မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ ထွက်ခွာ ဖို့ လိုအပ် နေခဲ့ပြီ ဖြစ်တဲ့ အတွက် သူ့ကို အငှား ကစား ခွင့် ပေးခဲ့ လိုက်တာ ဖြစ် ကြောင်း ဆောက်သမ်တန် နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( အလက်ဆစ် ) ဟာ အင်တာ အတွက် ကောင်းမွန် တဲ့ အရာ တွေကို ယူဆောင် လာနိုင် ပါ လိမ့်မယ် ။ ကျွန်တော် တို့ အတွက် ကတော့ ဆုံးဖြတ်ချက် တစ်ခု ချမှတ် ဖို့ လိုအပ် နေခဲ့ တယ်လေ ။ ကျွန်တော် ကတော့ ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ဟာ တိုက်စစ် ကစားသမား တာဝန် ကို ယူနိုင် ကြ လိမ့်မယ် လို့ ယုံကြည် ပါတယ် ”

” ကျွန်တော် တို့ တွေဟာ တောင်ပံ တိုက်စစ် ကစားသမား နေရာ အတွက် မှာ တာဟစ် ချောင် ၊ ဒန်နီယယ် ဂျိမ်းစ် နဲ့ အန်းဒရိစ် ပါရဲရား တို့ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ကျွန်တော် တို့မှာ ရွေးချယ် ပိုင်ခွင့် တွေ များစွာ ရှိနေ ပါတယ် ။ ကျွန်တော့် အတွက် ကတော့ အခု အချိန် ဟာ ကောင်လေး တွေ အတွက် တာဝန် ယူမှု နဲ့ ဖိအား တွေကို ခံစား ရမယ့် အချိန် လို့ တွေးတော နေ ပါတယ် ”

” ကျွန်တော် ဟာ အသင်း ရဲ့ ကြံ့ခိုင်ရေး အဖွဲ့ ၊ ဆေး အဖွဲ့ တွေနဲ့ ရာသီ ကြို တုန်းက အထူး ကြိုးစား လေ့ကျင့် ခဲ့မှု တွေ အပေါ် လည်း ယုံကြည် ပါတယ် ။ ကျွန်တော် တို့ တွေဟာ ရုပ်ပိုင် နဲ့ စိတ်ပိုင်း ဆိုင်ရာ တွေမှာ ပိုပြီး အဆင်သင့် ဖြစ်နေ ကြ ပါပြီ ။ ဒါဟာ အသင်း ရဲ့ လူငယ် ကစားသမား လေးတွေ အတွက် နောက် တစ်ဆင့် တက်လှမ်း ခွင့် ရရှိ ခြင်း ပါပဲ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

လက်ရှိ အချိန် ယူနိုက်တက် ရဲ့ တိုက်စစ် အတွက် ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့သာ ရှိနေ ကြ ပါတယ် ။ ဂရင်းဝုဒ် ကတော့ အသက် 17 နှစ်သာ ရှိနေ သေးပြီး အတွေ့ အကြုံ နည်းပါး ပေမယ့် အနာဂတ် ကောင်းမွန် မယ့် အလား အလာ တွေ ပိုင်ဆိုင် နေတာ ကြောင့် ပွဲ ကစား ခွင့်တွေ ရရှိ နေခဲ့ ပါတယ် ။

” မာဆွန် ( ဂရင်းဝုဒ် ) ဟာ သူ့ရဲ့ အသက် အရွယ် ကြောင့် ပွဲ ကစား ခွင့်တွေ နည်းပါး သွားမှာ မဟုတ် ပါဘူး ။ သူဟာ အပါတ်စဉ် ပွဲ ကစား ခွင့် ရရှိ ထားခဲ့ သူပါ ။ သူဟာ အခု စီနီယာ အသင်း မှာ လေ့လာ သင်ယူ ခွင့်တွေ ရရှိ နေ ပါပြီ ။ သူဟာ ပွဲတိုင်း ပါဝင် နိုင်ဖို့ တော့ မသေချာ ပါဘူး ။ သူဟာ လက်ရှိ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ နောက်မှာ အရံသင့် ရှိနေတဲ့ သူပါ ” လို့ ဆိုးလ်ရှား က ဂရင်းဝုဒ် နဲ့ ပတ်သက် လို့ ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက ဒဏ်ရာ ပြသနာ ကြုံတွေ့ နေ ရတဲ့ အန်သိုနီ မာရှယ် နဲ့ လုခ်ရှော တို့ရဲ့ အနေအထား အကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ လက်ရှိ အနေအထား အရ သူတို့ နှစ်ဦး ဟာ ဆောက်သမ်တန် နဲ့ ကစား ရမယ့် ပွဲကို ပါဝင် ကစား နိုင်ခြေ မရှိ ကြဘူး လို့ သိရှိ ရ ပါတယ် ။

” သူတို့ တွေဟာ လေ့ကျင့်ရေး ကို ကောင်းမွန်စွာ လုပ်ဆောင် နေကြ ပါတယ် ။ ဒါပေမယ့် သူတို့ နှစ်ယောက် လုံး ဆောက်သမ်တန် နဲ့ ပွဲမှာ ပါဝင် နိုင်ကြ မှာ မဟုတ် ပါဘူး ။ နိုင်ငံတကာ ပွဲစဉ် တွေ ပြီးဆုံး သွားတဲ့ အခါ မှာ မာရှယ် ဟာ လက်စတာ နဲ့ ပွဲကို ကစား ဖို့ ပါဝင် နိုင်ပါ လိမ့်မယ် ။ လုခ် ကတော့ နောက် တစ်ပါတ် ၊ ဒါမှမဟုတ် နှစ်ပါတ် လောက်မှ ပါဝင် နိုင်ပါ လိမ့်မယ် ”

” သူတို့ နှစ်ဦး လုံးဟာ ပဲလေ့စ် နဲ့ ပွဲမှာ အသေးစား ဒဏ်ရာ ရရှိ ထားခဲ့ ကြတာ ပါ ။ ဒါပေမယ့် ကြားထဲ မှာ နိုင်ငံတကာ ပွဲစဉ် တွေ ဝင်လာခြင်း က အပေါင်း လက္ခဏာ ဆောင်တယ် လို့ ဆိုရ ပါ့မယ် ။ ဒီ အတွက် သူတို့ နှစ်ယောက် လုံးဟာ အသင်း ရဲ့ ပွဲစဉ် အများကြီး ကို လွဲချော် ကြတော့ မှာ မဟုတ် ဘူးလေ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar