ရီးယဲ မက်ဒရစ် အသင်း ရဲ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်နေ ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း မှာပဲ ဆက်လက် ရှိနေ လိမ့်မယ် လို့ ယုံကြည်ကြောင်း သရဲနီ ဘယ် နောက်ခံလူ ဟောင်း ပတ်ထရစ် အီဗရာ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါပေမယ့် သူဟာ ပရီးမီးယား လိဂ် မှာ ဘယ်လောက် ကြာမြင့်စွာ ကစား ပေးနိုင် မလဲ ဆိုတာ သူလည်း သေချာ မသိကြောင်း အီဗရာ က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။ ဒီနွေ အတွင်း ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ဖို့ အတွက် ရီးယဲ မက်ဒရစ် နဲ့ အသင်း ဟောင်း ဂျူဗင်တပ် တို့ အထူး စိတ်ဝင်စား ခဲ့ကြ ပါတယ် ။

ထို့အတူ ရီးယဲ မက်ဒရစ် အသင်း ကတော့ ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ဖို့ အတွက် အပြောင်း အရွှေ့ နောက်ဆုံး ရက် ဖြစ်တဲ့ စက်တင်ဘာ 2 ရက်နေ့ အထိ ကြိုးပမ်း သွားဖို့ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ဖက်က ကစားသမား ရဲ့ ပြောင်းရွှေ့ ကြေးကို ပေါင် 180 သန်း အထိ တိုးမြှင့် သတ်မှတ် ထားတာ ကြောင့် ပြင်သစ် လက်ရွေးစင် ကို ရယူ နိုင်ဖို့ မက်ဒရစ် သားတွေ အခက် တွေ့နေ ခဲ့ရ ပါတယ် ။

ဒီလ အစ တုန်းက ပဲ ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် မှာ ချစ်ခင် မှုတွေ ကို မရ ရှိ နေဘူး လို့ ခံစား နေ ရကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။ အခုတော့ ယူနိုက်တက် နောက်ခံလူ ဟောင်း က တစ်နိုင်ငံ တည်းသား ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဆက် နေဖို့ တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” ပေါလ် ဟာ အာရုံစိုက် နေခဲ့ ပါတယ် ။ ပေါလ် ဟာ မန်ချက်စတာ မှာ ရှိနေ ခဲ့သလို မန်ချက်စတာ မှာပဲ ဆက်လက် ရှိနေ ပါ လိမ့်မယ် ။ ဆွေးနွေ မှုတွေ ရှိနေ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် မှာ ဆက်နေ ဖို့က အသင်း အတွက် ရော သူ့ အတွက် ပါ ကောင်းမွန် ပါ လိမ့်မယ် ”

” အခုတော့ ကျွန်တော် တို့ ပွဲစဉ် တွေ အပေါ် ပဲ အာရုံ စိုက်ကြ ရ ပါ့မယ် ။ သူ ဆက် ရှိနေ မလား ဆိုတာ ကိုတော့ နောင်နှစ် တွေမှာ စောင့်ကြည့် ရတာ ပေါ့ ။ ဒါပေမယ့် လက်ရှိ အချိန် မှာတော့ ယူနိုက်တက် မှ ထွက်ခွာ နိုင်ဖို့ ဆိုတာ သူ့ အတွက် တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ”

” ရာသီ သစ် စတင် နေပြီး အပြောင်း အရွှေ့ ပိတ်သိမ်း ကာနီး မှာ အသင်း က ထွက်ခွာ ဖို့ ဆိုတာ ကောင်းမွန် တဲ့ အရာ တစ်ခု မဟုတ် ပါဘူး ။ ဒါ့ကြောင့် သူဟာ ယူနိုက်တက် နဲ့ အတူ ခမ်းနား တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ”

” ကျွန်တော် ပိုင်းခြား ပြီး ပြောနေတာ မဟုတ် ပါဘူး ။ ပေါလ် က ကျွန်တော့် ရဲ့ ညီငယ် တစ်ဦး ပါ ။ သူဟာ ကျွန်တော့် အတွက်တော့ အကောင်းဆုံး တစ်ယောက် ပါပဲ ။ အကယ်လို့ သူဟာ မန်ချက်စတာ မှာ မပျော်ဘူး ဆိုရင် ကျွန်တော် သူ့ကို အသင်း ပြောင်းဖို့ ပြောလိုက် မှာပါ ။ ဒါပေမယ့် လက်ရှိ အမှန်တရား တစ်ခု ကို ပြောရမယ် ဆိုရင် ကျွန်တော် သူ့ကို အသင်း မှာပဲ ရှိနေ စေချင် ပါတယ် ” လို့ အီဗရာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ 2019 – 20 ရာသီ သစ်မှာ ပရီးမီးယား လိဂ် ပွဲ 3 ပွဲ ကစား ထားပြီး နောက် တစ်ပွဲ နိုင် ၊ တစ်ပွဲ သရေ ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒီ တစ်ပါတ် မှာတော့ ယူနိုက်တက် တို့ ဆောက်သမ်တန် အသင်း နဲ့ ကစား သွား ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar