ၿပီး ခဲ့တဲ့ အပတ္ စေန ေန႔ က အေမ ရိ ကန္ ႏုိင္ငံ လာ့စ္ ေဗးဂက္စ္ ၿမဳိ႕ မွာ ထုိးသတ္ ခဲ့တဲ့ UFC 229 ပြဲစဥ္ က အျဖစ္ အပ်က္ ေတြ ေၾကာင့္ UFC ကစား သမား ၂ ဦး ျဖစ္ တဲ့ ေကာ္နာ မက္ဂရီေဂၚ နဲ႔ ခါဘီ ႏူမာဂိုမီေဒါ့ဗ္ တို႔ ၂ ဦး စလံုး ကို ၁၀ ရက္ စီ ပိတ္ ပင္ လုိက္ ေၾကာင္း UFC အဖြဲ႕ ခ်ဳပ္ က ထုတ္ျပန္ ေၾကျငာ သြား ၿပီ ျဖစ္ ပါတယ္ ။

အဆိုပါ ထုတ္ျပန္ ခ်က္ ဟာ ေအာက္တိုဘာလ ၁၅ ရက္ ေန႔ ကေန စတင္ သက္၀င္ မွာ ျဖစ္ၿပီး ေအာက္တိုဘာ ၂၄ ရက္ ေန႔ မတုိင္ ခင္ အထိ ကစား သမား ၂ ဦး စလံုးဟာ UFC နဲ႔ ပတ္သက္ ခြင့္ ရွိ မွာ မဟုတ္ ပါဘူး ။ ေအာက္တိုဘာ ၂၄ ရက္ ေန႔ မွာေတာ့ UFC အဖြဲ႕ ရဲ႕ ေနာက္ ထပ္ စစ္ေဆး ေတြ႕ရွိ ခ်က္ အေပၚ မူတည္ ၿပီး အပို ေဆာင္း အျပစ္ ဒဏ္ က် ခံ ရမလား ဆုိတာ ဆံုးျဖတ္ သြား မယ္ လုိ႔ သိရ ပါတယ္ ။

စေန ေန႔ က ထုိးသတ္ ခဲ့တဲ့ UFC 229 ပြဲစဥ္ မွာ ရုရွ ႏုိင္ငံ သား ခါဘစ္ က အိုင္ယာလန္ ႏုိင္ငံ သား ေကာ္နာ မက္ဂရီေဂၚ ကို အႏုိင္ ရရွိ ခဲ့ၿပီး ပြဲ အၿပီး မွာ ခိုက္ရန္ ျဖစ္ပြားမႈ ေတြ ရွိ ခဲ့တာ ေၾကာင့္ လံုၿခဳံေရး ေတြ နဲ႔ ထိန္းသိမ္း ခဲ့ ရ ပါတယ္ ။

UFC အဖြဲ႕ခ်ဳပ္ ဟာ အနုိင္ ရရွိ သူ ခါဘစ္ ကို ေရႊခါးပတ္ ခ်က္ခ်င္း မေပး အပ္ ခဲ့ သလို ဆုေငြ ေဒၚလာ ၂ သန္း ကို လည္း ယခု အခ်ိန္ ထိ မေပး အပ္ ရ ေသးဘူး လုိ႔ သိရ ပါတယ္ ။ ေကာ္နာ က ေတာ့ ဆုေငြ ေဒၚလာ ၃ သန္း ကို ရရွိ ၿပီး ျဖစ္ေပမယ့္ ရုပ္သံ ျပကြက္ ေတြ အရ ႀကဳိး၀ိုင္း အတြင္း ၀င္ေရာက္ ရန္ျပဳ သူေတြ ကို ျပန္လည္ထိုး ႏွက္ ခဲ့တယ္ လို႔ ေတြ႕ ရွိ ထားတဲ့ အတြက္ ေနာက္ပုိင္း မွာ ေငြဒဏ္ ျပန္လည္ ခ်မွတ္ ခံ ရဖို႔ ရွိ ေနတယ္ လို႔ သိရ ပါတယ္ ။

ေကာ္နာ မက္ဂရီေဂၚ ဟာ ယခု အပတ္ အေစာပုိင္း တုန္း ကလည္း UFC ေဆးအဖြဲ႕ ရဲ႕ တစ္လ အနားယူ ဖို႔ သတိေပး ပိတ္ပင္ ခ်က္ ကို ရရွိ ထားၿပီး ႏို၀င္ဘာ လ အစ ပုိင္း အထိ ပြဲေတြ ထိုးသတ္ ဖို႔ ခြင့္မျပဳ ေသးဘူး လုိ႔ သိရ ပါတယ္ ။

အဆုိပါ ရန္ပြဲ ေၾကာင့္ ကစား သမား ၂ ဦး စလံုး ကာလ အနည္းငယ္ စီ ပိတ္ပင္ ခံ ရၿပီး ေငြဒဏ္ လည္း ခ်မွတ္ ခံ ရႏုိင္ ေပမယ့္ UFC ရဲ႕ အက်ဳိး စီးပြား ကို ထိခိုက္ ေစႏုိင္ တဲ့ ရာသက္ပန္ ပိတ္ပင္မႈ မ်ဳိး ကို ျပဳလုပ္ ဖုိ႔ ရွိ မွာ မဟုတ္ဘူး လုိ႔ သံုးသပ္ ရ ပါတယ္ ။

SPORTS MYANMAR

Unicode

ကော်နာ မက်ဂရီဂေါ် နဲ့ ခါဘီ တို့ ၂ ဦး စလုံး ကို UFC က ယာယီ ပွဲပယ် ထား

=====================================

ပြီး ခဲ့တဲ့ အပတ် စနေ နေ့ က အမေ ရိ ကန် နိုင်ငံ လာ့စ် ဗေးဂက်စ် မြို့ မှာ ထိုးသတ် ခဲ့တဲ့ UFC 229 ပွဲစဉ် က အဖြစ် အပျက် တွေ ကြောင့် UFC ကစား သမား ၂ ဦး ဖြစ် တဲ့ ကော်နာ မက်ဂရီဂေါ် နဲ့ ခါဘီ နူမာဂိုမီဒေါ့ဗ် တို့ ၂ ဦး စလုံး ကို ၁၀ ရက် စီ ပိတ် ပင် လိုက် ကြောင်း UFC အဖွဲ့ ချုပ် က ထုတ်ပြန် ကြေငြာ သွား ပြီ ဖြစ် ပါတယ် ။

အဆိုပါ ထုတ်ပြန် ချက် ဟာ အောက်တိုဘာလ ၁၅ ရက် နေ့ ကနေ စတင် သက်ဝင် မှာ ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက် နေ့ မတိုင် ခင် အထိ ကစား သမား ၂ ဦး စလုံးဟာ UFC နဲ့ ပတ်သက် ခွင့် ရှိ မှာ မဟုတ် ပါဘူး ။ အောက်တိုဘာ ၂၄ ရက် နေ့ မှာတော့ UFC အဖွဲ့ ရဲ့ နောက် ထပ် စစ်ဆေး တွေ့ရှိ ချက် အပေါ် မူတည် ပြီး အပို ဆောင်း အပြစ် ဒဏ် ကျ ခံ ရမလား ဆိုတာ ဆုံးဖြတ် သွား မယ် လို့ သိရ ပါတယ် ။

စနေ နေ့ က ထိုးသတ် ခဲ့တဲ့ UFC 229 ပွဲစဉ် မှာ ရုရှ နိုင်ငံ သား ခါဘစ် က အိုင်ယာလန် နိုင်ငံ သား ကော်နာ မက်ဂရီဂေါ် ကို အနိုင် ရရှိ ခဲ့ပြီး ပွဲ အပြီး မှာ ခိုက်ရန် ဖြစ်ပွားမှု တွေ ရှိ ခဲ့တာ ကြောင့် လုံခြုံရေး တွေ နဲ့ ထိန်းသိမ်း ခဲ့ ရ ပါတယ် ။

UFC အဖွဲ့ချုပ် ဟာ အနိုင် ရရှိ သူ ခါဘစ် ကို ရွှေခါးပတ် ချက်ချင်း မပေး အပ် ခဲ့ သလို ဆုငွေ ဒေါ်လာ ၂ သန်း ကို လည်း ယခု အချိန် ထိ မပေး အပ် ရ သေးဘူး လို့ သိရ ပါတယ် ။ ကော်နာ က တော့ ဆုငွေ ဒေါ်လာ ၃ သန်း ကို ရရှိ ပြီး ဖြစ်ပေမယ့် ရုပ်သံ ပြကွက် တွေ အရ ကြိုးဝိုင်း အတွင်း ၀င်ရောက် ရန်ပြု သူတွေ ကို ပြန်လည်ထိုး နှက် ခဲ့တယ် လို့ တွေ့ ရှိ ထားတဲ့ အတွက် နောက်ပိုင်း မှာ ငွေဒဏ် ပြန်လည် ချမှတ် ခံ ရဖို့ ရှိ နေတယ် လို့ သိရ ပါတယ် ။

ကော်နာ မက်ဂရီဂေါ် ဟာ ယခု အပတ် အစောပိုင်း တုန်း ကလည်း UFC ဆေးအဖွဲ့ ရဲ့ တစ်လ အနားယူ ဖို့ သတိပေး ပိတ်ပင် ချက် ကို ရရှိ ထားပြီး နိုဝင်ဘာ လ အစ ပိုင်း အထိ ပွဲတွေ ထိုးသတ် ဖို့ ခွင့်မပြု သေးဘူး လို့ သိရ ပါတယ် ။

အဆိုပါ ရန်ပွဲ ကြောင့် ကစား သမား ၂ ဦး စလုံး ကာလ အနည်းငယ် စီ ပိတ်ပင် ခံ ရပြီး ငွေဒဏ် လည်း ချမှတ် ခံ ရနိုင် ပေမယ့် UFC ရဲ့ အကျိုး စီးပွား ကို ထိခိုက် စေနိုင် တဲ့ ရာသက်ပန် ပိတ်ပင်မှု မျိုး ကို ပြုလုပ် ဖို့ ရှိ မှာ မဟုတ်ဘူး လို့ သုံးသပ် ရ ပါတယ် ။

SPORTS MYANMAR