ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိ လာမှု ဟာ ယူဗင်တပ် အသင်း ကိုသာ မက အီတလီ ဘောလုံး လောက ကိုပါ ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့ ပါတယ် ။ အီတလီ မြေကို ရောက်လာတာ တစ်ရာသီ သာ ရှိသေး ပေမယ့် ယူဗင်တပ် ဟာ ပေါ်တူဂီ သားကြီး ဆီက နေ အကျိုး အမြတ် များစွာ ရရှိ ထားခဲ့ပြီ ပဲ ဖြစ်ပါတယ် ။ နောက်ဆုံး ရရှိ ခဲ့တဲ့ စစ်တမ်း မှာတော့ ယူဗင်တပ် အသင်း ဟာ Instagram မှာ ပရိသတ် အင်အား တိုးပွားလာခဲ့ပြီး တတိယ နေရာကိုပင် ရောက်ရှိ လာခဲ့ပြီ လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ ရိုနယ်ဒို ပြောင်းရွှေ့ မလာခင် တုန်း က ဆိုရှယ် မီဒီယာ မှာ ပရိသတ် နည်းပါး ခဲ့ ပေမယ့် ပေါ်တူဂီ တိုက်စစ်မှုးကြီး ရဲ့ ပြောင်းရွှေ့မှု နဲ့ အတူ မြောက်များစွာ သော ပရိသတ်တွေ ဟာ ယူဗင်တပ် ပရိသတ် တွေ ဖြစ်လာခဲ့ ကြပါတယ် ။

ယူဗင်တပ် ဟာ ဆိုရှယ်မီဒီယာ တစ်ခု ဖြစ်တဲ့ Instagram မှာ ပရိသတ် ၁၀ သန်း ကျော်သာ ရှိခဲ့ ပေမယ့် ယခု အချိန် မှာတော့ ပရိသတ် သန်း ၃၀ ကျော် နဲ့ ရိုနယ်ဒို ရဲ့ အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ကျော်ဖြတ် ကာ Follower တတိယ အများဆုံး ကလပ် အသင်း အဖြစ် ရပ်တည် နိုင် ခဲ့ပြီ ဖြစ် ပါတယ် ။

ဒါပေမယ့် ယူဗင်တပ် ဟာ ရှေ့ မှာ ရှိနေတဲ့ ထိပ်သီး ၂ သင်း နဲ့ တော့ အလှမ်း ကွာနေဆဲ ဖြစ်ပါတယ် ။ ရိုနယ်ဒို ရဲ့ အသင်း ဟောင်း ဖြစ်တဲ့ စပိန် လာလီဂါ ထိပ်သီး ရီးရဲမက်ဒရစ် ဟာ Instagram မှာ ပရိသတ် အများဆုံး ကလပ် အသင်း အဖြစ် ရပ်တည် နေပြီး Follower ၇၇ သန်း ကျော် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ရဲ့ နောက် မှာတော့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ အသင်း က Follower ၇၆ သန်း နဲ့ ကပ်ပြီး ရပ်တည် နေခဲ့ ပါတယ် ။ ယူဗင်တပ် ကတော့ လက်ရှိ မှာ ပရိသတ် ၃၁ သန်း ကျော် ရှိပြီး မန်ချက်စတာ ယူနိုက်တက် ထက် အနည်းငယ် သာလွန် လာခဲ့ပြီ လို့ သိရ ပါတယ် ။ ယူနိုက်တက် ရဲ့ Instagram ဟာ ပရိသတ် ၃၁ သန်း ရှိပြီး ပဉ္စမ နေရာက PSG ထက် ၇ သန်း နီးပါး ပိုများ နေခဲ့ ပါတယ် ။

ရိုနယ်ဒို ကိုယ်တိုင် ဟာလည်း ဆိုရှယ် မီဒီယာ ပေါ်မှာ ပရိသတ် အင်အား အများအပြား ပိုင်ဆိုင် ထားပြီး Facebook, Twitter နဲ့ Instagram တို့ မှာ ပရိသတ်ပေါင်း သန်း ၁၃၀ ကျော် ရှိ နေကာ အားကစား သမား တွေ အနက် ပရိသတ် အများဆုံး ရှိသူ အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ယခု နွေရာသီ မှာ ဂိုးသမားဟောင်းကြီး ဘူဖွန် ကို ပြန်လည် ခေါ်ယူ ခဲ့သလို အာဆင်နယ် ကနေ စာချုပ် ပြည့် သွားတဲ့ အာရွန် ရမ်ဆေး ၊ နယ်သာလန် နဲ့ အိုင်ယက်စ် ကြယ်ပွင့်လေး ဒီလစ် ၊ PSG ရဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ တို့ ကို ခေါ်ယူ ထားခဲ့ ပါတယ် ။ အဆိုပါ ကစား သမားတွေ ဟာ လည်း ဆိုရှယ် မီဒီယာ ပေါ်မှာ ပရိသတ် တွေ များပြား တာကြောင့် အသင်းရဲ့ Follower အရေအတွက် ဟာ အခုလို များပြား တိုးတက် လာခဲ့ တာပဲ ဖြစ် ပါတယ် ။

ရိုနယ်ဒို က တော့ ယူဗင်တပ် နဲ့ ဒုတိယ မြောက် စီးရီးအေ ရာသီ ကို စတင် ဖြတ်သန်း နေပြီး အဖွင့်ပွဲ မှာ ဂိုးသွင်းနိုင် ခဲ့ ပေမယ့် VAR က ပယ်ဖျက် သွားခဲ့ ပါတယ် ။ ဒုတိယ မြောက် ပွဲ မှာတော့ ယူဗင်တပ် ဟာ နာပိုလီ နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ရိုနယ်ဒို တစ်ယောက် ဘယ်လို အစွမ်းပြ နိုင်မလဲ ဆိုတာ စောင့်ကြည့် ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR