 ႏွစ္ အရြယ္ ဂိုး သ မား ကို ဆက္လက္ ထိန္းသိမ္း ဖုိ့ အတြက္ အခက္အခဲ ရင္ဆုိင္ ရဖြယ္ နည္းပါး ေန ပါတယ္ ။ အထူး သျဖင့္ ဒီဂီယာ ကို ေခၚယူ ဖို႔ အထူး ၾကိဳးပမ္း ေန ခဲ့တဲ့ ရီးယဲ မက္ဒရစ္ ဟာလည္း ေကာ့တြိဳက္စ္ ကို ေခၚယူ နုိင္ ခဲ့တဲ့ အတြက္ ဒီဂီယာ ကို ေခၚယူ ေတာ့မွာ မဟုတ္ေတာ့ ပါဘူး ။

ယူနိုက္တက္ ေတာင္ပံ တုိက္စစ္ ကစားသမား ေလး အန္သိုနီ မာရွယ္ ရဲ့ အနာဂတ္ နဲ့ ပတ္သက္ျပီး ရွဳပ္ေထြးမွဳ မ်ားစြာ ေတာ့ ရွိ မေန ပါဘူး ။ ယူနုိက္တက္ ဖက္ က မာရွယ္ ကို စာခ်ဳပ္ သက္တမ္း တုိးျမွင့္ဖို႔ အတြက္ အျခား အသင္း ေတြ ေခၚယူဖို႔ စိတ္ဝင္ စား ေနခဲ့ ၾကတဲ့ ျပီး ခဲ့တဲ့ ေႏြ ထဲက လုပ္ေဆာင္ ေနခဲ့ ၾက ပါတယ္ ။ လက္ရွိ အခ်ိန္ ထိေတာ့ ေသခ်ာ တဲ့ အေျဖ တစ္ခု ထြက္ေပၚ မလာေသး ပါဘူူး ။ ယူနိုက္တက္ ဖက္ ကေတာ့ သူ႔ကို အသင္း မွာပဲ ေရွ့ဆက္ ရွိေနေစ လိုတာ ေသခ်ာ ေန ပါတယ္ ။

လက္ရွိ ယူနုိက္တက္ အသင္း ေခါင္းေဆာင္ တာဝန္ ကို ထမ္း ေဆာင္ ေနရတဲ့ အန္တုိနီယုိ ဗလန္စီယာ ရဲ့ အနာဂတ္ ဟာလည္း ဒီဂီယာ ၊ မာရွယ္ တုိ့ နည္းတူ ယူနုိက္တက္ မွာ ပဲ ေရွ့ဆက္ ရွိေနဖုိ့ အလားအလာ မ်ားေန ပါတယ္ ။ ယူနုိက္တက္ ဟာ ဗလန္စီယာ ကို စာခ်ဳပ္ သက္တမ္း 12 လ တုိုးျမွင့္ ခ်ဳပ္ဆုိ နုိင္ခြင့္ ကို ပိုင္ဆုိင္ ထား ပါတယ္ ။ ဗလန္စီယာ ဟာ ယူနုိက္တက္ မွာ ဆယ္စုႏွစ္ တစ္ခု အၾကာ တာဝန္ ထမ္းေဆာင္ ေပးထား တဲ့ ဝါရင့္ ကစားသမား တစ္ဦး ပဲ ျဖစ္ ပါတယ္ ။

ေနာက္ထပ္ ကြင္းလယ္ ကစားသမား တစ္ဦး ျဖစ္တဲ့ အန္ဒါ ဟာရဲရား ဟာ မၾကာေသး ခင္ ကပဲ အသင္း ေဟာင္း ဘီလ္ဘာအို ကို ေျပာင္းေရႊ့ ဖုိ႔ သတင္း ေတြ ထြက္ေပၚ ထားခဲ့ ေပမဲ့ ေႏြ ရာသီ တုန္း ကေတာ့ သူဟာ အသင္း မွာ ေရွ့ဆက္ ရွိေန လုိတဲ့ အေၾကာင္း ေျပာၾကား ခဲ့ဖူး ပါ ေသးတယ္ ။

ဟာရဲရား ဟာ 2014 ခုႏွစ္ တုန္း က နည္းျပ ဗန္ဟားလ္ ရဲ့ ေခၚယူ ခဲ့မွဳ နဲ့ အတူ ယူနုိက္တက္ ကို ေရာက္ရွိ လာခဲ့ ေပမဲ့ ေမာ္ရင္ဟို လက္ေအာက္ မွာ ေတာ့ မာတစ္ ၊ ဖရက္ဒ္ ၊ ေတာ္မီေနး နဲ့ ဖယ္လိုင္နီ တုိ့ ေနာက္ မွာ သာ ရွိေန ခဲ့ရ ပါတယ္ ။ ဟာရဲရား ဟာ ဒီ ရာသီ ယူနုိက္တက္ အတြက္ 2 ပြဲသာ ကစား ထားရ ပါ ေသးတယ္ ။

ေမာ္ရင္ဟို ခ်ဲလ္ဆီး ကို ကိုင္တြယ္ နည္းျပ ခဲ့စဥ္ က မာတာ ဟာ 2014 ဇန္နဝါရီ မွာ ယူနုိက္တက္ ကို ေျပာင္းေရႊ့ လာခဲ့ ရ ပါတယ္ ။ မာတာ ဟာ ေမာ္ရင္ဟို ႏွစ္သက္ တက္တဲ့ ကစားသ မားမ်ိဳး မဟုတ္ တဲ့ အတြက္ ယူနိုက္တက္ မွာ ေရွ့ဆက္ ရွိေန ဖုိ့ မေရရာ တဲ့ အေနအထား ကို ပိုင္ဆုိင္ ထား ပါတယ္ ။ သိုေပမဲ့ အသက္ 30 ရွိေန ျပီ ျဖစ္တဲ့ စပိန္ သား ဟာလည္း ယူနုိက္တက္ နဲ့ တစ္ႏွစ္ စာခ်ဳပ္ သက္တမ္း တုိးနုိင္ ခြင့္ ပိုင္ဆိုင္ ထား ပါတယ္ ။

Deagea

Sky Sports ရဲ့ ေဖာ္ျပခ်က္ အရ ေတာ့ ယူနုိက္တက္ ရဲ့ အဂၤလန္သား ခံစစ္မွဴး ေတြ ျဖစ္ၾကတဲ့ စေမာလင္း နဲ့ ဖီးလ္ဂ်ံဳး တုိ႔ ရဲ့ အနာဂတ္ ဟာ လံုးဝ မေရရာ တဲ့ အေနအထား ကို ပိုင္ဆုိင္ ေနတယ္လို့ သိရွိ ရ ပါတယ္ ။ လက္ရွိ အခ်ိန္ မွာ နည္းျပ ေမာ္ရင္ဟို ဟာ အသင္း ရဲ့ ခံစစ္ပိုင္း စြမ္းေဆာင္ရည္ ကို မႏွစ္ျခိဳက္ တဲ့ အတြက္ ဇန္နဝါရီ ( သို့ ) လာမဲ့ ေႏြ အေျပာင္း အေရႊ့ မွာ ဗဟို ခံစစ္ ကစားသမား ေတြ ေခၚယူ အားျဖည့္ သြားဖုိ႔ အဓိက ထား လုပ္ေဆာင္ ေန ပါတယ္ ။

ေနာက္ထပ္ ကစားသမား တစ္ဦး ကေတာ့ ယူနိုက္တက္ ဘယ္ေနာက္ခံ ကစားသမား ေလး လုခ္ေရွာ ပဲ ျဖစ္ ပါတယ္ ။ ယူနိုက္တက္ မွာ ဒဏ္ရာ ရဲ့ ဖိစီးမွဳ ကို ခံထား ခဲ့ ရတဲ့ ေရွာ ဟာ အသင္း ကို ေရာက္ရွိ ထဲက ပြဲ ကစားခ်ိန္ ေတြ နည္းပါး ခဲ့ ေပမဲ့ ဒီ ရာသီ မွာ ေတာ့ နည္းျပ အပါအဝင္ ပရိသတ္ အထူး ႏွစ္ျခိဳက္တဲ့ ကစားသမား တစ္ဦး အျဖစ္ ေျခစြမ္း ျပသ ေနတဲ့ အတြက္ ယူနိုက္တက္ တုိ့ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ဖု့ိ လုပ္ေဆာင္ သြားဖုိ႔ ရွိေန ပါတယ္ ။

ေနာက္ထပ္ ေတာင္ပံ ( သို့ ) ခံစစ္ ကစားသမား တစ္ဦး ျဖစ္တဲ့ အက္ရ္ွေလ ယန္း ရဲ့ အနာဂတ္ ဟာလည္း မေရရာ တဲ့ အေနအထား ကို ေရာက္ရွိ ေန ပါတယ္ ။ အသက္ 33 ႏွစ္ ရွိျပီ ျဖစ္တဲ့ အဂၤလန္ လက္ေရြးစင္ အေန နဲ့ ယူနိုက္တက္ ေရွ့ဆက္ ရွိေနဖုိ့ အတြက္ ေျခစြမ္း ေကာင္း ေတြ ဆက္လက္ ျပသ သြားဖုိ့ ေတာ့ လုိအပ္ ေန ပါတယ္ ။

ယူနုိက္တက္ ကြင္းလယ္ ကစားသမား ျဖစ္တဲ့ အန္းဒရိစ္ ပါရဲရား ကေတာ့ အသင္း မွာ ပဲ ေရွ့ဆက္ ရွိေနဖုိ့ စိတ္အား ထက္သန္ ေနသူ ပဲ ျဖစ္ ပါတယ္ ။ သူဟာ 2017 ခုႏွစ္ တုန္း က အသင္း နဲ့ ႏွစ္ ႏွစ္ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ ခဲ့ ေပမဲ့ စပိန္ ေျမမွာ သာ အငွား ကစားရင္း အခ်ိန္ ကုန္ဆံုး ခဲ့ရ ပါတယ္ ။ စပိန္ေျမ မွာ ေျခစြမ္း ေကာင္း ျပသ ထားနိုင္ ခဲ့တဲ့ ပါရဲရား ကို ေခၚယူ ဖုိ႔ ဗလန္စီယာ အသင္း ဖက္ကေတာ့ စိတ္ဝင္စား မွဳ ေတြ ရွိေန ပါတယ္ ။ လက္ရွိ အခ်ိန္ မွာ ေတာ့ ပါရဲရား ဟာ ယူနုိက္တက္ မွာ ပြဲထြက္ ကစားခြင့္ ရရွိဖို့ အတြက္ ရုန္းကန္ ေနရ ပါတယ္ ။

ယူနုိက္တက္ ရဲ့ ေနာက္ခံလူ တစ္ဦး ျဖစ္တဲ့ မက္တီယို ဒါမီယံ ကိုေတာ့ ေႏြ အေျပာင္း အေရႊ့ တုန္း က စီးရီးေအ ထိပ္သီး နာပိုလီ နဲ့ ဂ်ဴဗင္တပ္ တုိ့ ေခၚယူ ဖုိ့ စိတ္ဝင္စား ခဲ့ၾက ပါတယ္ ။ ဒါမီယံ ဟာ ဒီ ရာသီ ယူနိုက္တက္ မွာ တစ္ပြဲ သာ ပါဝင္ ကစား ခဲ့ရ ပါ ေသးတယ္ ။

ဒီဂီယာ အပါအဝင် ယူနိုက်တက်မှာ အနာဂတ် ရှေ့ဆက်ရှိနေဖို့ မသေချာတော့တဲ့ ကစားသမား XI ဦး

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ကစား သမား သုံးဦး ဖြစ်ကြတဲ့ ဒေးဗစ် ဒီဂီယာ ၊ အန်သိုနီ မာရှယ် နဲ့ အန်တိုနီယို ဗလန်စီယာ တို့ ဟာ အသင်း မှာ ရှေ့ ဆက် ရှိနေဖို့ အနာဂတ် မသေ ချာ တဲ့ အနေ အထား ကို ရောက်ရှိ နေကြ ပါတယ် ။ သူတို့ သုံးဦး လုံးရဲ့ စာချုပ် သက်တမ်း ဟာ ရာသီ ကုန် ကုန်ဆုံး သွားဖို့ ရှိနေ ပါတယ် ။

လက်ရှိ အချိန် ထိ တော့ ဖိအား တွေ အောက် ကျရောက် နေတဲ့ နည်းပြ မော်ရင်ဟို ဟာ ရလာဒ် ကောင်း တွေ ပိုင်ဆိုင် နိုင်ဖို့ အတွက် သာ အဓိက ထား ဦးတည် နေပြီး ကစားသမား တွေ ကို စာ ချုပ် သက်တမ်း တိုးမြှင့် ဖို့ အတွက် မဆောင် ရွက် နိုင်သေး ပါဘူး ။ ပေါ်တူဂီ သား ဖက်က တော့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မဲ့ ကစားသမား တိုင်း ကို အလွတ် ဆုံးရှုံး ခံဖို့ တော့ ရှိ မနေ ပါဘူး ။

ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်တဲ့ ဒေးဗစ် ဒီဂီယာ ဟာ လွန်ခဲ့တဲ့ ရာသီ တွေ တုန်းက စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ရဲ့ စိတ်ဝင်စား မှု ကို ရရှိ ထားခဲ့ ပေမဲ့ ယူနိုက်တက် ဖက်ကတော့ အေးဂျင့် ဖြစ်သူ ဂျော့ချ် မန်ဒတ်စ် နဲ့ စာချုပ် သက်တမ်း တိုးမြှင့် သွားဖို့ ဆွေးနွေး နေတယ် လို့ သိရှိ ရ ပါတယ် ။

စပိန် လက်ရွေးစင် ရဲ့ စာချုပ် ထဲ မှာ နောက်ထပ် စာချုပ် သက်တမ်း တိုးမြှင့်ဖို့ အချက်အလက် ပါ ထည့်သွင်း ချုပ်ဆို ထားခဲ့ တဲ့ အတွက် ယူနိုက်တက် ဖက်က အသက် 27 နှစ် အရွယ် ဂိုး သ မား ကို ဆက်လက် ထိန်းသိမ်း ဖို့ အတွက် အခက်အခဲ ရင်ဆိုင် ရဖွယ် နည်းပါး နေ ပါတယ် ။ အထူး သဖြင့် ဒီဂီယာ ကို ခေါ်ယူ ဖို့ အထူး ကြိုးပမ်း နေ ခဲ့တဲ့ ရီးယဲ မက်ဒရစ် ဟာလည်း ကော့တွိုက်စ် ကို ခေါ်ယူ နိုင် ခဲ့တဲ့ အတွက် ဒီဂီယာ ကို ခေါ်ယူ တော့မှာ မဟုတ်တော့ ပါဘူး ။

ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား လေး အန်သိုနီ မာရှယ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှု များစွာ တော့ ရှိ မနေ ပါဘူး ။ ယူနိုက်တက် ဖက် က မာရှယ် ကို စာချုပ် သက်တမ်း တိုးမြှင့်ဖို့ အတွက် အခြား အသင်း တွေ ခေါ်ယူဖို့ စိတ်ဝင် စား နေခဲ့ ကြတဲ့ ပြီး ခဲ့တဲ့ နွေ ထဲက လုပ်ဆောင် နေခဲ့ ကြ ပါတယ် ။ လက်ရှိ အချိန် ထိတော့ သေချာ တဲ့ အဖြေ တစ်ခု ထွက်ပေါ် မလာသေး ပါဘူူး ။ ယူနိုက်တက် ဖက် ကတော့ သူ့ကို အသင်း မှာပဲ ရှေ့ဆက် ရှိနေစေ လိုတာ သေချာ နေ ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်း ခေါင်းဆောင် တာဝန် ကို ထမ်း ဆောင် နေရတဲ့ အန်တိုနီယို ဗလန်စီယာ ရဲ့ အနာဂတ် ဟာလည်း ဒီဂီယာ ၊ မာရှယ် တို့ နည်းတူ ယူနိုက်တက် မှာ ပဲ ရှေ့ဆက် ရှိနေဖို့ အလားအလာ များနေ ပါတယ် ။ ယူနိုက်တက် ဟာ ဗလန်စီယာ ကို စာချုပ် သက်တမ်း 12 လ တိုုးမြှင့် ချုပ်ဆို နိုင်ခွင့် ကို ပိုင်ဆိုင် ထား ပါတယ် ။ ဗလန်စီယာ ဟာ ယူနိုက်တက် မှာ ဆယ်စုနှစ် တစ်ခု အကြာ တာဝန် ထမ်းဆောင် ပေးထား တဲ့ ဝါရင့် ကစားသမား တစ်ဦး ပဲ ဖြစ် ပါတယ် ။

နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အန်ဒါ ဟာရဲရား ဟာ မကြာသေး ခင် ကပဲ အသင်း ဟောင်း ဘီလ်ဘာအို ကို ပြောင်းရွှေ့ ဖို့ သတင်း တွေ ထွက်ပေါ် ထားခဲ့ ပေမဲ့ နွေ ရာသီ တုန်း ကတော့ သူဟာ အသင်း မှာ ရှေ့ဆက် ရှိနေ လိုတဲ့ အကြောင်း ပြောကြား ခဲ့ဖူး ပါ သေးတယ် ။

ဟာရဲရား ဟာ 2014 ခုနှစ် တုန်း က နည်းပြ ဗန်ဟားလ် ရဲ့ ခေါ်ယူ ခဲ့မှု နဲ့ အတူ ယူနိုက်တက် ကို ရောက်ရှိ လာခဲ့ ပေမဲ့ မော်ရင်ဟို လက်အောက် မှာ တော့ မာတစ် ၊ ဖရက်ဒ် ၊ တော်မီနေး နဲ့ ဖယ်လိုင်နီ တို့ နောက် မှာ သာ ရှိနေ ခဲ့ရ ပါတယ် ။ ဟာရဲရား ဟာ ဒီ ရာသီ ယူနိုက်တက် အတွက် 2 ပွဲသာ ကစား ထားရ ပါ သေးတယ် ။

မော်ရင်ဟို ချဲလ်ဆီး ကို ကိုင်တွယ် နည်းပြ ခဲ့စဉ် က မာတာ ဟာ 2014 ဇန်နဝါရီ မှာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့ ရ ပါတယ် ။ မာတာ ဟာ မော်ရင်ဟို နှစ်သက် တက်တဲ့ ကစားသ မားမျိုး မဟုတ် တဲ့ အတွက် ယူနိုက်တက် မှာ ရှေ့ဆက် ရှိနေ ဖို့ မရေရာ တဲ့ အနေအထား ကို ပိုင်ဆိုင် ထား ပါတယ် ။ သိုပေမဲ့ အသက် 30 ရှိနေ ပြီ ဖြစ်တဲ့ စပိန် သား ဟာလည်း ယူနိုက်တက် နဲ့ တစ်နှစ် စာချုပ် သက်တမ်း တိုးနိုင် ခွင့် ပိုင်ဆိုင် ထား ပါတယ် ။

Sky Sports ရဲ့ ဖော်ပြချက် အရ တော့ ယူနိုက်တက် ရဲ့ အင်္ဂလန်သား ခံစစ်မှူး တွေ ဖြစ်ကြတဲ့ စမောလင်း နဲ့ ဖီးလ်ဂျံုး တို့ ရဲ့ အနာဂတ် ဟာ လုံးဝ မရေရာ တဲ့ အနေအထား ကို ပိုင်ဆိုင် နေတယ်လို့ သိရှိ ရ ပါတယ် ။ လက်ရှိ အချိန် မှာ နည်းပြ မော်ရင်ဟို ဟာ အသင်း ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကို မနှစ်ခြိုက် တဲ့ အတွက် ဇန်နဝါရီ ( သို့ ) လာမဲ့ နွေ အပြောင်း အရွှေ့ မှာ ဗဟို ခံစစ် ကစားသမား တွေ ခေါ်ယူ အားဖြည့် သွားဖို့ အဓိက ထား လုပ်ဆောင် နေ ပါတယ် ။

နောက်ထပ် ကစားသမား တစ်ဦး ကတော့ ယူနိုက်တက် ဘယ်နောက်ခံ ကစားသမား လေး လုခ်ရှော ပဲ ဖြစ် ပါတယ် ။ ယူနိုက်တက် မှာ ဒဏ်ရာ ရဲ့ ဖိစီးမှု ကို ခံထား ခဲ့ ရတဲ့ ရှော ဟာ အသင်း ကို ရောက်ရှိ ထဲက ပွဲ ကစားချိန် တွေ နည်းပါး ခဲ့ ပေမဲ့ ဒီ ရာသီ မှာ တော့ နည်းပြ အပါအဝင် ပရိသတ် အထူး နှစ်ခြိုက်တဲ့ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်း ပြသ နေတဲ့ အတွက် ယူနိုက်တက် တို့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင် သွားဖို့ ရှိနေ ပါတယ် ။

နောက်ထပ် တောင်ပံ ( သို့ ) ခံစစ် ကစားသမား တစ်ဦး ဖြစ်တဲ့ အက်ရ်ှလေ ယန်း ရဲ့ အနာဂတ် ဟာလည်း မရေရာ တဲ့ အနေအထား ကို ရောက်ရှိ နေ ပါတယ် ။ အသက် 33 နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် အနေ နဲ့ ယူနိုက်တက် ရှေ့ဆက် ရှိနေဖို့ အတွက် ခြေစွမ်း ကောင်း တွေ ဆက်လက် ပြသ သွားဖို့ တော့ လိုအပ် နေ ပါတယ် ။

ယူနိုက်တက် ကွင်းလယ် ကစားသမား ဖြစ်တဲ့ အန်းဒရိစ် ပါရဲရား ကတော့ အသင်း မှာ ပဲ ရှေ့ဆက် ရှိနေဖို့ စိတ်အား ထက်သန် နေသူ ပဲ ဖြစ် ပါတယ် ။ သူဟာ 2017 ခုနှစ် တုန်း က အသင်း နဲ့ နှစ် နှစ် စာချုပ် သက်တမ်း တိုးမြှင့် ခဲ့ ပေမဲ့ စပိန် မြေမှာ သာ အငှား ကစားရင်း အချိန် ကုန်ဆုံး ခဲ့ရ ပါတယ် ။ စပိန်မြေ မှာ ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့တဲ့ ပါရဲရား ကို ခေါ်ယူ ဖို့ ဗလန်စီယာ အသင်း ဖက်ကတော့ စိတ်ဝင်စား မှု တွေ ရှိနေ ပါတယ် ။ လက်ရှိ အချိန် မှာ တော့ ပါရဲရား ဟာ ယူနိုက်တက် မှာ ပွဲထွက် ကစားခွင့် ရရှိဖို့ အတွက် ရုန်းကန် နေရ ပါတယ် ။

ယူနိုက်တက် ရဲ့ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မက်တီယို ဒါမီယံ ကိုတော့ နွေ အပြောင်း အရွှေ့ တုန်း က စီးရီးအေ ထိပ်သီး နာပိုလီ နဲ့ ဂျူဗင်တပ် တို့ ခေါ်ယူ ဖို့ စိတ်ဝင်စား ခဲ့ကြ ပါတယ် ။ ဒါမီယံ ဟာ ဒီ ရာသီ ယူနိုက်တက် မှာ တစ်ပွဲ သာ ပါဝင် ကစား ခဲ့ရ ပါ သေးတယ် ။