ဘာစီလိုနာ အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်တဲ့ ဂျာရတ် ပီကေး က အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် တို့ ဒီနွေ မှာ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူ ထား ခဲ့တဲ့ နောက်ခံ ကစားသမား သစ် ဟယ်ရီ မက်ဂွားယား က အသင်း ကို ပရီးမီးယား လိဂ် ဖလား ပြန်လည် ဆွတ်ခူး နိုင်အောင် ကူညီ ပေးနိုင် လိမ့်မယ် လို့ မျှော်လင့် နေ ပါတယ် ။

ဒါ့အပြင် 2013 ခုနှစ် ကတည်းက ပရီးမီးယား လိဂ် ဖလား ပြန်လည် ဆွတ်ခူး နိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ အသင်း ဟောင်း အတွက် မက်ဂွားယား ဟာ 2001 ခုနှစ် ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့တဲ့ ဂန္ဓဝင် ဖာဒီနန် လို အကျိုးပြု ပေးနိုင် လိမ့်မယ် လို့ ပီကေး က ဆက်လက် သုံးသပ် သွားခဲ့ ပါတယ် ။

ရီယို ဖာဒီနန် ဟာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ပိုင်းမှာ ဆယ်စု နှစ် တစ်ခု အကြာ ကစား ပေး ထားခဲ့ သူ ဖြစ်ပြီး အဆိုပါ ကာလ အတွင်း ပရီးမီးယား လိဂ် ဖလား 6 ကြိမ် နဲ့ 2008 ခုနှစ် မှာ ချန်ပီယံ လိဂ် ဖလား 1 ကြိမ် တို့ကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။

ဒါ့အပြင် လီဗာပူး အသင်း ဆီ ပေါင် 75 သန်း နဲ့ ပြောင်းရွှေ့ ခဲ့တဲ့ နောက် ပြီး ခဲ့တဲ့ ရာသီ တုန်းက ကြိုးကြာနီ တို့ကို ချန်ပီယံ လိဂ် ဖလား ရရှိ အောင် ကူညီ ပေးနိုင် ခဲ့တဲ့ နောက်ခံလူ ဗာဂျီလ် ဗန်ဒိုက် ရဲ့ အကျိုး သက်ရောက် မှု တွေကို လည်း ပီကေး က ခိုင်းနှိုင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒီလို အဖြစ် အပျက် မျိုးက လက်ရှိ အချိန် မတိုင်ခင် ဗန်ဒိုက် နဲ့ အတူ ဖြစ်ပွား ခဲ့ဖူး သလို လွန် ခဲ့တဲ့ 10 နှစ် ကျော် လောက် တုန်းက ရီယို ဖာဒီနန် နဲ့ လည်း ဖြစ်ပွား ခဲ့ဖူး ပါတယ် ။ ယဉ်ကျေး မှု အရ ဆိုရင် ယူနိုက်တက် ဟာ ခံစစ် ကစားသမား တွေ အတွက် ရင်းနှီး မြှုပ်နှံ မှုတွေ များစွာ ပြုလုပ် ထားခဲ့ ပါတယ် ။ မက်ဂွားယား ဟာ ခံစစ် ကစားသမား ကောင်း တစ်ဦး ပါပဲ ”

” သူတို့ တွေ နောက် တစ်ကြိမ် ထိပ်ပိုင်း ကို ပြန်လည် ရောက်ရှိ နိုင်ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ။ လွန်ခဲ့တဲ့ ငါးနှစ်တာ အချိန် ကာလ အတွင်း မှာဆို မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ဝင်ရောက် ကစား နိုင်ဖို့ တိုက်ပွဲ ဝင်ခဲ့ ရတဲ့ အသင်း ဖြစ်ခဲ့ ရ ပါတယ် ”

” ဒါပေမယ့် အခုတော့ သူတို့ တွေ ပရီးမီးယား လိဂ် ဖလား ကို ဆွတ်ခူး နိုင်ဖို့ အတွက် ကြိုးစား ရမယ့် အချိန် ကျရောက် နေပြီ လို့ ကျွန်တော် ထင် ပါတယ် ။ အခု သူတို့ ခေါ်ယူ ထား ခဲ့တဲ့ ကစားသမား တွေနဲ့ ယူနိုက်တက် တို့ ထိပ်ပိုင်း ကို ပြန်လည် တက်လှမ်း နိုင်ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ” လို့ ပီကေး က ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် နဲ့ အတူ အချိန် အနည်းငယ် ဖြတ်သန်း ထားနိုင် ခဲ့ ပေမယ့် ဘာစီလိုနာ အသင်း ဆီ ပြောင်းရွှေ့ ခဲ့ရ တာနဲ့ ပတ်သက် လို့ ဝမ်းနည်း ပူဆွေး မှု မရှိ ကြောင်း ပီကေး က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” ယူနိုက်တက် မှာ ခမ်းနား တဲ့ အချိန် တွေကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ကျွန်တော် ကစား ချင် သလောက် တော့ မကစား ခဲ့ရ ပါဘူး ။ ဒါပေမယ့် အဲ့တုန်း က ကျွန်တော် 17 နှစ်ပဲ ရှိသေး တယ်လေ ။ ငယ်သေး တာပေါ့ ။ ဒါဟာ ကျွန်တော့် အနာဂတ် အတွက် အရမ်း အရေး ပါတဲ့ ခြေလှမ်း တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ”

” ကျွန်တော် အဲ့ဒီ မှာ ခရစ္စတီယာနို ၊ ဝိန်း ရွန်းနီ ၊ ရိုင်ယန် ဂစ် အစ ရှိတဲ့ ကစားသမား တွေနဲ့ ခမ်းနား တဲ့ နှစ် တွေကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ကျွန်တော် ဘာစီလိုနာ အသင်း အတွက် ကစားပေး တဲ့ အခါ မှာ အဲ့ဒီလို ကစားသမား တွေနဲ့ အတူ ကစား ခဲ့တဲ့ အတွေ့ အကြုံ တွေက အရမ်း ကို အကူအညီ ဖြစ်စေ ခဲ့ ပါတယ် ” လို့ ပြောကြား ရင်း လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား နဲ့ ပတ်သက် လို့ …

” ကျွန်တော် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ သူနဲ့ တွေ့ဆုံ ခဲ့ရ ပါတယ် ။ သူဟာ ခမ်းနား တဲ့ လူသား တစ်ဦး ပါပဲ ။ သူဟာ ယူနိုက်တက် မှာ ကောင်းမွန် တဲ့ အလုပ် တွေကို လုပ်ပြ နေ ပါတယ် ။ ဒီ ရာသီ သူနဲ့ ယူနိုက်တက် ဟာ ဘယ်လောက် အထိ ရှေ့ဆက် နိုင် မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ဗျာ ” လို့ ပီကေး က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar