လီဗာပူး နည်းပြ ယာဂန်ကလော့က နာပိုလီ ရက်ဘူးဆဲလ်ဘတ် နဲ့ ဂန့်တို့လည်း ပါဝင် နေတဲ့ ချန်ပီယံလိဂ် အုပ်စု E ဟာ တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့ အုပ်စု ဖြစ်တယ်လို့ ဆိုလိုက်ပြီး ချန်ပီယံလိဂ် မှာ လွယ်ကူတဲ့ အုပ်စု ဆိုတာ မရှိဘူးလို့ မှတ်ချက်ပေး ခဲ့ပါတယ်။

ဗာဂျယ်ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က စတီဗင်ဂျာရတ် နောက်ပိုင်း UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဆုကို ပထမဦးဆုံး ဆွတ်ခူးနိုင်တဲ့ လီဗာပူး အသင်းသား ဖြစ်လာ ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး နောက်ခံလူဟာ UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဆုကို ဆွတ်ခူး နိုင်တဲ့ ပထမဦးဆုံး ဒတ်ခ်ျ ကစားသမား ဖြစ်လာ ခဲ့ပါတယ်။

အက်ဒရီယန်က လီဗာပူး မန်နေဂျာ ယာဂန်ကလော့ နဲ့ သူ့ကစားသမား တွေရဲ့ ဆက်ဆံရေးဟာ မယုံကြည် နိုင်လောက်အောင် အကောင်းဆုံး အနေအထား ရှိနေတယ်လို့ ဆိုသွား ပါတယ်။

ဖာဘင်ညို က “ဘန်လေနဲ့ ကစား၇တာဟာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ ရာသီက တကယ့်ကို ခက်ခဲ ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ယုံကြည်မှု ပြည့်ဝနေပြီး လေးပွဲဆက် နိုင်ပွဲဟာ ရာသီသစ် မှာ အရမ်းကောင်းတဲ့ ခြေလှမ်း ဖြစ်လာမယ် ဆိုတာ သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အာဆင်နယ် နဲ့ပွဲက ပုံစံအတိုင်း ကစား သွားမှာပါ။”

မန်ချက်စတာစီးတီး တောင်ပံ တိုက်စစ် ကစားသမား ရာဟင်စတားလင်းဟာ UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဆုကို ဆွတ်ခူးနိုင်တဲ့ ပြိုင်ဘက် လီဗာပူး အသင်းရဲ့ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို ဂုဏ်ပြုစကား ပြောကြား ခဲ့ပါတယ်။

Van Dijk

UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဆုကို ရခဲ့တဲ့ ဗန်ဒိုက်ကို မာနေး က “ထိုက်တန်စွာ ရရှိခဲ့တာပါ လူထွားကြီးရေ။ ကောင်းလေးတွေ အားလုံး မင်းအတွက် ပျော်ရွှင် နေကြပါတယ်။ စကားမစပ် စနေနေ့မှာ အရေးကြီးတဲ့ ပွဲကစား ရမှာ ဖြစ်တာကြောင့် ပါတီပွဲတော့ ဆင်နွှဲဖို့ အချိန် မရှိပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ဂါရက်ဆောက်ဂိတ်က သူဟာ ထရန်အလက်ဇန်းဒါး အာနိုး အတွက် လမ်းကြောင်း တစ်ခု ဖန်တီးပေးဖို့ အတွက် ဘူဂေးရီးယား ၊ ကိုဆိုဗို တို့နဲ့ ခြေစစ်ပွဲတွေမှာ မန်စီးတီး နောက်ခံလူ ကိုင်းဝေါ်ကာကို မရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံ သွားပါတယ်။

လီဗာပူး အတွက် ၀တ်စုံစပွန်ဆာ အတွက် လက်ရှိ အချိန်မှာ Nike က တစ်ပြေး နေပြီး New Balance ကလည်း စာချုပ်သက်တမ်းတိုးဖို့ ချည်းကပ် နေပေမယ့် ဘယ်သူပဲ အသာရသွားသည် ဖြစ်စေ ဒါဟာ Adidas နဲ့ ယူနိုက်တက် တို့ရဲ့ တစ်နှစ်ပေါင် ၇၅ သန်းတန် စပွန်ဆာကြေးကို ကျော်ဖြတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက် အရ ကတော့ PFA လီဗာပူး နဲ့ ဘော်ဘီဒန်ကန် တို့ကြား ဖြစ်နေတဲ့ ပြသနာကို ကြားဝင် ဖြေရှင်းပေးသွားဖို့ အသင့် ဖြစ်နေတယ်လို့ သိရပြီး လာမည့် ၂၄ နာရီ အတွင်း Meeting တစ်ခု လုပ်သွားဖို့ အက်ဖ်အေ က စီစဉ်နေတယ်လို့ သိရပါတယ်။

နက်ဖီးလစ် က ပြီှးခဲ့တဲ့ နွေရာသီက သူ့အတွက် ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့်လည်း နည်းပြ ယာဂန်ကလော့ဟာ ဒီကမ်းလှမ်းမှုတွေကို သဘောမကျ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စတုတ်ဂတ်ရဲ့ အားကစား ဒါရိုက်တာ ဆဗန်မစ်လင်တက်ကို ဖုန်းဆက်ကာ ဘွန်ဒက်လီဂါ ကလပ်ကို အငှား ပြောင်းရွေ့နိုင်ရန် သူကိုယ်တိုင် စီစဉ် ပေးခဲ့တယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။

စပိန်နဲ့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အန်းနရစ်က သူ့ရဲ့ အသက် ၉ နှစ် အရွယ် သမီးလေးဟာ ကင်ဆာဝေဒနာကြောင့် ဆုံးပါး သွားခဲ့တယ်လို့ ၀မ်းနည်းဖွယ်ရာ သတင်းကို ကြေငြာသွား ခဲ့ပြီး လီဗာပူး အသင်း ကလည်း ၎င်းတို့ ကိုယ်စား ထပ်တူထပ်မျှ ၀မ်းနည်းရကြောင်း ကြေငြာချက် ထုတ်လိုက်ပါတယ်။

အလီဆွန်က “ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် လက်ရွေးစင် အသင်းနဲ့ အတူ ကိုပါအမေရိဖလား ဆွတ်ခူး နိုင်ခဲ့တာကြောင့် ဒါဟာ အရမ်းကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒီဆုဟာ ကျွန်တော့်အတွက် အရမ်းကို အရေးပါပါတယ်။ အသင်းဖော်တွေ ၊ လီဗာပူးမှာ ကျွန်တော်နဲ့ အလုပ်အတူ တွဲလုပ်တဲ့သူတွေ ၊ ဂိုးနည်းပြတွေတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ ရိုးမား မှာတုန်းကထက် ကျွန်တော့်ကို ပိုမို တိုးတက်အောင် အများကြီး ကူညီပေး ခဲ့ကြပါတယ်။ အခုဆိုရင် ကျွန်တော့် အနေနဲ့ နောက်ထပ် အကောင်းဆုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ဖို့ အတွက် အမြန်ဆုံး ပြန်ကစား နိုင်ဖို့ အားခဲ နေပါတယ်။”

တစ်နှစ်တာ အကောင်းဆုံး ဆုကို လက်ခံ ရယူခဲ့ပြီးနောက် ဗန်ဒိုက်က “ပထမဦးဆုံး ကျွန်တော့်အနေနဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ သူတို့တစ်တွေ မရှိဘဲ ဒီလို ၀န်ထမ်းတွေ မရှိဘဲ ပြီးခဲ့တဲ့ နှစ်အတွင်း ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစုကိုလည်း ကျေးဇူးတင် ရပါမယ်။ ရှည်လျားတဲ့ ခရီးလမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့် ခရီးလမ်းရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဘယ်လိုလူလဲ ဆိုတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကျွန်တော် ဒီလို အရာမျိုး လိုအပ်ပါတယ်။ ကျွန်တော်ဟာ အသက် ၁၈ နှစ် အရွယ် ကစားသမား မဟုတ်ပါဘူး။ ချက်ချင်းဆိုသလို ထိုးတက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ လမ်းကြောင်း တစ်လျှောက် တဆင့်ချင်း ကြိုးစား အားထုတ် ခဲ့၇ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပါ။ ကျွန်တော် ဒီဆု အတွက် အရမ်း ပျော်ရွှင် မိပါတယ်။ ဒီဆုကို ရယူ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိ ပါတယ်။ လမ်းကြောင်း တစ်လျှောက် ကျွန်တော့်ကို ကူညီ ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင် ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

၂၀၁၉-၂၀ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ လီဗာပူး တို့ ကစား သွားရမယ့် အုပ်စုပွဲစဉ် နေ့ရက်တွေ ထွက်ပေါ် လာခဲ့ပါတယ်။

စက်တင်ဘာ ၁၇ – နာပိုလီ Vs လီဗာပူး
အောက်တိုဘာ ၂ – လီဗာပူး Vs ဆဲလ်ဘတ်
အေက်တိုဘာ ၂၃ – ဂန့် Vs လီဗာပူး
နိုဝင်ဘာ ၅ – လီဗာပူး Vs ဂန့်
နိုဝင်ဘာ ၂၇ – လီဗာပူး Vs နာပိုလီ

SM