မနေ့ညက ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲ ပွဲစဉ် အပြီး မှာ ချယ်လ်ဆီး အသင်း ဟာ အုပ်စု သိပ်မချောင် တဲ့ အနေအထား မှာ ရှိနေပြီး နယ်သာလန်လိဂ် ချန်ပီယံ အေဂျက်ဇ် အသင်း ၊ လာလီဂါ ကလပ် ဗလင်စီယာ အသင်း ၊ လီဂူးဝမ်း ကလပ် လိုင်လီ အသင်း တွေနဲ့ တအုပ်စုတည်း ကျရောက် လို့ နေပါတယ် ။

 

 

ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရလို့ အဓိက ကစားသမား တချို့ ရဲ့ နေရာ အတွက် မဖြည့်တင်း နိုင်ပေမယ့် ချယ်လ်ဆီး အသင်း ဟာ ဟာဇတ် ၊ ဒေးဗစ် လူးဝဇ် တို့က လွဲရင် ကျန်တဲ့ စီနီယာ ကစားသမား အားလုံး ကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ပါတယ် ။ ထို့အပြင် လူငယ် ခြေတက် တွေ ဖြစ်ကြတဲ့ အေဘရာဟမ် ၊ မေဆင်မောင့် ၊ ပူလီဆစ် တို့ ဦးဆောင် နေတဲ့ ချယ်လ်ဆီး တိုက်စစ် ကရော ဒီ ရာသီ ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံလိဂ် ရပ်တည်မှု ကို ဘယ် အဆင့် ထိ ဆွဲတင် ပေးမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

ထို့အပြင် လမ်းပတ် ဟာ သူ့ရဲ့ ကစားသမား ဘဝ က ချန်ပီယံလိဂ် အတွေ့အကြုံ တွေကို နည်းပြ ဘဝ မှာရော ဘယ်လိုမျိုး လက်တွေ့ အသုံးချပြီး ချယ်လ်ဆီး အသင်း အတွက် ကူညီ ပေးမလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်းနေပါတယ် ။ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က ချယ်လ်ဆီး အသင်း နဲ့ လမ်းပတ် တို့ ချန်ပီယံလိဂ် အုပ်စု အဆင့် ကို လွန်မြောက် နိုင်မလား ဆိုတာ အခုလိုပဲ မှတ်ချက် ပေးခဲ့ပါတယ် ။

အိုဝင် က ” ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ကို ကျော်ဖြတ် တဲ့ နေရာ မှာ အရမ်း ထူးချွန်တဲ့ အသင်း ဖြစ်ပါတယ် ။ ဖရန့် လမ်းပတ် ဟာလည်း သူ့ရဲ့ မန်နေဂျာ ဘဝ ရဲ့ ပထမဆုံး အရမ်း အရမ်း ကြီးမားလွန်းတဲ့ အလုပ် မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် အသင်း ကို လမ်းညွှန် ပေးရမှာ ဖြစ်လို့ အတော်လည်း ဝမ်းသာ နေမယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ”

” သူတို့မှာ တကယ့် ကြီးကျယ် ခမ်းနားတဲ့ ကစားသမား အစုအဖွဲ့ ရှိနေတုန်းပါပဲ ။ ဟုတ်ပါတယ် ။ ဟာဇတ် ထွက်ခွာ သွားတာ က သူတို့ အတွက် တကယ် ကို ကြီးမားတဲ့ ထိုးနှက်ချက် ဆိုတာ မှန်ပါတယ် ။ အထူးသဖြင့် နောက်ထပ် ပိုပြီး ခက်ခဲတဲ့ ရှုံးထွက် အဆင့် တွေမှာဆို သူတို့ရဲ့ ခြေစွမ်း က လိုအပ်ချက် ရှိနေသေးတယ် ဆိုတာ ထင်ရှား ပေါ်လွင် လာမှာ ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် တော့တင်ဟမ် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က တဦးကောင်း ပုံစံမျိုး နဲ့ ကစားသမား တွေ မရှိပဲ ချန်ပီယံလိဂ် ဖိုင်နယ် ကို တက်ရောက်အောင် စွမ်းဆောင် ပြသွား ခဲ့ပါတယ် ။ ဒီလို စွမ်းဆောင် ပြနိုင်ဖို့ အတွက် ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲမယ့် အသင်း စာရင်း မှာ ပါဝင် နေဖို့ မလိုပါဘူး ။ ဒီလိုမျိုး ဖေးဘရိတ် ဖြစ်နေစရာ မလိုဘူး ဆိုတာ အေဂျက်ဇ် အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ က ပြသခဲ့ပြီးပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တွေကို လာမယ့် စက်တင်ဘာ လ ၁၇ ရက်နေ့ မှာ စတင် ကစား သွားမှာ ဖြစ်ပါတယ် ။ ယခု တပတ် အတွက် ပြည်တွင်းလိဂ် ပွဲစဉ် တွေ ကစားပြီးရင်တော့ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ် ။ ထိုကာလ အပြီးမှာ ဒဏ်ရာ က အပြီး ပြန်လည် သက်သာ လာဖို့ ရှိတဲ့ ရူဒီဂါ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိစ်ဂျိမ်းစ် တို့ကြောင့် ချယ်လ်ဆီး အသင်း ရဲ့ ကစားသမား အင်အား ထပ်မံ တောင့်တင်း လာဖို့ ရှိနေပါသေးတယ် ။

မနက်ဖြန် ညမှာတော့ ချယ်လ်ဆီး အသင်း ဟာ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ချယ်လ်ဆီး အသင်း ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ညမှာ ဗလင်စီယာ အသင်း ကို အိမ်ကွင်း မှာ စတင် လက်ခံ ကစား ရဖို့ ရှိနေပါတယ် ။

SPORTS MYANMAR