ျပီးခဲ႔တဲ႔ ဇြန္လ ၂၃ရက္ေန့မွာ ကမၻာတဝန္းလံုးက စိတ္ဝင္စားအာရံုစိုက္ျခင္းခံရတဲ႔ ကိစၥတခုျဖစ္ပြားသြားခဲ႔ပါတယ္။အဆိုပါ ကိစၥဟာထိုင္းႏိုင္ငံနဲ႔ ျမန္မာနိုင္ငံကို ပိုင္းျခားထားတဲ႔ သမ္လူအန္း ဂူအတြင္းမွာျဖစ္ပြားသြားခဲ႔တာျဖစ္ပါတယ္။

အဆိုပါဂူဟာ ထိုင္းႏိုင္ငံအတြင္းမွာစတုတၲေျမာက္အျကီးမားဆံုး လိုဏ္ ဂူျဖစ္ျပီး ခ်င္းရိုင္ခရိုင္ ရဲ႕ေတာဝက္ရိုင္း ေဘာလံုးအသင္းဝင္ ကေလး၁၂ေယာက္နဲ႔ နညး္ျပျဖစ္သူတို့ က
ဝင္ေရာက္ေလ့လာရာကေန ဒီကမၻာေက်ာ္ျဖစ္ရပ္ေပၚ ေပါက္လာခဲ႔တာျဖစ္ပါတယ္။

သူတို့အားလံုး ဂူအတြင္းကိုဝင္ေရာက္ခဲ႔အျပီး မွာထိုေဒသတဝိုက္မွာမိုးသည္းထန္စြာ ရြာသြန္းခဲ႔လို့၁၈ရက္ျကာပိတ္မိေနခဲ႔ျပီး ကမၻာ့တဝန္းလံုးက ကယ္ဆယ္ေရးအဖြဲ႕ေတြကပူးေပါင္း ကယ္ဆယ္ခဲ႔ရတာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ အေမရိကန္ ရုပ္သံ အစီအစဥ္တခုကေန သူတို့ကို ဖိတ္ေခၚျပီး ထုိစဥ္ကအေျကာင္းေတြကို ေမးျမန္းသြားခဲ႔ပါတယ္။

ဒီအစဥ္မွာအထူးဧည့္သည္အျဖစ္ပါဝင္ခဲ႔တဲ႔ အီဗရာဟီမိုဗစ္က – – – “ဒီအသင္းဟာ က်ြန္ေတာ့္ထက္ ပိုျပီး သတၲိေကာင္းတဲ႔သူေတြပါ။ဒါ့အျပင္ သူတို့ဟာ အသင္းလိုက္စုေပါင္းအင္အားကို လည္းျပသနိုင္ခဲ႔ပါတယ္။သူတို့ကို ကမၻာ့အေကာင္းဆံုးအသင္းလို့ေတာင္ေျပာလို႔ရပါတယ္”လို့ ခ်ီးက်ဴးသြားခဲ႔ပါတယ္။

အခုလိုဘာေျကာင့္ ဝင္ေရာက္ေလ့ခလာျဖစ္ခဲ႔တာလည္းဆိုတဲ႔ေမးခြန္းကိုေတာ့ ေတာဝက္ရိုင္းအသင္းရဲ႕နည္းျပခ်န္တာဝမ္က – – – “ဒီေနရာဟာ ကမၻာလွည့္ခရီးသည္ေတြကို စြဲေဆာင္တဲေလ႔ရွိတဲ႔ ေနရာတခုျဖစ္ပါတယ္။အသင္းထဲက ကေလးအခ်ိဳ႕ကလည္း ဒီအထဲကို မေရာက္ဖူးျကပါဘူး။ဒါေျကာင့္ အထဲမွာဘာေတြရွိတယ္ဆိုတာကိုျမင္ေတြ႕ခ်င္လို့ အခုလိုဆံုးျဖတ္ခဲ႔ျကတာျဖစ္ပါတယ္”လို့ေျပာျပခဲ႔ပါတယ္။

အခုလို အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဂူအတြင္း ဘယ္လိုစိတ္ဓာတ္မ်ိဳးနဲ႔ ျကံ့ျက့ံခိုင္ေနထိုင္ခ႔ဲျကလဲ လို့ေမးျမန္းရာမွာေတာ့အသင္းသား ကေလးငယ္တဦးက- – – “နည္းျပဆရာက က်ြန္ေတာ္တို့ကို ဘုရားထံ ဆုေတာင္းဖို့၊ စိတ္ျငိမ္ေအာင္တရားထိုင္ဖို့ ေျပာပါတယ္။ဒါမွလည္း ဒီအထဲမွာ စိတ္ေအးေအးနဲ႔ ဆက္ေနႏိုင္မွာျဖစ္ျပီး ေနာက္ထပ္ပြဲစဥ္ေတြအတြက္ အစီအစဥ္ခ်
မွတ္နိုင္မွာျဖစ္ပါတယ္” လို့ေျပာျပခဲ႔ပါတယ္။

သူတို့ကို ကယ္တင္ခဲ႔ပံုအေသးစိတ္ကိုျပန္ေျပာခိုင္းရာမွာေတာ့ ကေလးအခ်ိဳ႕က သူတို့ဟာ လိုဏ္ဂူအထဲမွာ တည္တည္ျငိမ္ျငိမ္နဲ႔ရွိခဲ႔ေျကာင္း၊ အလင္းေရာင္မရွိပဲ ေမွာင္မိုက္လြန္းေနလို့ ဘာတခုမွ မမွတ္မိေတာ့ေျကာင္းေျပာျပပါတယ္။

ေမဂ်ာလိဂ္ကလပ္ LA ဂလက္စီ အသင္းရဲ႕ ဝါရင့္ တိုက္စစ္မွဴး မိုဗစိဟာ အဆိုပါ ေတာဝက္ရိုင္းေဘာလံုး အသင္းကို ဖိတ္ေခၚျပီး ေလ့က်င့္မွဳေတြ အတူျပဳလုပ္ခဲ႔တယ္လို့ လည္းသိရပါတယ္။

Unicode

ထိုင်းတောဝက်ရိုင်းဘောလုံးအသင်းကို ကမ္ဘာ့အကောင်းဆုံး အသင်းလို့ချီးကျူးစကားဆိုခဲ့တဲ့ #ဇလာတန်
==============================

ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့မှာ ကမ္ဘာတဝန်းလုံးက စိတ်ဝင်စားအာရုံစိုက်ခြင်းခံရတဲ့ ကိစ္စတခုဖြစ်ပွားသွားခဲ့ပါတယ်။အဆိုပါ ကိစ္စဟာထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ပိုင်းခြားထားတဲ့ သမ်လူအန်း ဂူအတွင်းမှာဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဂူဟာ ထိုင်းနိုင်ငံအတွင်းမှာစတုတ္တမြောက်အကြီးမားဆုံး လိုဏ် ဂူဖြစ်ပြီး ချင်းရိုင်ခရိုင် ရဲ့တောဝက်ရိုင်း ဘောလုံးအသင်းဝင် ကလေး၁၂ယောက်နဲ့ နညး်ပြဖြစ်သူတို့ က
ဝင်ရောက်လေ့လာရာကနေ ဒီကမ္ဘာကျော်ဖြစ်ရပ်ပေါ် ပေါက်လာခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံး ဂူအတွင်းကိုဝင်ရောက်ခဲ့အပြီး မှာထိုဒေသတဝိုက်မှာမိုးသည်းထန်စွာ ရွာသွန်းခဲ့လို့၁၈ရက်ကြာပိတ်မိနေခဲ့ပြီး ကမ္ဘာ့တဝန်းလုံးက ကယ်ဆယ်ရေးအဖွဲ့တွေကပူးပေါင်း ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။

အခုချိန်မှာတော့ အမေရိကန် ရုပ်သံ အစီအစဉ်တခုကနေ သူတို့ကို ဖိတ်ခေါ်ပြီး ထိုစဉ်ကအကြောင်းတွေကို မေးမြန်းသွားခဲ့ပါတယ်။

ဒီအစဉ်မှာအထူးဧည့်သည်အဖြစ်ပါဝင်ခဲ့တဲ့ အီဗရာဟီမိုဗစ်က – – – “ဒီအသင်းဟာ ကျွန်တော့်ထက် ပိုပြီး သတ္တိကောင်းတဲ့သူတွေပါ။ဒါ့အပြင် သူတို့ဟာ အသင်းလိုက်စုပေါင်းအင်အားကို လည်းပြသနိုင်ခဲ့ပါတယ်။သူတို့ကို ကမ္ဘာ့အကောင်းဆုံးအသင်းလို့တောင်ပြောလို့ရပါတယ်”လို့ ချီးကျူးသွားခဲ့ပါတယ်။

အခုလိုဘာကြောင့် ဝင်ရောက်လေ့ခလာဖြစ်ခဲ့တာလည်းဆိုတဲ့မေးခွန်းကိုတော့ တောဝက်ရိုင်းအသင်းရဲ့နည်းပြချန်တာဝမ်က – – – “ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်တဲလေ့ရှိတဲ့ နေရာတခုဖြစ်ပါတယ်။အသင်းထဲက ကလေးအချို့ကလည်း ဒီအထဲကို မရောက်ဖူးကြပါဘူး။ဒါကြောင့် အထဲမှာဘာတွေရှိတယ်ဆိုတာကိုမြင်တွေ့ချင်လို့ အခုလိုဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်”လို့ပြောပြခဲ့ပါတယ်။

အခုလို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ ဂူအတွင်း ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကြံ့ကြ့ံခိုင်နေထိုင်ခဲ့ကြလဲ လို့မေးမြန်းရာမှာတော့အသင်းသား ကလေးငယ်တဦးက- – – “နည်းပြဆရာက ကျွန်တော်တို့ကို ဘုရားထံ ဆုတောင်းဖို့၊ စိတ်ငြိမ်အောင်တရားထိုင်ဖို့ ပြောပါတယ်။ဒါမှလည်း ဒီအထဲမှာ စိတ်အေးအေးနဲ့ ဆက်နေနိုင်မှာဖြစ်ပြီး နောက်ထပ်ပွဲစဉ်တွေအတွက် အစီအစဉ်ချ
မှတ်နိုင်မှာဖြစ်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

သူတို့ကို ကယ်တင်ခဲ့ပုံအသေးစိတ်ကိုပြန်ပြောခိုင်းရာမှာတော့ ကလေးအချို့က သူတို့ဟာ လိုဏ်ဂူအထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့ကြောင်း၊ အလင်းရောင်မရှိပဲ မှောင်မိုက်လွန်းနေလို့ ဘာတခုမှ မမှတ်မိတော့ကြောင်းပြောပြပါတယ်။

မေဂျာလိဂ်ကလပ် LA ဂလက်စီ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး မိုဗစိဟာ အဆိုပါ တောဝက်ရိုင်းဘောလုံး အသင်းကို ဖိတ်ခေါ်ပြီး လေ့ကျင့်မှုတွေ အတူပြုလုပ်ခဲ့တယ်လို့ လည်းသိရပါတယ်။