စပိန် နာမည်ကြီး နည်းပြတဦးဖြစ်တဲ့ ပက်ဂွာဒီယိုလာဟာ ဘာစီလိုနာ အသင်းကနေ ထွက်လာအပြီး ကတည်းက ချန်ပီယံ လိဂ်ပြိုင်ပွဲ မှာ အောင်မြင်မှုနဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။သူဟာ ဘိုင်ယန် ၊ မန်စီးတီး အသင်းတွေကို သက်ဆိုင်ရာပြည်တွင်းလိဂ်တွေမှာ ပြိုင်ဘက်ကင်း အနေအထားမျိုး စွမ်းဆောင်ပေးထားနိုင်ခဲ့ပေမယ့် ဥရောပအောင်မြင်မှု နဲ့တော့ လမိုင်းမကပ်ဖြစ်နေရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ် ချန်ပီယံလိဂ်မှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ချန်ပီယံ ဆုဖလားကြီးကို ကိုင်မြောက်နိုင်မှာဖြစ်တယ်လို့ လီဗာပူး တိုက်စစ်ကစားသမားဟောင်း မိုက်ကယ်အိုဝင် က ယုံကြည်နေပါတယ်။အိုဝင်ဟာ နောက်ပိုင်း နှစ်တွေ အတွင်း ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့်အသင်းကို တိတိကျကျခန့်မှန်းထားခဲ့ဖူးတာဖြစ်လို့ မန်စီးတီး ဖန်တွေအတွက် ရင်ခုန်စရာဖြစ်စေမှာတော့ သေချာပါတယ်။

ဒီအင်္ဂလန်သားကြီး ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဥရောပချန်ပီယံ လိဂဆုဖလားကြီးကို ရီးရဲလ် အသင်းက ရရှိသွားမယ်လို့ ကွက်တိ ခန့်မှန်းထားနိုင် ခဲ့တာ ဖြစ်ပြီး ယမန်နှစ်ရာသီတုန်းကလည်း လီဗာပူး အသင်းက ချန်ပီယံ ဖြစ်နိုင်တယ် လို့ တစ်ပေးပြောဆိုရာမှာ အမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရာသီသစ် ချန်ပီယံလိဂ်ပြိုင်ပွဲကြီး အတွက် အုပ်စု အဆင့် မဲခွဲမှုတွေကို ယမန်နေ့ ညက မိုနာကို မှာပြုလုပ်သွားခဲ့ပြီးဘမန်စီးတီးအသင်းက ရှက်တာဒိုးနက်စ်၊ဒိုင်နမိုဇာဂရတ်၊ အတ္တလန်တာ တို့နဲ့ အုပ်စု C အတွင်း မှာ ကျရောက်နေပါတယ်။အိုဝင်ကတော့အခုနှစ်အတွက် ချန်ပီယံ အသင်းအဖြစ် မန်စီးတီးကို ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

BT Sport နဲ့ အင်တာဗျူးမှာ အိုဝင်က – ” ချန်ပီယံဖြစ်လာမယ့် အသင်းက မန်စီးတီး လို့ ကျွန်တော်ထင်ပါတယ်။သူတို့ရဲ့ အချိန်ကို ရောက်နေပြီလို့ လည်းကျွန်တော်ယူဆပါတယ်။ဒီလို အနေအထားကို ရောက်ဖို့ သူတို့ အချိန် အကြာကြီး တည်းဆောက်လာခဲ့ရတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ကလည်း သူတို့ရဲ့ ဦးစားပေးပစ်မှတ်ဆိုတာ သေချာပါတယ်။

ထိပ်သီး အသင်းတိုင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေက ဦးစားပေးတွေဆိုတာမှန်ပေမယ့် မန်စီးတီး အသင်းကတော့ အတော်လေးကို ဆန္ဒပြင်းပြနေကြပြီဖြစ်ပါတယ်။လီဗာပူး အသင်းက ပရီးမီးယားလိဂ်ဆုဖလာကို အတော်လေးရယူချင်နေပြီး မန်စီးတီးကတော့ ချန်ပီယံလိဂ်ဖြစ်ပါတယ်။

လတ်တလော မန်စီးတီးအသင်းကို ကြည့်လိုက်ရင် သူတို့လို တည်ဆောက်နိုင်ဖို့ မလွယ်တာကို မြင်ရပါလိမ့်မယ်။သူတို့ဟာနည်းပြကြီးနဲ့ အတူ အတွေ့အကြုံကောင်းတွေ ပိုပိုရနေပြီး အသင်းသားတွေဆီကနေ လည်း ပိုပိုရနေပြီဖြစ်ပါတယ်။ဒီရာသီ ဟာသူတိုရဲ့ နှစ်ပဲ လို့ ကျွန်တော်ယူဆပါတယ်။

ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူသူတို့ဟာ လိဂ်အောင်မြင်မှုကြီးကိုရယူပြီးပါပြီ၊ သူကတော့ ချီးကျူးဂုဏ်ပြုခံရမှု တွေ တပွေ့တပိုက်နဲ့ တချိန်ချိန်မှာထွက်သွားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ အပတ်စဉ်ကြည့်ရမယ့် မန်စီးတီး အသင်းက သူထားခဲ့တဲ့ အမွေလည်းဖြစ်ပါတယ်။

အကယ်၍ မန်စီးတီး အသင်းချန်ပီယံလိဂ်မရခဲ့ရင်လည်း ဂွာဒီယိုလာ ကျရှူံးတယ်လို့ ကျွန်တော်မယူဆပါဘူး။ဘယ်လိုပပဲဖြစ်ဖြစ် ဒါကို သာ သူရအောင်လုပ်နိုင်ပြီးထွက်သွားခဲ့ရင် ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ကြပါဗျာ။ သူဟာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံးတွေထဲ တဦးအဖြစ် အသင်းကိုထားရစ်ခဲ့စေမှာဖြစ်ပါတယ်။

မန်စီးတီး အသင်းကို PSG နဲ့ ကျွန်တော် နှိုင်းယှဉ်ကြည့်ရမှာတော့ ပဲရစ်သားတွေ ဟာ လာမယ့် ၅နှစ်လောက် သို့မဟုတ် နှစ်အတန်ကြာတဲ့ အထိ ဒီပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်နိုင်လောက်သေးဘူးဆိုတာတွေ့ရပါတယ်။ဘာကြောင့်လည်းဆိုတော့ သူတို့ ရဲ့ကစားပုံစတိုင်ကြောင့်ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အဲ့ဒီအပိုင်းမှာ တိုးတက်နေခဲ့တာ ဖြစ်ပါတယ်။ပေးဂိုးမရှိပွဲတွေ အများကြီး ကစားထားနိုင်နေခဲ့ သလိုပဲ သူတို့ရဲ့ တိုက်စစ်ကလည်း ပြိုင်ဘက်တိုင်းကို စိစိညက်ညက် ကြေအောင် ချေမှုန်း နိုင်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။