လက်ရှိ LA ဂလက်ဇီ အသင်းမှာ ကစား နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဟောင်း ဇလာတန် အီဗရာဟီ မိုဗစ် က အိုးလ် ထရပ်ဖို့ဒ် ကို ပြန်လည် လာရောက် ကစား လိုတဲ့ အကြောင်း အရိပ် အမြွတ် ပြောကြား ခဲ့ပါ သေးတယ် ။

မိုဗစ် ဟာ LA ဂလက်ဇီ အသင်း အတွက် 49 ပွဲ ကစား ပေးခဲ့ ရာမှာ 46 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် သူ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ ပထမဆုံး ရာသီ မှာ ပြိုင်ပွဲစုံ 28 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ ဒီနွေ အတွင်း တိုက်စစ် ကစား သမား တွေ ဖြစ်ကြ တဲ့ အလက်ဆစ် ဆန်းချက် နဲ့ လူကာကူ တို့ကို အင်တာ မီလန် အသင်း ဆီ ဆုံးရှုံး ထားခဲ့ ရာ ပရိသတ် တွေနဲ့ သတင်း သုံးသပ် သူတွေ က တိုက်စစ် ကစားသမား ခေါ်ယူ ဖို့ ဆိုးလ်ရှား ကို တိုက်တွန်း ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဆောက်သမ်တန် နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်း ပွဲမှာ ဇလာတန် အနေ နဲ့ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ဖို့ အမှန်တစ်ကယ် စိတ်ဝင်စား ပါက သူ့ဆီ ဖုန်းဆက် လို့ ရနိုင် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ သူဟာ နောက်လ မှာ 38 နှစ် ပြည့်မှာ မဟုတ်ပဲ 28 သာ ရှိမယ် ဆိုရင် ကြီးမား တဲ့ ခြားနားချက် တစ်ခု ရှိ နေမှာ ပါ ။ ဇလာတန် ဟာ ဒီမှာ ခမ်းနား တဲ့ အချိန် တွေကို ပိုင်ဆိုင် ခဲ့ ပါတယ် ။ သူ အခု ထက်ထိ လည်း ကောင်း နေဆဲ ပါပဲ ။ သူ ဒီမှာ ဒဏ်ရာ ရရှိ ခဲ့တာ ကတော့ ကံဆိုး ခဲ့ခြင်း ပါပဲ ”

” သူ ကျွန်တော့် နံပါတ် ကို သိ ပါတယ် ။ ကျွန်တော့် ရဲ့ အငှား အိမ် ကိုလည်း သူ သိ ပါတယ် ။ ကျွန်တော် တို့ဟာ တူညီ တဲ့ ဘာသာ စကား ကိုလည်း ပြောတက် ကြ ပါတယ် ။ အကယ်လို့ သူသာ ဒီ ကိစ္စ ကို အတည် ဖြစ်ချင် နေတယ် ဆိုရင် ကျွန်တော် တို့ စကား ပြောလို့ ရနိုင် ပါတယ် ”

” အဲ့တာ က ဖြစ်ပွား လာ လိမ့်မယ် လို့ ကျွန်တော် မထင် မိပါဘူး ။ သူဟာ အသင်း မှာ သူ့ရဲ့ ကောင်းမွန် တဲ့ အချိန် တွေကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ သူဟာ ဒီ ကလပ် မှာ ကောင်းမွန် လှတဲ့ ကစားသမား ဘဝ ကို ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အသင်း ရဲ့ ဗဟို နောက်ခံလူ ခရစ် စမောလင်း က ရိုးမား အသင်း ဆီ အငှား ပြောင်းရွှေ့ သွားဖို့ ရှိနေ ကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒီ အခွင့်အရေး ဟာ လွန်ခဲ့တဲ့ နှစ်ရက် လောက်က ခရစ် အတွက် ပေါ်ပေါက် လာခဲ့ တာပါ ။ ကျွန်တော် တို့ အဲ့ဒီ အကြောင်း ထိုင်ပြီး ဆွေးနွေး ခဲ့ကြ ပါတယ် ။ လက်ရှိ အချိန် မှာ ကျွန်တော် တို့ဟာ ဗဟို ခံစစ် ကစားသမား 6 ဦး အထိ ပိုင်ဆိုင် ထား ကြတယ် လေ ”

” ဒါ့ကြောင့် ကျွန်တော် ခရစ် ကို ပုံမှန် ပွဲထွက် ခွင့် ရရှိ လိမ့်မယ် ဆိုတဲ့ အာမခံ ချက် မပေးနိုင် ပါဘူး ။ ဒါ့ကြောင့် သူဟာ ဆေးစစ် မှု ပြုလုပ် ဖို့ အတွက် လေယာဉ် ပေါ်မှာ ရောက်နေ တော့မှာ ပဲ ဖြစ် ပါတယ် ”

” သူဟာ ဒီ အတွေ့ အကြုံ တွေကို ပျော်ရွှင် ခံစား နိုင် လိမ့်မယ် လို့ ထင် ပါတယ် ။ ဒါဟာ ကြီးမား တဲ့ ကလပ် တစ်ခု ဖြစ် သလို ကြီးမား တဲ့ လိဂ် ပြိုင်ပွဲ တစ်ခု ပါပဲ ။ အီတလီ မြေမှာ ကစား ခွင့် ကို အင်္ဂလိပ် ကစားသမား တွေ ရရှိ တာ နည်းပါး ပါတယ် ။ သူဟာ ပိုပြီး သန်မာ ကြံ့ခိုင်စွာ ပြန်လာ နိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar