* အာဆင်နယ် အသင်းဟာ ပရိသတ်တွေ မဲပေး ရွေးချယ်နိုင်ဖို့အတွက် ဩဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းကို ထုတ်ပြန် ကြေညာ လိုက်ပါတယ်။အဆိုပါ ဆန်ကာတင် စာရင်းမှာ အူဘာမီယန်း၊ဝီးလော့၊စီဘယ်လောစ့်၊ဂွမ်ဒူဇီ တို့ ပါဝင် လာခဲ့ပါတယ်။

* ယူရိုပါလိဂ် အုပ်စု မဲခွဲမှုကို ယနေ့ သောကြာနေ့၊မြန်မာ စံတော်ချိန် ၅ နာရီ မိနစ် ၃၀ မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပြီးတော့ မနှစ်က ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ မဲအိုး ၁ မှာ ကျရောက် နေပါတယ်။

* လိဒ်ယူနိုက်တက် အသင်းမှာ တစ်ရာသီ အငှားသွားကစားပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ အန်ခီတီးယား က ဂန်းနား ဂန္တဝင် အီယန်ရိုက် ဟာ သူ့ကို အများကြီး အကူအညီ ပေးနေကြောင်း နဲ့ ပရိသတ်တွေဟာလည်း သူ့ကို မတ်ဆေ့ခ်ျပို့ အားပေးကြကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

* အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက တော့တင်ဟမ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ အသုံးပြုမယ့် ကစားကွက်ပေါ် မူတည်ပြီး ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို တစ်ပြိုင်နက် ပွဲထွက် အသုံးပြုသင့် မသင့်ကို စဉ်းစား ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

* အူနိုင်း အမ်မရီ က ရောဘ့်ဟိုလ်းဒင်းဟာ ယူ-၂၃ အသင်းနဲ့ ပွဲချိန်ပြည့် ကစားနေပြီ ဖြစ်ပေမယ့် တော့တင်ဟမ် အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာတော့ ပါဝင် ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း နဲ့ တီယာနေး၊ဘယ်လာရင်တို့ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ပြန်ကစားနိုင်ဖို့ မျှော်မှန်းထားကြောင်းတော့တင်ဟမ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

ဒါ့အပြင် အမ်မရီ က အမ်မရီ က ကွင်းလယ်လူ အိုဇေးလ် ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ကောင်းကောင်း ဆင်းနေနိုင်ပြီ ဖြစ်ကြောင်း နဲ့ တော့တင်ဟမ် အသင်း နဲ့ ပွဲမှာ ပါဝင် ကစားဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း ဆိုပါတယ် ။ ဒါ့အပြင် အမ်မရီ က အိုဇေးလ် ဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာနိုင်ချေ လုံးဝ မရှိကြောင်းလည်းဖြေကြားသွားခဲ့ပါတယ်။

* အာဆင်နယ် အသင်းရဲ့ အီဂျစ် ကွင်းလယ်လူ အယ်နီနီဟာ တူရကီ ကလပ် ဘက်ဆစ်တပ် အသင်းကို ကာလရှည် အငှား နဲ့ ပြောင်းရွှေ့ဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။အယ်နီနီဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် တစ်ပွဲမှ ပွဲထွက် ကစားခွင့် မရထားပါဘူး။

* တော့တင်ဟမ် အသင်းရဲ့ကွင်းလယ်လူ လူးကပ်စ်မော်ရာ က မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် နောက်ခံလူ ​ဒေးဗစ်လူးဝဇ် နဲ့ သူငယ်ချင်း ဆက်ဆံရေးကို ခဏ ဘေးဖယ်ထားပြီး အမ်းမရိတ်မှာ အနိုင် သုံးမှတ်ရဖို့ အစွမ်းကုန် ကြိုးစား ကစားသွားမယ်လို့ ဆိုပါတယ်။

* အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဒေးဗစ်လူးဝဇ် ကို ခေါ်ယူနိုင်ဖို့ အတွက် ဆမ်ဟီလီ ဟာ အာဆင်နယ် အသင်း ကစားသမား​ဟောင်းလည်း ဖြစ်သလို ချဲလ်ဆီး အသင်းရဲ့နည်းစနစ် နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်နေတဲ့ ပီတာဆက်ခ်ျ နဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့တယ်လို့ ESPN က ဖော်ပြလိုက်ပါတယ်။

* အာဆင်နယ် ဂိုးသမား လီနိုဟာ လာမယ့် စက်တင်ဘာလမှာ နယ်သာလန်၊မြောက်အိုင်ယာလန် တို့နဲ့ ကစားမယ့် ဂျာမနီ အသင်းရဲ့လူစာရင်းမှာ ရွေးချယ် ခံခဲ့ရပါတယ်။

* ဒီတစ်ပတ် အမ်းမရိတ်မှာ ကစားမယ့် အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းကို လေးဂိုးနှစ်ဂိုး နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ဂန်းနား တိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ် က ခန့်မှန်းလိုက်ပါတယ်။

SPORTS MYANMAR