မန်ချက်စတာ ယူနိုက်တက် မှာ ကစား ခဲ့စဉ် တုန်းက ရိုမီရို လူကာကူ ဟာ ကိုယ်ခန္ဓာ အလေးချိန် ကြီးမား လွန်းမှု ကြောင့် နှေးကွေး လေးလံ ခဲ့ပြီး ဝေဖန်မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။ ဘယ်ဂျီယံ တိုက်စစ်မှုး ဟာ ၂၀၁၈ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွက် ပြင်ဆင် လေ့ကျင့်ရင်း တက်လာခဲ့တဲ့ အလေးချိန် ကို ပြန်မချနိုင် ခဲ့တာ ကြောင့် ပရီးမီးယားလိဂ် မှာ အဆင်မပြေ မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။

 

ဒါပေမယ့် အခု အချိန် မှာတော့ လူကာကူ ဟာ အကောင်းဆုံး ညွှန်ပြသူ နဲ့ ဆုံတွေ့ ခဲ့ပြီ လို့ ဆိုရ မှာပါ ။ အင်တာ မီလန် ကို ပြောင်းရွှေ့ လာခဲ့တာ ရက်သတ္တပတ် အနည်းငယ် သာ ကြာသေး ပေမယ့် လူကာကူ ဟာ ယခင် က ပိုပြီး ပိန်သွားခဲ့ ကာ ၀ိတ်လည်း ကျလာခဲ့ တယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ ဟောင်း ကွန်တီ ဟာ ပြင်းးထန်တဲ့ လေ့ကျင့်ခန်း တွေ ကို လုပ်ဆောင် စေတတ်သူ ဖြစ်သလို စည်းကမ်းလည်း ကြီးတာ ကြောင့် ကစား သမားတွေ ဟာ ကွန်တီ လက်အောက် မှာ ပြင်းပြင်း ထန်ထန် လေ့ကျင့် ခဲ့ကြရ ပါတယ် ။ အခု အချိန် မှာ ကွန်တီ ဟာ လူကာကူ ရဲ့ အစား အသောက် ပုံစံ ကို ပြောင်းလဲ စေခဲ့ သလို ၀ိတ်ကျ စေမယ့် လေ့ကျင့်ခန်း တွေ ကိုလည်း ပြုလုပ် စေခဲ့ တာကြောင့် ဘယ်ဂျီယံသား ရဲ့ အချိုး အဆစ်တွေ စတင် ပြောင်းလဲ လာခဲ့ တာပဲ ဖြစ် ပါတယ် ။

ယမန်နေ့ က ပေါ်ထွက် လာခဲ့တဲ့ သတင်း အရ လူကာကူ ဟာ အင်တာ မီလန် ကို ပြောင်းရွှေ့ လာအပြီး မှာ စတုန်ဝက် ( ၇ ပေါင် ) ခန့် ၀ိတ်ကျ သွားခဲ့ပြီး ယခင် က ထက် ပိုမို သွက်လက် လာခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ လူကာကူ ဟာ ယူနိုက်တက် မှာ နောက်ဆုံး ကစားခဲ့စဉ် က အ၀လွန် နေတယ်လို့ ဝေဖန် ခံခဲ့ ရပြီး ၁၀၄ ကီလို ဂရမ် အထိ ရှိ နေခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒီလိုမျိုး အ၀လွန် နေမှု ကြောင့် လူကာကူ ဟာ ဆိုးရှား ရဲ့ မြန်နှုန်း တင် ကစားကွက် မှာ အံ့ဝင် ဖို့ အဆင် မပြေ တော့ဘဲ အသင်း ပြောင်းရွှေ့ ဖို့ ဖြစ်လာ ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် နောက်ခံလူ ဟောင်း ဂယ်ရီ နဗီးလ် ကလည်း လူကာကူ ရဲ့ လေးလံမှု ကို ဝေဖန် ပြောဆို ခဲ့ဖူး သူ ဖြစ် ပါတယ် ။

ကွန်တီ ဟာ သူ့ရဲ့ ကစား သမားတွေ ကို သေချာ သတ်မှတ် ထားတဲ့ အစား အသောက်တွေ ကိုသာ သုံးဆောင် ဖို့ ညွှန်ကြား ထားပြီး ဆီကြော်တွေ ၊ အရက် ပါဝင်တဲ့ ဖျော်ရည် တွေ ကို လုံးဝ ရှောင်ရှား ဖို့ သတိပေး ထားတယ် လို့ သိရ ပါတယ် ။ လူကာကူ ကတော့ ကွန်တီ နဲ့ တွေ့ အပြီး တစ်လ မပြည့်ခင် မှာပဲ အဲဗာတန် တုန်းက ခန္ဓာကိုယ်မျိုး ကို ပြန်လည် ပိုင်ဆိုင် နိုင် မယ့် အလားအလာ တွေ တွေ့မြင် လာခဲ့ ရ ပါတယ် ။

အင်တာ မီလန် ဟာ ပွဲစဉ် ( ၁ ) မှာ ၄ ဂိုးပြတ် အနိုင် ရရှိမှု နဲ့ အတူ စီးရီးအေ အမှတ်ပေး ဇယား ကို ဦးဆောင် ထားနိုင် ခဲ့ ပါတယ် ။ အင်တာ ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ကိုလည်း တစ်ရာသီ အငှား ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်တာ ကြောင့် လူကာကူ အနေနဲ့ ယူနိုက်တက် မှာ အဆင်မပြေ ခဲ့တဲ့ ဘ၀တူ အသင်းဖော် နဲ့ ပြန်လည် ဆုံတွေ့ ရတော့ မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR