ဖရန့်ဖက် အသင်းရဲ့ ဘုတ် အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ အေဇဲလ် ဟဲလ်မန်း က ယူရို ပါလိဂ် အုပ်စု အဆင့် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တွေ့ဆုံ လိုကြောင်း ယူရို ပါလိဂ် ပြိုင်ပွဲ ရဲ့ မဲခွဲပွဲ မတိုင်မီ သူ့ရဲ့ ဆန္ဒ တွေကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဖရန့်ဖက် အသင်း ဟာ ခြေစစ်ပွဲ အဆင့် မှာ စထရပ်ဘော့ခ်ျ အသင်း ကို 1 – 0 ၊ 3 – 0 ဆိုတဲ့ ရလဒ် ၊ နှစ်ကျော့ ပေါင်း 3 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ အနိုင်ယူ နိုင် ခဲ့တဲ့ နောက် ယူရို ပါလိဂ် ပြိုင်ပွဲ ကို နှစ် ရာသီ ဆက် တက်လှမ်း နိုင်ခဲ့ ပါတယ် ။

ဒီ ရာသီ အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဟော်လာ နဲ့ လူကာ ဂျိုဗစ် တို့ကို ဆုံးရှုံး ထားတဲ့ ဖရန့်ဖက် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူရို ပါလိဂ် ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ ပြီး ချဲလ်ဆီး ကို ဆီမီး ဖိုင်နယ် အဆင့် မှာ ပင်နယ်တီ အဆုံး အဖြတ် နဲ့ ရှုံးနိမ့် ထားခဲ့ ပါတယ် ။

စထရပ်ဘော့ခ်ျ အသင်း ကို အနိုင်ယူ ခဲ့တဲ့ ပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲ မှာတော့ ဟဲလ်မန်း က …

” ကျွန်တော် တို့ ဒီနေ့ ပြဇာတ် ဆန်တဲ့ ပွဲ တစ်ခု ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒီ ပြိုင်ပွဲ မှာက ကောင်းမွန် တဲ့ ခံစားချက် တွေ ရှိနေ ပါတယ် ။ ဒါကို ကျွန်တော့် ကစားသမား တွေ ဒုတိယ အကြိမ် ခံစား ကြရ တော့မှာ ပါ ။ ဒါကို ဘွန်ဒက်စ် လီဂါ နဲ့ နှိုင်းယှဉ် ဖို့ ခက်ခဲ လှ ပါတယ် ”

” ကျွန်တော် တို့ မဲခွဲပွဲ ရဲ့ အုပ်စု အဆင့် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ ကျရောက် လိုကြ ပါတယ် ။ကျွန်တော် တို့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချဲလ်ဆီး နဲ့ ရင်ဆိုင် ခဲ့ရ သလို မျိုး ဒီနှစ် ယူနိုက်တက် နဲ့ ရင်ဆိုင် ကစား ရဖို့ ဆိုတာ အိပ်မက် တစ်ခု ပါပဲ ” လို့ ဟဲလ်မန်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဖရန့်ဖတ် ဘုတ် အဖွဲ့ဝင် ဟဲလ်မန်း နည်းတူ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ယူနိုက်တက် နဲ့ တစ် အုပ်စု ထဲ ကျရောက် လိုကြောင်း ပြောကြား သွားတဲ့ နောက် တစ်ဦး ကတော့ လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ၊ လက်ရှိ ရိန်ဂျားစ် အသင်း ရဲ့ နည်းပြ စတီဗင် ဂျရတ် ပဲ ဖြစ် ပါတယ် ။

ရိန်းဂျားစ် အသင်း ဟာ ယူရို ပါလိဂ် ခြေစစ်ပွဲ အဆင့် မှာ လက်ဂီယာ ဝါဆော အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး ပထမ အကျော့ မှာ 0 – 0 ဆိုတဲ့ သရေ ရလဒ် ၊ ဒုတိယ အကျော့ မှာ 1 – 0 ဆိုတဲ့ နိုင်ပွဲ ၊ နှစ်ကျော့ ပေါင်း 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အုပ်စု အဆင့် ကို တက်ရောက် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

ရိန်းဂျားစ် အသင်း ဟာလည်း ဖရန့်ဖက် အသင်း နည်းတူ ယူရို ပါလိဂ် ပြိုင်ပွဲ ကို နှစ် ရာသီ ဆက် ဝင်ရောက် ယှဉ်ပြိုင် ခွင့် ရရှိ နိုင် ခဲ့တဲ့ အသင်း ပဲ ဖြစ် ပါတယ် ။ ဝါဆော အသင်း နဲ့ နိုင်ပွဲ အပြီး အင်တာဗျူး မှာတော့ လီဗာပူး ဂန္ဓဝင် ဂျရတ် က အိုးလ် ထရပ်ဖို့ ဒ် ကို နောက် တစ်ကြိမ် သွားရ မယ့် အရေး ကို နှစ်သက် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းကို နောက် တစ်ကြိမ် သွားရောက် ပြီး ယူနိုက်တက် နဲ့ ကစား ဖို့ ၊ ဘက်စ်ကား အကွက် သုံး ခံစစ် ပိတ် ကစား သွားဖို့ စိတ် စနိုး စနောင့် ဖြစ်နေ မှာ မဟုတ် ပါဘူး ”

” ပြီးခဲ့တဲ့ ရာသီ အဆုံး မှာ ကျွန်တော် တို့ အသင်း ရဲ့ အနေအထား ကို ခင်ဗျား တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ အသင်း ကို အခုလို တည်ဆောက် နိုင် ခဲ့တဲ့ အတွက် ကျွန်တော့် ထက် ပိုပြီး ဂုဏ်ယူ နေမယ့် သူ ရှိ နေမှာ မဟုတ် ပါဘူး ”

” ကျွန်တော် ဒီ တာဝန် ကို ယူခဲ့ ရတဲ့ အကြောင်း အရင်း တစ်ခု က အသင်း ကို အထောက်အပံ့ ပေးနိုင် ဖို့ ပါပဲ ။ ပြင်ပ မှာတော့ ကျွန်တော် တို့ တွေဟာ ပရိသတ် တွေရဲ့ နာကျင်မှု ၊ မကျေ မနပ် အသံ တွေကို ကြားခဲ့ ရတယ် လေ ။ ကျွန်တော် ဒီ အသင်း ဆီ အကူအညီ ပေးနိုင် ဖို့ ရောက်ရှိ လာတာ ပါ ”

” ဒီနေ့ ညလို အခိုက် အတန့် တွေက ကျွန်တော့် ကို ဂုဏ်ယူ လိုစိတ် တွေ ဖြစ်ပေါ် စေ ပါတယ် ။ ကျွန်တော် ဒီမှာ ရှိနေ ခြင်းက ထိုက်တန် တယ် ဆိုတဲ့ ခံစားချက် ကို ဖြစ်ပေါ် စေ ပါတယ် ။ ကျွန်တော် ဒီ အသင်း ကို ကိုင်တွယ် နေရ တဲ့ အတွက် ပျော်ရွှင် ဝမ်းမြောက် ရ ပါတယ် ”

” ပုဂ္ဂိုလ်ရေး အရ ပြောရရင် ကျွန်တော် အခုလို ညတွေ ကို နှစ်သက် လှ ပါတယ် ။ ကျွန်တော့် ကစားသမား တွေ ပရိသတ် ပေါင်း 47,000 အရှေ့ မှာ အောင်ပွဲ ခံနေ ခြင်းက စိတ်လှုပ်ရှား မှုတွေ ကို ဖြစ်ပေါ် စေတယ် လေ ။ ကျွန်တော် ဒီ ကလပ် ရဲ့ မန်နေဂျာ ဖြစ်နေ ရတဲ့ အတွက် ဂုဏ်ယူ မိ ပါတယ် ” လို့ ဂျရတ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar